ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ဝန်ထမ်းသားသမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနား
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ဝန်ထမ်းသားသမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနား
Office of the Auditor General of the Union/ NPT / September 17, 2025
သတင်းထုတ်ပြန်ချက်
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဝန်ထမ်းသက်သာချောင်ချိရေးကော်မတီ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ဝန်ထမ်းသားသမီးများအား ပညာရည် ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယ စာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ရုံးချုပ်နှင့် ပြည် ထောင်စုနယ်မြေမှ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများက နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမမှလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးများမှ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများက Online မှ လည်းကောင်း တက်ရောက်ကြခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက နိုင်ငံတော်၏ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေး၏ အခြေခံအုတ်မြစ်ဖြစ်ပြီး အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များ၏ စွမ်းအားဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်နိုင်မည် ဖြစ်သဖြင့် ပညာရေးကို အားပေးမြှင့်တင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ ချီးမြှင့်ဂုဏ်ပြုခြင်းဖြစ်ပါ ကြောင်း၊ အနာဂတ်နိုင်ငံတော်၏ ပုခုံးပြောင်းတာဝန်များကို လက်ဆင့်ကမ်းရယူကြမည့် မျိုးဆက်သစ်များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုခြင်းလည်း ဖြစ်ပါကြောင်း၊ ပညာ သည်သာလျှင် စစ်မှန်သည့်တန်ဖိုးဖြစ်သည့်အတွက် ကျောင်းသား/ ကျောင်းသူများအနေဖြင့် နောင်တစ်ချိန်တွင် မိမိအတွက် ၊ မိသားစုအတွက် ၊ လူမျိုးအတွက် ၊ နိုင်ငံအတွက် အကျိုးပြု နိုင်ပြီး ထူးချွန်ထက်မြက်သည့် ပညာတတ်ကြီးများဖြစ်အောင် ဆက်လက်ကြိုးစားအားထုတ် သွားကြရန် လိုအပ်ပါကြောင်း၊ “ယနေ့လူငယ်၊ နောင်၀ယ်လူကြီး” ဆိုရိုး စကားအတိုင်း နိုင်ငံ့ တာ၀န်ကို တစ်ထောင့်တစ်နေရာမှ ထမ်းဆောင်ကြမည်သူများဖြစ်ရာ ဘက်စုံထူးချွန်သည့် လူတော်လူကောင်းများဖြစ်စေရေး၊ နောင်အနာဂတ်တွင်လည်း အမိနိုင်ငံတော်၏ ဂုဏ်ကို ဆောင်နိုင်မည့် သားကောင်း၊ သမီးကောင်းများဖြစ်စေရေး ဆက်လက်အားထုတ် ကြိုးစားကြ စေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ထူးချွန်ဝန်ထမ်းသားသမီးများဖြစ်သည့် ငါးဘာသာဂုဏ်ထူးရှင် (၁) ဦး ၊ လေးဘာသာဂုဏ်ထူးရှင် (၁) ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၆) ဦး ၊ နှစ်ဘာသာဂုဏ်ထူးရှင် (၈) ဦး ၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၆) ဦး စုစုပေါင်းဂုဏ်ထူးရရှိသူ(၃၂)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၃၉) ဉီးတို့အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ရာ တက်ရောက် လာသည့် ကျောင်းသားကျောင်းသူများနှင့် Online မှ တက်ရောက်သည့် ကျောင်းသား ကျောင်းသူများ ကိုယ်စားမိဘများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံကြခဲ့သည်။
ထို့နောက် ဆုရကျောင်းသားကျောင်းသူများကိုယ်စား ငါးဘာသာဂုဏ်ထူးရှင် (၁)ဦးနှင့် လေးဘာသာဂုဏ်ထူးရှင် (၁)ဦးတို့မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားတွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် ဒေသစာရင်းစစ်ရုံးများမှ ဝန်ထမ်းသားသမီးများဖြစ်သည့် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့်အောင်မြင်သူ (၃၂) ဦးနှင့် ရိုးရိုးအောင်မြင်သူ (၃၉) ဦးတို့ အား ဂုဏ်ပြုနေ့လည်စာဖြင့် ရင်းရင်းနှီးနှီး တည်ခင်းဧည့်ခံခဲ့ကြသည်။Newspaper - 3288 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 12, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 10, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download