ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးအသီးသီးမှ ရေဘေးသင့်ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများကို ထောက်ပံ့ပေးအပ်ခြင်း


Office of the Auditor General of the Union/ NPT / October 07, 2024


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးအသီးသီးမှ ရေဘေးသင့်ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများကို ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ၄-၁၀-၂၀၂၄ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီ တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးမှ တရုတ်နိုင်ငံ၌ တိုက်ခတ်ခဲ့သည့် ရာဂီမုန်တိုင်း၏ ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံတွင် မိုးသည်း ထန်စွာရွာသွန်းမှုများဖြစ်ခဲ့ပြီး ရေကြီး ရေလျှံမှု၊ မြေပြိုမှုများဖြစ်ပေါ်ခဲ့ပါကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးများ၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်းရှိ စာရင်းစစ်ရုံးများမှ ဝန်ထမ်း (၆၁) ဦးနှင့် နေပြည်တော်ကောင်စီနယ်မြေနှင့် ရှမ်းပြည်နယ်တို့မှ အငြိမ်းစားဝန်ထမ်း (၄) ဦး၊ စုစုပေါင်း(၆၅) ဦး ထိခိုက်နစ်နာဆုံးရှုံးခဲ့ရမှုများ ခံစားခဲ့ရပါကြောင်း၊ ထို့အပြင် မိုးဦးစတွင် ကချင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်း (၂၇) ဦးသည်လည်း ရေကြီးမှုကြောင့် နစ်နာဆုံးရှုံးမှုများရှိခဲ့ပါကြောင်း၊ အဆိုပါဝန်ထမ်းများ၏ ထိခိုက်ဆုံးရှုံးမှုများကို တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးလိုသည့်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ် ရုံးများနှင့် ခရိုင်/မြို့နယ်စာရင်းစစ်ရုံးမှဝန်ထမ်းများ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၊ စာရင်းစစ်ချုပ်ရုံးဝန်ထမ်းဟောင်းများအသင်းနှင့် စီးပွားရေးတက္ကသိုလ်ကျောင်းသူ/ကျောင်းသားဟောင်းများ က စုပေါင်းလှူဒါန်းခဲ့ကြသည့် လှူဒါန်းငွေများမှ ယနေ့တွင် ဝန်ထမ်းများနှင့်အငြိမ်းစားဝန်ထမ်း မိသားစုများ ၏ရေဘေးသင့်ခံရမှု၊ ဆုံးရှုံးခဲ့မှုအနည်းအများပေါ်မူတည်ပြီး ငွေကျပ် ၂၈၂ သိန်းကို ထောက်ပံ့ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ စုပေါင်းလှူဒါန်းပေးမှုများကိုလည်း များစွာကျေးဇူးတင်ပါကြောင်း၊ ရေဘေးသင့်မှုအချိန်အခါအရ လှူဒါန်းခြင်းသည် ကာလဒါနမြောက်ပါကြောင်း၊ ဆက်လက်ပြီး လိုအပ်သည့်နေရာဒေသများတွင်လည်း လှူဒါန်းပေးသွားမှာဖြစ်ပါကြောင်း၊ ရေဘေးသင့်ဝန်ထမ်းများအနေနှင့်လည်း စိတ်ဓာတ်ကျအားငယ်ခြင်းမရှိဘဲ ပြန်လည်ကြိုးစားတည်ဆောက်ကြရန် မှာကြားလိုပါကြောင်း၊ ယခုလှူဒါန်းမှုသည် ပျက်စီးဆုံးရှုံးမှုများကို မကာမိသော်လည်း အထိုက်အလျောက် အထောက်အပံ့ဖြစ်လိမ်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများမှ ရေဘေးသင့်ဝန်ထမ်းများအား ဆုံးရှုံးမှုအလိုက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေဘေးသင့်ဝန်ထမ်းများကိုယ်စား ဝန်ထမ်းတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းမှ တာဝန်ရှိသူများ၊ စာရင်းစစ်ချုပ်ရုံးဝန်ထမ်းဟောင်းများ အသင်းဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးအသီးသီးမှ ညွှန်ကြားရေးမှူးများနှင့်ဝန်ထမ်းများ မှ Online ဖြင့် တက်ရောက်ခဲ့ကြသည်။

Newspaper - 3353 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 14, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 13, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download