ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ပညာသင်ထောက်ပံ့ခြင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ပညာသင်ထောက်ပံ့ခြင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်
Ministry of Transport and Communications/ Naypyitaw / August 11, 2025
နေပြည်တော်၊ ဩဂုတ် ၉
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်သင်ကြားလျက်ရှိသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသစ်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂)တွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအဖွဲ့အစည်းများမှ အကြီးအမှူးများ၊ ဆုရရှိသူ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၏ သားသမီးများအား ပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေးအတွက် အုတ်မြစ်ဖြစ်ကြောင်း၊ ပညာတတ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့်သာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နိုင်မည်ဖြစ်သည့်အတွက် အရည်အချင်းရှိသော ပညာတတ်များ ပေါ်ထွန်းလာရေး စဉ်ဆက်မပြတ် အားပေးမြှင့်တင်လျက်ရှိကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် အဆင့်အတန်းမြင့်မားသည့် ပညာရပ်များကို သင်ယူပြီး နိုင်ငံတော်အကျိုးကို သယ်ပိုးနိုင်သည့် အနာဂါတ်နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် လူငယ်များ ဖြစ်လာစေရေး ကြိုးစားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေကြသည့် ဝန်ထမ်းများ၏ သား၊ သမီးများအတွက် ကျောင်းသုံးစာရေးကိရိယာများ၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများကို ဆုများအသီးသီး ချီးမြှင့်ပေးအပ်သည်။ ယင်းနောက် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများကိုယ်စား ဆုရရှိသည့် ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး ဆုရရှိသူ ကျောင်းသား/ ကျောင်းသူများ၊ မိဘများနှင့်အတူ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယနေ့အခမ်းအနားတွင် အခြေခံပညာအဆင့် ဝန်ထမ်းသားသမီး ကျောင်းသား/ ကျောင်းသူ (၁၅,၇၂၅) ဦးအတွက် ကျောင်းသုံးစာရေး ကိရိယာနှင့် ဗလာစာအုပ်များ ထောက်ပံ့ခဲ့ပြီး၊ ဘာသာစုံဂုဏ်ထူးရှင် ၄ ဦး၊ (၅) ဘာသာ ဂုဏ်ထူးရှင် ၅ ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် ၁၁ ဦး၊ (၃) ဘာသာ ဂုဏ်ထူးရှင် ၄၃ ဦး၊ (၂) ဘာသာ ဂုဏ်ထူးရှင် ၃၄ ဦး၊ (၁) ဘာသာ ဂုဏ်ထူးရှင် ၆၄ ဦး အပါအဝင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သူ (၁၆၁)ဦးအား ဂုဏ်ပြုလွှာနှင့် ဆုငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
Newspaper - 3251 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက် ၊ သြဂုတ် ၁၁ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် ၊ သြဂုတ် ၁၀ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက် ၊ သြဂုတ် ၉ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ ၊ သြဂုတ် ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက် ၊ သြဂုတ် ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက် ၊ သြဂုတ် ၆ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် ၊ သြဂုတ် ၅ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် ၊ သြဂုတ် ၄ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ သြဂုတ် ၃ ရက်၊ တနင်္ဂနွေနေ့။
