နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ဟိုတယ်များမှ မန်နေဂျာ/ ကြီးကြပ်ရေးမှူးအဆင့်ရှိ ဝန်ထမ်းများအတွက် ခေါင်းဆောင်မှုနှင့် ဝန်ဆောင်မှုစွမ်းရည်မြှင့်တင်ရေးသင်တန်းနှင့် ဧည့်သည်စာရင်းအချက်အလက်စနစ်အသုံးပြုနည်းသင်တန်းများဖွင့်လှစ်
နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ဟိုတယ်များမှ မန်နေဂျာ/ ကြီးကြပ်ရေးမှူးအဆင့်ရှိ ဝန်ထမ်းများအတွက် ခေါင်းဆောင်မှုနှင့် ဝန်ဆောင်မှုစွမ်းရည်မြှင့်တင်ရေးသင်တန်းနှင့် ဧည့်သည်စာရင်းအချက်အလက်စနစ်အသုံးပြုနည်းသင်တန်းများဖွင့်လှစ်
Ministry of Hotel & Tourism/ နေပြည်တော် / February 05, 2026
နေပြည်တော် ဖေဖော်ဝါရီ ၄
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဟိုတယ်များမှ မန်နေဂျာ/ ကြီးကြပ်ရေးမှူး အဆင့်ရှိ ဝန်ထမ်းများအတွက် ခေါင်းဆောင်မှုနှင့် ဝန်ဆောင်မှုစွမ်းရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် Aureum Palace ဟိုတယ်၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်)မှ တာဝန် ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား သင်တန်းသူများ ပါဝင်တက်ရောက်ကြ သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ရှိ လိုင်စင်ရဟိုတယ်များမှ သင်တန်းတက်ရောက် ပြီးသည့် အရေအတွက်မှာ ၅၆ ဒသမ ၁၈ ရာခိုင်နှုန်း ရှိသည့်အတွက် ကျန်ရှိနေသော ဝန်ထမ်းများ လိုက်ပါတက်ရောက်စေရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ဟိုတယ်များမှ မန်နေဂျာ/ ကြီးကြပ်ရေးမှူး အဆင့်ရှိ ဝန်ထမ်းများအနေဖြင့် စီမံခန့်ခွဲမှုအပိုင်းတွင်သာမက ဝန်ထမ်းများနှင့် ဧည့်သည်များအကြား ဆက်သွယ်ဆက်ဆံရာတွင် ဦးဆောင်ဦးရွက်ပြုရသူများ ဖြစ်သဖြင့် ခေါင်းဆောင်မှုနှင့်ဝန်ဆောင်မှု စွမ်းရည်မြင့်မားနေစေရန် လိုအပ်ပါကြောင်း၊ ထို့အတွက် ယခု သင်တန်းကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ဒုတိယအကြိမ်အဖြစ် ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း၊ ဟိုတယ်သို့ လာရောက်တည်းခိုနေထိုင်ကြသည့် ဧည့်သည်များကို ဝန်ဆောင်မှု ကောင်းများပေးခြင်းဖြင့် ဧည့်သည်သစ်များကို ဆွဲဆောင်ရာတွင်လည်း အထောက်အပံ့ဖြစ်စေ ပါကြောင်း၊ ဟိုတယ်များမှ မန်နေဂျာ/ ကြီးကြပ်ရေးမှူး အဆင့်ရှိ ဝန်ထမ်းများအနေဖြင့် မိမိတို့ ဟိုတယ်၏ ဝန်ဆောင်မှုကောင်းမွန်ရေးနှင့် ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြစေလိုပါကြောင်း တိုက်တွန်းပြောကြားပြီး ဂုဏ်ပြု လက်ဆောင်များပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တုံဂပူရိဟိုတယ်၌ ကျင်းပပြုလုပ်သော အဆင့်မြှင့်တင်ထားသည့် ဧည့်သည်စာရင်းအချက်အလက်စနစ်ကို တာဝန်ယူဆောင်ရွက်မည့် ဟိုတယ်များမှ ဝန်ထမ်းများနှင့် ဆက်စပ်ဌာနများမှ အရာထမ်း၊ အမှုထမ်းများကို သင်ကြားသည့် စနစ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲသို့တက်ရောက်အမှာစကား ပြောကြားပြီး ဧည့်သည်စာရင်း အချက်အလက်စနစ် အသုံးပြုနည်းအား လက်တွေ့သင်ကြားပြသနေမှု အခြေအနေကို လေ့လာ ကြည့်ရှု၍ အားပေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်
Source From: Kyemon
Newspaper - 3432 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 03, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 02, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 01, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။
