ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည့် (၁၅၁) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အခမ်းအနားသို့ တက်ရောက်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည့် (၁၅၁) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အခမ်းအနားသို့ တက်ရောက်
Ministry of Transport and Communications/ Naypyitaw / October 10, 2025
နေပြည်တော်၊ အောက်တိုဘာ ၉
(၁၅၁) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့်အတူ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများ၊ ဧည့်သည်တော်များ၊ ဆုရလူငယ်များ တက်ရောက်ကြသည်။
အခမ်းအနားအစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် အခမ်းအနားသည် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (Universal Postal Union-UPU) ကို စတင်တည်ထောင်ခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုကျင်းပသည့် (၁၅၁) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့အခမ်းအနားဖြစ်ကြောင်း၊ ယခုနှစ် အခမ်းအနားအတွက် ဆောင်ပုဒ်ကို #POSTFORPEOPLE: Local Service. Global Reach. (ပြည်သူများအတွက် စာပို့တိုက် - ပြည်တွင်းဝန်ဆောင်မှုမှသည် ကမ္ဘာတစ်ဝန်းဆီ) ဟု ယူပီယူမှ ရွေးချယ်သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါဆောင်ပုဒ်သည် ပြည်သူလူထုအတွက် မြို့ပြမှ ကျေးလက်တောရွာမကျန် စာပို့တိုက်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်းမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ချိတ်ဆက်မှုအတွက်လည်း စာပို့တိုက်ဝန်ဆောင်မှုကဏ္ဍသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ထမ်းဆောင်နေသည်ကို ဖော်ပြထားခြင်းဖြစ်ကြောင်း၊ ပြည်သူများအပါအဝင် နိုင်ငံတော်နှင့် ကမ္ဘာတစ်ဝန်းလုံးအတွက် ဆက်လက်လုပ်ဆောင်သင့်သည့် မျှော်မှန်းလမ်းညွှန်ချက်တစ်ခုလည်းဖြစ်ကြောင်း၊ ယခုနှစ်ကမ္ဘာ့စာပို့တိုက်နေ့၏ ဆောင်ပုဒ်သည် မြန်မာ့စာတိုက်လုပ်ငန်း၏ ရည်မှန်းချက်ဖြစ်သည့် “လူတိုင်းအတွက် မြန်မာ့စာတိုက် (Myanmar Post for Everyone)” နှင့်လည်း ကိုက်ညီလျက်ရှိနေကြောင်း၊ ယူပီယူ၏ State of the Postal Sector 2024 အစီရင်ခံစာတွင် စာပို့တိုက်လုပ်ငန်းများအနေဖြင့် သမားရိုးကျ စာပို့တိုက်ဝန်ဆောင်မှုများအပေါ်တွင်သာ မှီခိုအားထားနေခြင်းမပြုဘဲ ဒစ်ဂျစ်တယ်နည်းပညာတွေကို အသုံးပြုဆောင်ရွက်၍ ခေတ်နဲ့လျော်ညီအောင် ပြုပြင်ပြောင်းလဲပြီး နိုင်ငံတကာဈေးကွက်သို့ အောင်မြင်စွာချိတ်ဆက်နိုင်မှသာ အနာဂတ်တွင် ကြံ့ကြံ့ခံနိုင်ပြီး ပြန်လည်ရှင်သန်ဦးမော့လာနိုင်မည်ဖြစ်ကြောင်းနှင့် မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် (၂၈) ကြိမ်မြောက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (ယူပီယူ) ကွန်ဂရက်မှ ချမှတ် ဆောင်ရွက်ခဲ့သည့် Development Strategy များ၊ သဘောတူညီချက်များနှင့် နိုင်ငံတကာမှ စာပို့တိုက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ နည်းပညာတိုးတက်မှုများကို စာပို့တိုက်ကဏ္ဍ ကြီးကြပ်ဆောင်ရွက်သူ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် စာပို့တိုက်ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူ၊ မြန်မာ့စာတိုက်လုပ်ငန်းတို့မှ မျက်ခြည်မပြတ် လေ့လာစောင့်ကြည့်၍ မိမိတို့နိုင်ငံ၏ စာပို့တိုက်ကဏ္ဍ ပြန်လည်ဦးမော့လာနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂဌာနချုပ် (UPU) ညွှန်ကြားရေးမှူးချုပ်ထံမှ ပေးပို့လာသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့သဝဏ်လွှာ Video Clip နှင့် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ် မှတ်တမ်း Video Clip များကိုပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ( ၅၄ ) ကြိမ်မြောက် အသက် ( ၁၅ ) နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) ၌ ပထမဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှ မဝင်းလဲ့ရွှေရည်၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှ မနှင်းအိရွှေရည်၊ တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်မှ မောင်ဇော်သူရနှင့် အထူးဆုရရှိသည့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှ မမိုးပြည့်စုံကြွယ်တို့ကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) အတွက် အကဲဖြတ်ပေးကြသော အကဲဖြတ်အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။
ထို့နောက် ( ၅၄ ) ကြိမ်မြောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲ ( ပြည်တွင်းအဆင့်) ဆုရရှိသူများကိုယ်စား ဒုတိယဆုရှင် မနှင်းအိရွှေရည်က ကျေးဇူးတင်စကားပြောကြားသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဆုရကျောင်းသား/ ကျောင်းသူများ၊ ၎င်းတို့၏မိဘအုပ်ထိန်းသူများ၊ အကဲဖြတ်အဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီးနောက် (၁၅၁)နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်ပြခန်းတွင် ခင်းကျင်းပြသထားသည့် စာပို့တိုက်လုပ်ငန်းများ ကာလအလိုက် အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခြင်းဆိုင်ရာ မှတ်တမ်းဓါတ်ပုံများ၊ စာအုပ်စာတမ်းများ၊ လုပ်ငန်းဆိုင်ရာပစ္စည်းများကို လှည့်လည် ကြည့်ရှုအားပေးကြကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
Newspaper - 3373 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့
Publisher: မြန်မာ့အလင်း/ December 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 29, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
