ပြည်တွင်းအားကိုခိုင်မာစွာတည်ဆောက် အမျိုးသားအကျိုးစီးပွားဖော်ဆောင်


Ministry of Information/ Naypyitaw / April 02, 2026
image_latest


မျက်မှောက်ကာလ၌ မြန်မာနိုင်ငံသည် ပြည်သူများ လိုလားချက်နှင့်အညီ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းဟူသည့် လောကပါလတရားများထွန်းကားရာ ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့်နိုင်ငံအဖြစ် လျှောက်လှမ်းနေသည့် အချိန်အခါဖြစ်သည်။ ဒီမိုကရေစီနိုင်ငံထူထောင်ရာတွင် နိုင်ငံသားအားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်း၊ စည်းကမ်းရှိခြင်း၊ တရားဥပဒေကို လေးစားလိုက်နာခြင်းနှင့် အသိဉာဏ်ပညာပြည့်ဝခြင်းတို့သည် မရှိမဖြစ်လိုအပ်ပါသည်။

လက်ရှိကာလတွင် လွှတ်တော်၊ အစိုးရသစ်နှင့်အတူ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို ပုံဖော်တည်ဆောက်တော့မည်ဖြစ်သည်။ ဒီမိုကရေစီဖက်ဒရယ် တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ လူမှုသဟဇာတဖြစ်ရေးနှင့် စီးပွားရေးပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တစ်ပြိုင်နက်တည်း ဖြေရှင်းဆောင်ရွက်သွားရမည့် ရေရှည်လုပ်ငန်းစဉ်ဖြစ်သည်။ ပြောင်းလဲလာသော နိုင်ငံတကာအခြေအနေများတွင် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကိုဖော်ဆောင်ရာ၌ ကမ္ဘာလုံးဆိုင်ရာအကျိုးစီးပွားနှင့် ချိန်ညှိဆောင်ရွက်တတ်ရန်လည်း အရေးကြီးပါသည်။ နိုင်ငံအနာဂတ်အတွက် မျိုးဆက်သစ်အင်အားများဖြစ်သည့် လူငယ်လူရွယ်အင်အားများဖြင့် နိုင်ငံသစ်ကို တည်ဆောက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်၏ လုပ်ငန်းစဉ်များ အချိန်တိုအတွင်း ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံမှ အသိပညာရှင်၊ အတတ်ပညာရှင်၊ တိုင်းရင်းသားပြည်သူများက ပေါ်ထွက်လာမည့် နိုင်ငံတော်အစိုးရသစ်နှင့်အတူ စည်းလုံးညီညွတ်စွာဖြင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် အဓိကကျပြီး အခြေခံလိုအပ်ချက်များဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ကုန်ထုတ်လုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်ရာ၌ အခြေခံအကျဆုံးဖြစ်သည့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ တိုးတက်အောင်မြင်မှုရရှိအောင် မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်သည်။

ပြောင်းလဲနေသည့် ကမ္ဘာ့အခင်းအကျင်းသစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေဖြင့် စိန်ခေါ်မှုများစွာရှိသကဲ့သို့ တစ်ပြိုင်တည်းတွင် အခွင့်အလမ်းများစွာရှိနေသည်ကို သတိပြုရမည်ဖြစ်သည်။ နိုင်ငံ၏အဓိကအင်အားများဖြစ်သည့် လူငယ်လူရွယ်များအပါအဝင် နိုင်ငံသားအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအားဖြင့် အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ အမျိုးသားအကျိုးစီးပွားသည် နိုင်ငံတစ်နိုင်ငံ၏ရပ်တည်မှု၊ အချုပ်အခြာအာဏာ၊ လုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အခြေခံအကျဆုံး ရည်မှန်းချက်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို အကောင်အထည်ဖော်ရာ၌ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးသည် ထာဝရအကျိုးစီးပွားဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတို့သည် အဓိကအကျိုးစီးပွားများဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လိုက်ပါစီးမျောကာ အကျိုးရှိစွာဆောင်ရွက်ကြရမည်ဖြစ်သလို ကမ္ဘာ့အခင်းအကျင်းသစ်တွင် အင်အားကြီးနိုင်ငံများ၏ အသုံးချခံအင်အားပြိုင်ဆိုင်သည့်နေရာအဖြစ် မကျရောက်စေရေးအတွက် နိုင်ငံ့ခေါင်းဆောင်များနှင့်အတူ လူငယ်လူရွယ်များအပါအဝင် ပြည်သူအားလုံးတို့က အမြော်အမြင်ရှိရှိ၊ သတိကြီးစွာထား၍ လိမ္မာပါးနပ်စွာဖြင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲ လိုက်ပါဆောင်ရွက်ကြရမည်ဖြစ်သည်။

အမျိုးသားအကျိုးစီးပွားသည် နိုင်ငံတော်၏ မဟာဗျူဟာမြောက် ရည်မှန်းချက်ပန်းတိုင်များကို ဖော်ဆောင်ပေးနေခြင်းဖြစ်ပြီး အဆိုပါရည်မှန်းချက်ပန်းတိုင်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အမျိုးသားကာကွယ်ရေးစွမ်းအားသည် အဓိကဒေါက်တိုင်သဖွယ်ဖြစ်သည်။ အမျိုးသားကာကွယ်ရေးစွမ်းအားကို ခိုင်မာအားကောင်းအောင် တည်ဆောက်ထားနိုင်ခြင်းဖြင့် နိုင်ငံ့စွမ်းအားကိုမြှင့်တင်ပြီး အမျိုးသားအကျိုးစီးပွားကို ထိရောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အနာဂတ်အင်အားများဖြစ်သည့် လူငယ်လူရွယ်များကို ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စများမြှင့်တင်ကာ ဘက်စုံထူးချွန်ထက်မြက်သည့် လူတော်လူကောင်းများဖြစ်အောင် ပြုစုပျိုးထောင်ပေးရန်လိုအပ်ပါသည်။ လူငယ်လူရွယ်များ စာရိတ္တကောင်းမွန်စေရေး၊ တိုင်းချစ်၊ ပြည်ချစ်စိတ်များရှိပြီး နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လိုစိတ်နှင့် တိုင်းပြည်ဂုဏ်ကို မြှင့်တင်လိုစိတ်များ ဖြစ်ပေါ်လာအောင် စနစ်တကျ ပျိုးထောင်ပေးရန် လိုအပ်မည်ဖြစ်သည်။

သို့ဖြစ်ရာ အနာဂတ်ဒီမိုကရေစီနိုင်ငံတော်သစ်တွင် နိုင်ငံတော်အစိုးရသစ်၏ ဦးဆောင်မှုအောက်၌ လူငယ်လူရွယ်များအပါအဝင် တိုင်းရင်းသားပြည်သူအားလုံးအနေဖြင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် မြှင့်တင်ဖော်ဆောင်ပြီး နိုင်ငံတကာအလယ်တွင် တင့်တယ်ဝင့်ကြွားသည့် နိုင်ငံသစ်ဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။  ။

Newspaper - 3488 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download