ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်း ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဘယ်လာရုစ်ပါတီဥက္ကဋ္ဌ Ms. Vohla N. Chamadanova ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်း ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဘယ်လာရုစ်ပါတီဥက္ကဋ္ဌ Ms. Vohla N. Chamadanova ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
Ministry of Information/ Naypyitaw / January 24, 2026
နေပြည်တော် ဇန်နဝါရီ ၂၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းသည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဘယ်လာရုစ်ပါတီ (Belarusian Party Belaya Rus) ဥက္ကဋ္ဌ Ms. Vohla N. Chamadanova ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့ မွန်းလွဲ ၂ နာရီ တွင် ရန်ကုန်မြို့ Park Royal Hotel ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)နှင့် အပိုင်း(၂)ကို ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာမှုရှိစွာ လွတ်လပ်မျှတစွာကျင်းပနိုင်ခဲ့သည့် အခြေအနေများ၊ နိုင်ငံတကာနှင့် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များကို ဖိတ်ခေါ်၍ စောင့်ကြည့်လေ့လာခွင့်ပြုခဲ့သည့်အခြေအနေများ၊ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများကို ပွင့်လင်းမြင်သာစွာ သတင်းရယူနိုင်ရေး ဆောင်ရွက်ပေးခဲ့မှု၊ ကျင်းပပြီးသည့် အပိုင်းလိုက်ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်ပြည်သူများ၏ မဲပေးမှုနှင့် မဲပေးရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine) အသုံးပြုခဲ့မှု၊ ပြည်တွင်း၊ ပြည်ပကြိုတင်ဆန္ဒမဲပေးမှုအခြေအနေများ၊ ပြောင်းလဲကျင့်သုံးသည့် ရွေးကောက်ပွဲစနစ်ဆိုင်ရာအကြောင်းအရာများ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ် အဆင့်ဆင့်ကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ စနစ်တကျဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ပြီး ရွေးကောက်ပွဲ အပိုင်း(၃)ကို အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဘယ်လာရုစ်သမ္မတနိုင်ငံ ဘယ်လာရုစ်ပါတီဥက္ကဋ္ဌက မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း (၁) နှင့် အပိုင်း (၂) ကို လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်အောင်ကျင်းပနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာအကြောင်းအရာ၊ အချက်အလက်များနှင့်စပ်လျဉ်း၍ ပြည့်စုံစွာ ရှင်းလင်းပြောကြားပေးမှုနှင့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရန် ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ပါကြောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံမှ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် ရွေးကောက်ပွဲအပိုင်း(၁)တွင် လာရောက်လေ့လာခဲ့ကြပြီး ယခုအခါ ဇန်နဝါရီ ၂၅ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၃) သို့ ထပ်မံလာရောက်လေ့လာခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဟနွိုင်းအခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Uladzimir BARAVIKOU က ရွေးကောက်ပွဲအပိုင်း(၁) စောင့်ကြည့်လေ့လာခဲ့ရာတွင် တွေ့ရှိရသည့်အခြေအနေ၊ ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ စနစ်တကျ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ထားမှုများအပေါ် သုံးသပ်တွေ့ရှိချက်ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့မှ တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3446 items
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 18, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 17, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 16, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 15, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 14, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 12, 2026
Publication Date: 2026
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 11, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 10, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
