ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့ပူးပေါင်း‌ဆောင်ရွက်သော အလုပ်သင်အစီအစဉ်အရ တတိယနှစ် ကျောင်းသား/ကျောင်းသူ အလုပ်သင်မောင်မယ်များအား အလုပ်သင်ပြီးမြောက်ကြောင်းအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်း


Office of the Auditor General of the Union/ NPT / December 04, 2025


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပညာရေးဝန်ကြီးဌာန တို့ပူးပေါင်းဆောင်ရွက်သည့် လက်တွေ့လုပ်ငန်းခွင်အလုပ်သင်‌ အစီအစဉ်အရ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ရန်ကုန် တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးတို့တွင် အလုပ်သင်ဆင်းသည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ B.Com၊ B.Act၊ BBA အထူးပြု တတိယနှစ်ကျောင်းသား/ကျောင်းသူ အလုပ်သင်မောင်မယ် များအား အလုပ်သင်ပြီးမြောက်ကြောင်းအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ : ၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ပတ္တမြားခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက လမ်းညွှန်အမှာ စကားပြောကြားရာတွင် အလုပ်သင်မောင်မယ်များအနေဖြင့် အလုပ်သင်ဆင်းသည့် ကာလ အတွင်းလုပ်ငန်းခွင်အတွေ့အကြုံရှိသူများထံမှ စာတွေ့နှင့်လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံ ကောင်းများနှင့် ဗဟုသုတများပေါင်းစပ်၍ လက်တွေ့သေချာစွာ လေ့လာဆည်းပူးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မိခင်တက္ကသိုလ်ကြီးသို့ ပြန်လည်ရောက်ရှိပြီး တက္ကသိုလ်ပညာရပ်များကို ဆက်လက်သင်ယူသည့်အခါတွင်လည်း လေ့လာခဲ့သည့် အတွေ့အကြုံကောင်းများနှင့် ပေါင်းစပ်၍ ကြိုးစားသင်ယူကြရန်၊ ပြောင်းလဲတိုးတက်နေသည့် စာရင်းပညာရပ်များကို စဉ်ဆက်မပြတ်လေ့လာဆည်းပူးကြရန်နှင့် စာရင်းပညာလောက ပိုမို တိုးတက်လာအောင် စာရင်းပညာရပ်ဆိုင်ရာ ဘွဲ့လွန်သင်တန်းများကို ဆက်လက်ကြိုးစား လေ့လာသင်ယူသွား ကြရန် တိုက်တွန်းလိုပါကြောင်း၊ စာတွေ့လက်တွေ့ အလုပ်သင်ဆင်းခဲ့သည့် ကာလအတွင်း အလုပ်သင်မောင်မယ်များမှ စည်းကမ်းတကျ စိတ်ပါဝင်စားစွာဖြင့် ဆွေးနွေးမေးမြန်း လေ့လာ သင်ယူခဲ့သည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ဘွဲ့ရရှိပြီးပါကလည်း လေ့လာသင်ယူ ခဲ့သည့် စာရင်းပညာရပ်များကို ပြန်လည်အသုံးချနိုင်သည့် အခွင့်အလမ်းကောင်းများစွာရှိ သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် တာဝန်ထမ်းဆောင်လိုပါက လှိုက်လှဲစွာ ကြိုဆို ပါကြောင်း၊ စာရင်းပညာရှင်လောကကို လက်ဆင့်ကမ်းတာဝန်ယူသွားမည့် မျိုးဆက်သစ်များ ဖြစ်သောကြောင့် လေ့လာသင်ယူခဲ့သည့် အသိပညာ၊ အတတ်ပညာများကို နိုင်ငံနှင့်ပြည်သူ့ အကျိုးအတွက် နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ကျရာအခန်းကဏ္ဍမှ သယ်ပိုးထမ်းဆောင် သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် လက်တွေ့လုပ်ငန်းခွင် အလုပ်သင်ဆင်းမောင်မယ်များ၏ စာတွေ့လက် တွေ့လေ့လာသင်ယူမှုမှတ်တမ်းများ Video Clip ကို ပြသခဲ့သည်။

ထို့နောက် ပြည်ထောာင်စုစာရင်းစစ်ချုပ်ရုံးနှင့်ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး တို့တွင် ၇-၁၁-၂၀၂၅ ရက်နေ့မှ ၂၈-၁၁-၂၀၂၅ ရက်နေ့ထိ အလုပ်သင်ဆင်းခဲ့သည့် ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ တတိယနှစ်ကျောင်းသား/ကျောင်းသူ ၂၈ အနက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတွင် အလုပ်သင်ဆင်းခဲ့သည့် ကျောင်းသား/ကျောင်းသူ (၄) ဦး အား ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးတွင် အလုပ်သင်ဆင်းခဲ့သည့် ကျောင်းသား/ ကျောင်းသူ (၂၄) ဦး အား ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာချိုက လည်းကောင်း အလုပ်သင်ပြီးမြောက်ကြောင်း အသိအမှတ်ပြု လက်မှတ်များကို အသီးသီး ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးများနှင့် တာဝန် ရှိသူများ၊ သင်တန်းကထိကများ တက်ရောက်ခဲ့ကြသည်။

Newspaper - 3458 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download