နေပြည်တော်ရင်ပြင်၌ကျင်းပသည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် လုပ်ငန်း/စီးပွားချိတ်ဆက် (Business Matching) ပြခန်း ဆက်လက်ပါဝင်ပြသ
နေပြည်တော်ရင်ပြင်၌ကျင်းပသည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် လုပ်ငန်း/စီးပွားချိတ်ဆက် (Business Matching) ပြခန်း ဆက်လက်ပါဝင်ပြသ
Ministry of Information/ Naypyitaw / February 14, 2026
နေပြည်တော် ဖေဖော်ဝါရီ ၁၃
နေပြည်တော်ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်အထိကျင်းပသည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်၌ ပါဝင်ပြသလျက်ရှိသည့် လုပ်ငန်း/ စီးပွားချိတ်ဆက် (Business Matching) ပြခန်းတွင် တိုင်းဒေသကြီး/ ပြည်နယ်များမှ MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်များကို လုပ်ငန်းစတင် တည်ထောင်သည့်အချိန်မှစ၍ ပြည်တွင်းစျေးကွက်တွင် ရောင်းချခြင်း၊ ပြည်ပစျေးကွက်သို့ တင်ပို့ရောင်းချနိုင်သည်အထိ ချိတ်ဆက်နိုင်မည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ပြပွဲကာလအတွင်း MSME စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများဖြစ်သည့် ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်လက်မှတ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် FDA လက်မှတ်၊ မူပိုင်ခွင့် ဦးစီးဌာနတွင် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းနှင့် အခြားဦးစီးဌာနများ၌ တင်သွင်း/ တင်ပို့မှုဆိုင်ရာ ထောက်ခံချက်ကိစ္စရပ်များကို ရှင်းလင်းဆောင်ရွက်ပေးသည့် ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့၊ MSME စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဒေသထုတ်ကုန်များကို ပြည်တွင်းရှိ လက်လီ/ လက်ကားဆိုင်များဖြစ်သည့် MaKro ၊ City Mart ၊ One Stop Mart ၊ Aeon စသည်တို့တွင် ကုန်ပစ္စည်းများ ပြသရောင်းချနိုင်ရေးအတွက် ဆောင်ရွက်ပေးသည့် ပြည်တွင်းစျေးကွက်ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့၊ MSME စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းသစ်တစ်ခု စတင်တည်ထောင်ခြင်းနှင့် လုပ်ငန်းတိုးချဲ့ရေး ဆောင်ရွက်ရာတွင် လိုအပ်သည့် ဘဏ္ဍာငွေကြေးနှင့် ချေးငွေရရှိနိုင်ရေးတို့အတွက် ပြည်တွင်းရှိ Bank များဖြစ်သည့် ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ AYA ဘဏ်၊ SME Development ဘဏ်စသည့် ဘဏ်များနှင့်ချိတ်ဆက်ဆောင်ရွက်ပေးသည့် ရင်းနှီးမတည်ငွေ ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့၊ MSME စီးပွားရေးလုပ်ငန်းရှင်များ၏ ထုတ်ကုန်များ ပြည်ပစျေးကွက်ဝင်ရောက်နိုင်ရေးအတွက် နိုင်ငံပေါင်း ၁၂ နိုင်ငံတွင် တာဝန်ပေးစေလွှတ်ထားသည့် စီးပွားရေးသံမှူး ၁၆ ဦးတို့နှင့် ချိတ်ဆက်ဆောင်ရွက်ပေးသည့် ပြည်ပစျေးကွက်ချိတ်ဆက်ရေး လုပ်ငန်းအဖွဲ့တို့ဖြင့် ဝန်ဆောင်မှုများပေးလျက်ရှိသည်။
ပြပွဲ ဆဋ္ဌမမြောက်နေ့ရက်ဖြစ်သည့် ယနေ့တွင် ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှ MSME လုပ်ငန်းရှင် ၅၆ ဦး၊ ပြည်တွင်းစျေးကွက် ချိတ်ဆက်ရေး လုပ်ငန်းအဖွဲ့မှ လက်လီ/ လက်ကား ငါးဆိုင်နှင့်တွေ့ဆုံသည့် လုပ်ငန်းရှင် ၃၇ ဦး၊ ရင်းနှီး မတည်ငွေ ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှ ဘဏ်ကိုးခုနှင့်တွေ့ဆုံသည့် လုပ်ငန်းရှင် ၂၅ ဦး၊ ပြည်ပစျေး ကွက်ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှ လုပ်ငန်းရှင် ၁၁ ဦးတို့နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ လုပ်ငန်း/စီးပွားချိတ်ဆက် (Business Matching) ပြခန်းတွင် ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှ MSME လုပ်ငန်းရှင် စုစုပေါင်း ၄၅၄ ဦး၊ ပြည်တွင်းစျေးကွက် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှ လက်လီ/ လက်ကား စုစုပေါင်း ၁၂ ဆိုင်နှင့်တွေ့ဆုံသည့် လုပ်ငန်းရှင် စုစုပေါင်း ၃၀၅ ဦး၊ ရင်းနှီးမတည်ငွေ ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှ စုစုပေါင်းဘဏ် ၁၄ ခု နှင့်တွေ့ဆုံသည့် လုပ်ငန်းရှင် စုစုပေါင်း ၂၃၄ ဦး၊ ပြည်ပစျေးကွက် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှ စုစုပေါင်းလုပ်ငန်းရှင် ၈၂ ဦးတို့နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်
Newspaper - 3441 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 14, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 12, 2026
Publication Date: 2026
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 11, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 10, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 09, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 08, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 07, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
