ပညာရည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အထားအခြေပြု သုတေသနတွေ့ရှိချက်များဆိုင်ရာ ဆွေးနွေးပွဲကျင်းပ


Ministry of Information/ Naypyitaw / November 12, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၁

ပညာရည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အထားအခြေပြု သုတေသနတွေ့ရှိချက်များဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ဒုတိယပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူးများ၊ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခ (ဌာနမှူးများ)၊ ကျောင်းအုပ်ကြီးများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အထားအခြေပြု သုတေသနတွေ့ရှိချက်များ များစွာလိုအပ်ပါကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် ဦးစီးဌာနအသီးသီးမှ အရာထမ်းများက သုတေသနအခြေပြုဆုံးဖြတ်ချက်များ၏ အရေးပါမှုများကို သိရှိနားလည်ပြီး ပိုမိုမြှင့်တင်ဆောင်ရွက်ရန်နှင့် ဌာနဆိုင်ရာမူဝါဒလုပ်ငန်းစဉ်များတွင် သုတေသနတွေ့ရှိချက်များကို ထဲထဲဝင်ဝင် အသုံးပြုဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲမှတစ်ဆင့် ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေပြီး မိမိတွေ့ရှိချက်များကို အခြားဦးစီးဌာနများမှ တွေ့ရှိချက်များနှင့် မျှဝေနိုင်သည်ဖြစ်၍ အကြံပြုချက်များ များစွာရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးတွဲဖက်သင်ကြားနေသည့် အခြေခံပညာကျောင်းများတွင် စက်မှုနည်းပညာ၊ စိုက်ပျိုးရေးအတတ်ပညာနှင့် မွေးမြူရေးအတတ်ပညာဘာသာရပ်များကို သင်ယူနေသော ကျောင်းသား ကျောင်းသူများ၏ သင်ကြားသင်ယူမှုအပေါ် သဘောထားအမြင် သုတေသနရလဒ်အပေါ် ဆွေးနွေးခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက အခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ်အကောင်အထည်ဖော်မှုအခြေအနေကို ဆန်းစစ်လေ့လာသည့် သုတေသနရလဒ်အပေါ် ဆွေးနွေးခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက အခြေခံပညာကျောင်းများရှိ ကျောင်းသားများ၏ တန်းစဉ်ကူးပြောင်းနှုန်း (Transition Rate) လျော့နည်းရသည့် အကြောင်းရင်းကို လေ့လာဆန်းစစ်သည့် သုတေသနရလဒ်အပေါ် ဆွေးနွေးခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားကြရာ တက်ရောက်လာသူများက သိလိုသည်များ မေးမြန်းပြီး ဆွေးနွေးမှုများ ဆောင်ရွက်ကြသည်။

ထို့နောက် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်လတ်ထွန်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3347 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download