ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့(ASEAN Supreme Audit Institutions -ASEANSAI) ၏ (၈) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့တက်ရောက်ခြင်း


Office of the Auditor General of the Union/ NPT / November 19, 2025


စင်ကာပူနိုင်ငံ၌ နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပသည့် အရှေ့တောင် အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEAN Supreme Audit Institutions -ASEANSAI) ၏ (၈) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

ထိပ်သီးအစည်းအဝေးတွင် စင်္ကာပူနိုင်ငံဝန်ကြီးချုပ်ရုံးဝန်ကြီး၊ဘဏ္ဍာရေးနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms.Indranee Rajah မှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ASEANSAI ကော်မတီအသီးသီး၏ ၂၀၂၅ ခုနှစ် နှစ်ပတ်လည် လုပ်ငန်း တိုးတက်မှုအစီရင်ခံစာ၊ ၂၀၂၆-၂၀၂၉ ခုနှစ် မဟာဗျူဟာစီမံချက်၊ ပြင်ဆင်ထားသော ASEANSAI စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ASEANSAI သင်တန်းပို့ချရေးမူဘောင် ၊ ၂၀၂၅-၂၀၂၇ ခုနှစ်အတွက် ASEANSAI ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ အတည်ပြုခန့်အပ်ခြင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအား ၂၀၂၄ ခုနှစ် နှင့် ၂၀၂၅ ခုနှစ်များအတွက် ASEANSAI ၏ ဘဏ္ဍာရေး ရှင်းတမ်းများ စစ်ဆေးမည့်စာရင်းစစ်အဖြစ် အတည်ပြုခန့်အပ်ခြင်း၊၂၀၂၆-၂၀၂၇ခုနှစ်အတွက် ကော်မတီ (၃) ရပ်တို့၏ ဥက္ကဋ္ဌများ အတည်ပြုခန့်အပ်ခြင်း၊ ASEANSAI‌ ကော်မတီများနှင့် အတွင်းရေးမှူးချုပ်တို့၏ ၂၀၂၆-၂၀၂၇ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ၊ ၂၀၂၆-၂၀၂၇ခုနှစ် ASEANSAIလုပ်ငန်းများအတွက်အဆိုပြုဘတ်ဂျက် များအတည်ပြုခြင်းနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစီရင် ခံစာအပေါ် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက အရှေ့ တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ ၂၀၂၄ ခုနှစ် နှင့် ၂၀၂၅ ခုနှစ် ဘဏ္ဍာရေးရှင်းတမ်းများစစ်ဆေးရန် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအား ခန့်အပ်မှုအတွက် ဝမ်းမြောက်မိပါကြောင်း၊ မိမိတို့ရုံးအနေဖြင့် ASEANSAI ၏ ၂၀၁၃ ခုနှစ် ဘဏ္ဍာရေးရှင်းတမ်း များကို စစ်ဆေးခဲ့သည့်အတွေ့အကြုံရှိပြီးဖြစ်ပါကြောင်း၊ နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများ လိုက်နာရမည့်စံများ(ISSAIs)နှင့် ASEANSAI Rules and Procedures တို့နှင့်အညီ စစ်ဆေးသွားမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအား စာရင်းစစ်ခန့်အပ် တာဝန်ပေးရန် ထောက်ခံပေးခဲ့သည့် အဖွဲ့ဝင်စာရင်းစစ်ချုပ်ရုံးများအားလုံးနှင့် ASEANSAI ၏ Good Governance and Sustainable Development တို့တွင် ပါဝင်ဆောင်ရွက် ခွင့်ပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိကြောင်းပြောကြားခဲ့သည်။

အဆိုပါထိပ်သီးအစည်းအဝေးသို့ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံး များအဖွဲ့၏ အတွင်းရေးမှူးချုပ်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စာရင်းစစ်ချုပ်များ ၊ သက်ဆိုင် ရာ အာဆီယံနိုင်ငံများ၏ သံအမတ်ကြီးများ၊ သံရုံးတာဝန်ခံများ၊ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင်ရွက်မှု ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြပြီး အစီအစဉ်တစ်ခုချင်းအလိုက်ဆွေးနွေးခဲ့ကြပြီး ASEANSAI အဖွဲ့ဝင်အားလုံးက အတည်ပြုဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အလားတူ ထိပ်သီးအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး နိုဝင်ဘာလ ၁၂ ရက်နေ့ကကျင်းပခဲ့သည့် နည်းပညာဆိုင်ရာကြိုတင်ညှိနှိုင်းသည့် အစည်းအဝေးသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်ဦးဆောင်သော အဖွဲ့ပါဝင်တက် ရောက်ခဲ့သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသ ကြီးစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ် ဆက်ခဲ့ကြသည်။

Newspaper - 3354 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 14, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 13, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download