ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅) ကျင်းပ
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅) ကျင်းပ
Ministry of Home Affairs/ နေပြည်တော် / June 21, 2025
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅)ကို ၂၀၂၅ ခုနှစ်၊ ဇွန် ၁၉ ရက် မွန်းလွဲပိုင်းတွင် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ နယ်ဘက်လက်နက်ကိုင်ဆောင်မှုဆိုင်ရာ ကြီးကြပ်မှုကော်မတီမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် (၄/၂၀၂၅) ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ ယင်းဥပဒေပါပြဋ္ဌာန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးဗဟိုကော်မတီကို ၂၀၂၅ ခုနှစ်၊ မတ် ၂၄ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၅/၂၀၂၅) ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း။
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေ ပုဒ်မ ၆ ပုဒ်မခွဲ(က)၊ (ခ)တို့အရ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီများကို ၂၀၂၅ ခုနှစ်၊ မေ ၂၃ ရက်တွင် ဗဟိုကော်မတီက ဖွဲ့စည်းပေးပြီးဖြစ်ပါကြောင်း။
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးဗဟိုကော်မတီက ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၅ ပုဒ်မခွဲ(ခ)အရ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်လျှောက်ထားခြင်းဆိုင်ရာ ညွှန်ကြားချက်ကို ၂၀၂၅ ခုနှစ်၊ ဇွန် ၁၈ ရက်တွင် ဗဟိုကော်မတီ၏ အမိန့်ကြော်ငြာစာအမှတ် (၁၆/ ၂၀၂၅) ဖြင့် အတည်ပြု ထုတ်ပြန်ပြီးဖြစ်ပါကြောင်း။
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေတွင် အခန်း(၁)မှ (၁၃)ထိ ပါဝင်ပြီး ဥပဒေပုဒ်မ ၁ မှ ပုဒ်မ ၅၅ ထိ ပြဋ္ဌာန်းထားပါကြောင်း၊ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လိုသည့် ကုမ္ပဏီနှင့် လုပ်ငန်းရှင်များအနေဖြင့် လိုင်စင်လျှောက်ထားခြင်း၊ ခွင့်ပြုမိန့်လျှောက်ထားခြင်း၊ လိုင်စင်ရရှိသူ၏ တာဝန်နှင့် အခွင့်အရေးများ၊ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များ ပြည့်စုံစွာ သိရှိလိုက်နာဆောင်ရွက်ရန် ဖော်ပြထားသည့်အပြင် ဗဟိုကော်မတီမှ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၈ ရက်တွင် အမိန့်ကြော်ငြာစာအမှတ်(၁၆/၂၀၂၅) ဖြင့် ထုတ်ပြန်ထားသော လိုင်စင်နှင့် ခွင့်ပြုမိန့်လျှောက်ထားခြင်းဆိုင်ရာညွှန်ကြားချက်လျှောက်လွှာပုံစံများနှင့် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက် ၁ မှ ၅၉ ထိ ပြည့်စုံစွာ ဖော်ပြထားပါကြောင်း။
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လိုသည့် ကုမ္ပဏီများသည် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလိုင်စင်ကို ညွှန်ကြားချက်နှင့်အညီ သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်ဖြစ်ပါကြောင်း၊ ကိုယ်ပိုင်လုပ်ငန်းနှင့် လုပ်ငန်းခွဲများတွင် လုံခြုံရေးဝန်ထမ်း ၁၀ ဦး အထက် ခန့်ထားလိုသည့် လုပ်ငန်းရှင်များသည် ခွင့်ပြုမိန့်ကို သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီသို့ လျှောက်ထားရမည်ဖြစ်ပါကြောင်း။
ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ် ကွပ်ကဲရေးကော်မတီမှ လျှောက်လွှာများကို သတ်မှတ်ချက်များနှင့် ညီညွှတ်မှု ရှိ/မရှိ စိစစ်၍ ညီညွှတ်မှု ရှိသည့် လျှောက်လွှာများကို သဘောထားမှတ်ချက်နှင့်အတူ ဗဟိုကော်မတီသို့ တင်ပြရမည်ဖြစ်ပြီး ဗဟိုကော်မတီ၏ အစည်း အဝေးဆုံးဖြတ်ချက်အရ ကြီးကြပ်ကွပ်ကဲရေးကော်မတီများက လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်ကို လျှောက်ထားသူထံ ထုတ်ပေးရမည်ဖြစ်ပါကြောင်း။
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်မည့်ကုမ္ပဏီများအား နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူတို့၏ အေးချမ်းသာယာရေးကို အထောက်အကူ ပြုစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုများ ဖြစ်လာစေရန်အတွက် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးအဖွဲ့များက ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပုဂ္ဂလိကလုံခြုံရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးဗဟိုကော်မတီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များက ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြဆွေးနွေးခဲ့ကြပြီး ဗဟိုကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ရှင်းလင်းမှာကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။
Newspaper - 3468 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
