ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးနယ်မြေ၊ ဝမ်းဘဲအင်းကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယာဉ်တိုက်မှု
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးနယ်မြေ၊ ဝမ်းဘဲအင်းကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယာဉ်တိုက်မှု
Ministry of Home Affairs/ Nay Pyi Taw / March 19, 2025
၂၀၂၅ ခုနှစ်၊ မတ် ၁၈ ရက် နံနက် ၈ နာရီ ၅၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးနယ်မြေ၊ ဝမ်းဘဲအင်းကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ပဲခူးမှ ဒိုက်ဦးသို့ ယာဉ်မောင်း ဦးသိန်းဇော် မောင်းနှင်လာသော ယာဉ်အမှတ် YGN-22/ 8E-XXXX TOWNACE အမျိုးအစား အဖြူရောင် မော်တော်ယာဉ်သည် ဒေးစွန်ပါဘုရားသို့ ကွေ့ဝင်စဉ် ပဲခူးမှ ဒိုက်ဦးသို့ ယာဉ်မောင်း ဦးအောင်ကိုမင်း မောင်းနှင်လာသော MDY-18/ 5S-XXXX ဒေါင်ဖန်း ဆီဘောက်ဆာယာဉ်နှင့် တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီ ၅၅ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် TOWNACE အဖြူရောင် မော်တော်ယာဉ်၏ ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်ပါ အမျိုးသား နှစ်ဦး(သေဆုံး)၊ အမျိုးသမီး ခြောက်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ပဲခူးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ဒေါင်ဖန်း ဆီဘောက်ဆာယာဉ်မောင်း ဦးအောင်ကိုမင်းအား ယာဉ်(ပ)၇/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇ဖြင့် ဘုရာကြီးနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper - 3415 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
