ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ
Ministry of Information/ Naypyitaw / January 21, 2026
နေပြည်တော် ဇန်နဝါရီ ၂၀
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုကော်မတီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် မှကိုယ်စားလှယ်၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဗီဒီယိုကွန်ဖရန့်စနစ်ဖြင့် တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် အပိုင်း (၂) တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကြေညာထားသည့် နေ့ရက်များအလိုက် အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပခဲ့ရာ မဲရုံများသို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များအနက် ဆန္ဒမဲလာရောက်ပေးခဲ့မှုမှာ ရွေးကောက်ပွဲအပိုင်း (၁) တွင် ၅၂ ဒသမ ၁၃ ရာခိုင်နှုန်းရှိခဲ့ပြီး ရွေးကောက်ပွဲ အပိုင်း (၂) တွင် ၅၅ ဒသမ ၉၅ ရာခိုင်နှုန်းအထိရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အကြမ်းဖက်သမားများက နှောင့်ယှက်ဟန့်တားဖျက်ဆီးသည့် အကြမ်းဖက်လုပ်ဆောင်ချက်များ ရှိခဲ့သော်လည်း မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ လွတ်လပ်သည့် သဘောဆန္ဒအလျောက် တက်တက်ကြွကြွ စည်းကမ်းရှိစွာ ဆန္ဒမဲများပေးခဲ့ကြသည်ကို တွေ့ရှိရကြောင်း။
ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပပြုလုပ်စဉ်က ကြုံတွေ့ခဲ့ရသည့်အားနည်းချက်များကို ပြန်လည်သုံးသပ်၍ ပိုမိုလုံခြုံစိတ်ချကောင်းမွန်သော လုံခြုံရေးဆိုင်ရာအစီအမံများအတိုင်း အင်အားဖြည့်တင်း၍ ဆောင်ရွက်ခဲ့ရာ ရွေးကောက်ပွဲအပိုင်း (၂) ကို ပိုမိုကောင်းမွန်စွာ ကျင်းပပေးနိုင်ခဲ့သဖြင့် ဆက်လက်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၃) ကိုလည်း မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာလုံခြုံမှုရှိစွာဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများအနေဖြင့် တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ လုံခြုံရေးစီမံချက်များအတိုင်း အင်အားဖြည့်တင်းပြီး ထိထိရောက်ရောက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ကြေညာထားသည့် စည်းကမ်းချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်စေရေး တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီအဆင့်ဆင့်မှ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်၍ ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျူးလွန်သူများအား ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်အထိ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” အရ အရေးယူဆောင်ရွက်မှု ၃၃၁ မှု တွင် တရားခံအမျိုးသား ၃၂၄ ဦး၊ အမျိုးသမီး ၈၀ စုစုပေါင်း ၄၀၄ ဦးရှိခဲ့ပြီး ဆက်လက်၍လည်း ရွေးကောက်ပွဲလုံခြုံရေးအား ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ ကျူးလွန်နေသူများအား စုံစမ်းဖော်ထုတ်အရေးယူခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရွေးကောက်ပွဲအပိုင်း (၃) တွင် ပါဝင်သည့် တိုင်းဒေသကြီး/ပြည်နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရွေးကောက်ပွဲ အပိုင်း (၃) အတွက် လုံခြုံရေးဆောင်ရွက်ထားရှိမှုအစီအမံများ၊ ရွေးကောက်ပွဲကျင်းပပြီးနောက် ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေးနှင့် လွှတ်တော်အသီးသီး ခေါ်ယူကျင်းပနိုင်ရေး လုံခြုံရေးအစီအမံများအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး ဗဟိုကော်မတီအဖွဲ့ဝင်များ၊ ဒုတိယဥက္ကဋ္ဌများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုယ်စားလှယ်များက ဖြည့်စွက် အကြံပြုဆွေးနွေးတင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3475 items
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 18, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
