နှစ်(၈၀)ပြည့်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ထန်းတပင်-ကော့လှိုက်-ဝင်းကျန်-ကရင်ဖာလင်-ထုံးအိုင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်
နှစ်(၈၀)ပြည့်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ထန်းတပင်-ကော့လှိုက်-ဝင်းကျန်-ကရင်ဖာလင်-ထုံးအိုင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / March 20, 2025
နှစ်(၈၀)ပြည့်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ထန်းတပင်-ကော့လှိုက်-ဝင်းကျန်-ကရင်ဖာလင်-ထုံးအိုင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်
ဘားအံ မတ် ၂၀
နှစ်(၈၀)ပြည့် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန၊ ဘားအံမြို့နယ်အတွင်း ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဘောနော်ထူးကုမ္ပဏီမှတာဝန်ယူဆောင်ရွက်သော ကျေးရွာ(၁၈)ရွာကို အကျိုးပြုစေနိုင်သည့် ထန်းတပင်-ကော့လှိုက်-ဝင်းကျန်-ကရင်ဖာလင်-ထုံးအိုင်လမ်း ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကို မတ်လ ၂၀ ရက်နေ့ နံနက် ၈ နာရီက ကော့လှိုက်ကျေးရွာရှိ အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
အဆိုပါ ကွန်ကရစ်လမ်းသစ်ကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းဖွင့်ပွဲတွင် ပါဝင်အားဖြည့် ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ကွန်ကရစ်လမ်းသစ်အားဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယနေ့ဖွင့်လှစ်သောလမ်းသည် စုစုပေါင်းလမ်းအရှည် (၆)မိုင်(၅)ဖာလုံရှိသည့်အနက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်အထိ ကွန်ကရစ်လမ်း (၅)မိုင်အဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ပြီး ယခုနှစ် ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ်တွင် မြေသား တာပေါင်ချဲ့ခြင်းလုပ်ငန်းအပါအဝင်(၁၄)ပေအကျယ်ကွန် ကရစ်လမ်း(၇)ဖာလုံ၊ ပေ(၂၀)ကွန်ကရစ်တံတားတစ်စင်း၊ (၁၀)ပေကွန်ကရစ်တံတားတစ်စင်းနှင့် Box Culvert (၂)စင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကာ လာမည့် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင်လည်း ကျန်ရှိသည့်လမ်းပိုင်း(၆)ဖာလုံကို ကွန်ကရစ်လမ်းအဖြစ်ဆောင်ရွက်ရန် လျားထားပြီး ဖြစ်သည်။
ထို့နောက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း၊တံတားများကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြစေလိုပြီး ရေရှည်တည်တံ့ ခိုင်မြဲအောင် အတူတကွပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီး ကျေးလက်နေပြည်သူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လမ်းသစ်ဖွင့်ပွဲ သို့တက်ရောက်လာသော ဒေသခံပြည်သူများအားရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ စိုက်ပျိုးစီးပွားဆိုင်ရာများ မေးမြန်းဆွေးနွေးကာ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက် တန်းကျောင်း၌ ကျောင်းသား၊ကျောင်းသူ ၄၁၂ ဦးက ဓာတုဗေဒဘာသာရပ်နှင့်ပထဝီဝင်ဘာသာရပ်များကို စိတ်အေး ချမ်းသာစွာဖြေဆိုနေမှုများအား လှည့်လည်ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးပူးပေါင်းဆောင်ရွက်ပေးကြရန်၊ စာမေးပွဲလုပ်ငန်းများ အနှောင့်အယှက်မဖြစ်စေရေးအထူးဂရုပြုဆောင်ရွက်ကြရန်၊ တာဝန်ဝတ္တရားများကိုကျေပွန်စွာဆောင်ရွက်၍ စာမေး ပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တက္ကသိုလ်ဝင်စာမေးပွဲကိုအောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအားမှာကြားခဲ့ပါသည်။
သတင်းစာများ - ၃၁၅၇ ခု

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download