ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ပြည်သူ့အတွက် ပထမရက် (၁၀၀) တွင်ပါဝင်သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒု-စာရင်းစစ်မှူးနှင့် လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းခွင်ဝင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ပြည်သူ့အတွက် ပထမရက် (၁၀၀) တွင်ပါဝင်သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒု-စာရင်းစစ်မှူးနှင့် လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းခွင်ဝင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း
Office of the Auditor General of the Union/ NPT / May 29, 2026
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်တွင် ဖွင့်လှစ်သည့် ဒု-စာရင်းစစ်မှူးနှင့်လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းခွင်ဝင် ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးက အမှာစကားပြောကြား ရာ၌ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်သည် အရေးပါသည့် အခြေခံ အကြောင်းတစ်ရပ်ဖြစ်ပါကြောင်း၊ အသိပညာပြည့်ဝပြီး ကျွမ်းကျင်မှုရှိသော ဝန်ထမ်းကောင်းများ ရှိမှသာ နိုင်ငံနှင့်ပြည်သူအတွက် ထိရောက်ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ ယခုသင်တန်းသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး စနစ်တကျလေ့ကျင့်သင်ကြားပေးသည့် အရည်အသွေးပြည့်ဝကောင်း မွန်သောလုပ်ငန်းခွင်အဖြစ် ဖန်တီးပေးနိုင်စေသည့်ပြည်သူ့အတွက် ပထမရက်(၁၀၀)အတွင်း ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်ရွက်မှုတစ်ခု ဖြစ်ကြောင်း၊ ဒု-စာရင်းစစ်မှူးနှင့် လက်ထောက်စာရင်းစစ်မှူးများသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အခြေခံအင်အားစုများဖြစ်သည်နှင့်အညီ ဝန်ထမ်းလုပ်ပိုင်ခွင့်နှင့်တာဝန်များ၊ လိုက်နာရမည့် ကျင့်ဝတ်သိက္ခာနှင့်စည်းကမ်းများ၊ ဘဏ္ဍာရေးစည်းမျဉ်းများနှင့် ရုံးလုပ်ထုံးလုပ်နည်းများကို သိရှိရမည့်အပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ ဆောင်ရွက်ရသည့်လုပ်ငန်းနှင့် တာဝန်ရှိမှုများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ဦးစီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကိုသိရှိရန်လိုအပ်ပါသဖြင့် ယခုသင်တန်းတွင် အဆိုပါ သိရှိသင့်သည့်အချက်များကို ထည့်သွင်း သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းမှတစ်ဆင့် ရုံးလုပ်ငန်းဆိုင်ရာ အသိပညာများ ပိုမိုသိရှိနားလည်စေရေး၊ လုပ်ငန်းခွင်အတွင်း စွမ်းဆောင်ရည်မြင့်မားစေရေး၊ စည်းကမ်းလိုက်နာမှုနှင့် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး၊ ရိုးသား ဖြောင့်မတ်စွာဆောင်ရွက်နိုင်စေရေးနှင့် လုပ်ငန်းခွင်အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန် လာစေရေးတို့ကိုရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ခိုင်မာသော စိတ်ဓာတ်တို့ဖြင့် တက်ရောက်ကြရန် မှာကြားလိုပါကြောင်း၊ မိမိတို့ရုံးအတွက် အားကိုးအားထားပြုနိုင်သော ထူးချွန်ထက်မြက်သည့် ဝန်ထမ်းကောင်းများ ဖြစ်စေရန်၊ အဖွဲ့အစည်းအပေါ်သစ္စာရှိစွာဖြင့် မိမိတို့၏ အရည်အသွေးများ တိုးတက်အောင်မြင် လိုသောဆန္ဒဖြင့် ကြိုးစားကြရန်တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ် သင်တန်း ကျောင်း၊ နေပြည်တော်သင်တန်းကျောင်း တာဝန်ခံက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် ဒု-စာရင်းစစ်မှူး (၂၈) ဦး နှင့် လက်ထောက်စာရင်းစစ်မှူး (၁၄) ဦး တက်ရောက်မည်ဖြစ်ပြီး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်တွင် ၂၀၂၆ ခုနှစ် မေလ ၂၅ ရက်နေ့မှ ဇွန်လ ၂၂ ရက်နေ့အထိ ရက်သတ္တပတ် (၄) ပတ်ခန့်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။
အလားတူ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ရက် (၁၀၀) စီမံချက်ပါ အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းအရည်အသွေးနှင့် ဘဏ္ဍာငွေသုံးစွဲမှု မှန်ကန် ထိရောက်စွာ သုံးစွဲနိုင်ရေး၊ စံချိန်စံညွှန်းလိုက်နာမှုကို တိုးတက်စေရေးတို့အတွက် ရည်ရွယ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မန္တလေးတိုင်းဒေသကြီးစာရင်း စစ်ချုပ်ရုံးတို့ ပူးပေါင်းဆောင်ရွက်သည့် စစ်ဆေးရေးလုပ်ငန်းသုံး အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အသိပညာဆွေးနွေးပွဲကို တက်ရောက်အမှာစကားပြောကြားခဲ့သည်။
သင်တန်းဖွင့်ပွဲနှင့် ဆွေးနွေးပွဲအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက နဝရတ်ခန်းမတွင်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များက Online ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။
Newspaper - 3540 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
