ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / May 21, 2026


     ၂၀၂၆ ခုနှစ်၊ မေ ၁၉ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ မေ ၁၉ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ တောင်သာကျေးရွာနေ ဒေါ်တုတ်(၅၄)နှစ်၏နေအိမ်၌ နှစ်လုံးထီ လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ပျဉ်းမနားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၎င်း၏နေအိမ်၌ တစ်ရွာတည်းနေ ဒေါ်သင်းသင်းမြတ်(၅၄)နှစ်နှင့်အတူ နှစ်လုံးထီ လောင်းကစားပြုလုပ်ရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများ နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ နှစ်ဦးအား ပျဉ်းမနားမြို့မရဲစခန်း (ပ)၁၅၂/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့် လည်းကောင်း။

     အလားတူ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်-အင်္ဂပူသွားကားလမ်း သံလမ်းကူးလမ်းဆုံ၌ အင်္ဂပူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သတင်းအရ စောင့်ဆိုင်းနေစဉ် ကွင်းကောက်မြို့မှ အင်္ဂပူမြို့ဘက်သို့ ကုန်းတောင်နီကျေးရွာနေ ကိုသက်ပိုင်စိုး(၃၃)နှစ် မောင်းနှင်ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်နေ မဆောင်းသဇင်နွယ်(ခ)ဆောင်းဦး(၂၂)နှစ် လိုက်ပါလာသည့် AYY-XXXX HONDA DREAM 125 ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ မဆောင်းသဇင်နွယ်(ခ)ဆောင်းဦး ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းအတွင်းမှ နှစ်လုံးထီဂဏန်းများနှင့် ငွေတန်ဖိုးများအား ရေးသားပေးပို့ထားသည်ကို တွေ့ရှိရသဖြင့် မဆောင်းသဇင်နွယ်(ခ)ဆောင်းဦး အား အင်္ဂပူမြို့မရဲစခန်း (ပ)၂၄/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့် လည်းကောင်း။

     ထို့အတူ မွန်းလွဲ ၂ နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၇) ရပ်ကွက်နေ ဒေါ်ခင်စိန်(ခ)ဒေါ်စိန်(၇၈)နှစ်၏ နေအိမ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ အေးသာယာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်အပေါ်ထပ်ဝရန်တာ၌ ဒေါ်ခင်စိန်(ခ)ဒေါ်စိန်၊ တစ်ရပ်ကွက်တည်းနေ ဦးအောင်ဇော်မွန် (၄၈)နှစ်၊ ဒေါ်ဌေးဌေးစိန်(ခ)ဒေါ်ငယ်လေး(၆၃)နှစ်နှင့် တောင်ကြီးမြို့နယ်၊ ညောင်ဖြူစခန်းရပ်ကွက်နေ ဒေါ်ချိုထွေး(ခ)မချို(၄၆)နှစ်တို့အား ဖဲရိုက်လောင်းကစား ပြုလုပ်ရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိသဖြင့် ၎င်းတို့ လေးဦးအား အေးသာယာနယ်မြေရဲစခန်း (ပ)၇၀/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/ ၁၇(က) ဖြင့် လည်းကောင်း။

     အဆိုပါ နေအိမ်ဘုရားခန်းရှေ့တွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၈)ရပ်ကွက်နေ ဒေါ်ခင်သန်းညွန့်(ခ)စန်းနေ(၅၄)နှစ်၊ တစ်ရပ်ကွက်တည်းနေ ဒေါ်စိန်အေး(ခ)ဒေါ်နီနီဝင်း(၅၇)နှစ်နှင့် အမှတ်(၇)ရပ်ကွက်နေ ဒေါ်မြမာလာခိုင်(ခ)မာလာ(၄၈)နှစ်တို့အား ဖဲရိုက်လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အိမ်ရှင် ဖြစ်သူ ခင်စိန်(ခ)ဒေါ်စိန်နှင့် ခင်သန်းညွန့်(ခ)စန်းနေပါ သုံးဦးအား အေးသာယာနယ်မြေရဲစခန်း (ပ)၇၁/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/ ၁၇(က) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspaper - 3532 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download