ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ် ကလောမြို့ရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ် ကလောမြို့ရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး
Ministry of Information/ Naypyitaw / September 20, 2024

နေပြည်တော် စက်တင်ဘာ ၁၉
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ ရှမ်းပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ကလောမြို့၌ စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်အတွင်း မိုးရေချိန် ၁၂ လက်မခန့်ရွာသွန်းကာ ကလောချောင်းရေမြင့်တက်မှုကြောင့် ရေဘေးသင့်နေရာများသို့ သွားရောက်ကြည့်ရှုကာ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ရေဝင်ရောက်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုအခြေအနေများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက ကျောင်းအတွင်း အပျက်အစီးများ ရှင်းလင်းဖယ်ရှား၍ သန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ယာယီရေဘေးရှောင်စခန်းဖွင့်လှစ်ထားသည့် ကလောမြို့ရှိ မြို့မပရိယတ္တိစာသင်တိုက် ဆရာတော်အား ဖူးမြော်ကြည်ညို၍ သင်္ကန်းပရိက္ခရာ၊ စားသောက်ဖွယ်ရာနှင့်ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းကာ ရေဘေးသင့်သူများအား စောင့်ရှောက်ထားရှိမှုအခြေအနေကို မေးမြန်းလျှောက်ထားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ရေဘေးသင့်ပြည်သူများ ယာယီရေဘေးရှောင်စခန်းတွင် စားသောက်နေထိုင်မှုအခြေအနေ၊ သောက်သုံးရေရရှိစေရန် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အပျက်အစီးနှင့် ရွှံ့ညွန်များရှင်းလင်းဖယ်ရှားပြီး မိမိနေအိမ်များသို့ အမြန်ဆုံးပြန်လည်နေထိုင်နိုင်ရန် ဆောင်ရွက်ရမည့်အခြေအနေများနှင့် ကျောင်းနေအရွယ်ကလေးများ အမြန်ဆုံးကျောင်းပြန်တက်ရောက်နိုင်ရေး မိဘပြည်သူများကပါ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ခရီးစဉ်တွင် ကလောမြို့နယ်၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်း ၁၂ ခုမှ အိမ်ထောင်စု ၁၄၅ စု၊ ရေဘေးသင့်သူ၅၃၂ ဦးအတွက် ဆန်ရိက္ခာဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ စားနပ်ရိက္ခာများအား ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ထောက်ပံ့ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောချောင်း ရေစီးရေလာအားနည်းမှုကြောင့် ရေကြီးရေလျှံခြင်းနှင့် ပျက်စီးဆုံးရှုံးခြင်းများဖြစ်ပေါ်နေမှုကို သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက ကလောချောင်းအတွင်းသို့ ချောင်းဘေးဝဲယာတွင် နေထိုင်သူများက ရေနည်းချိန်၌ မြေဖို့ကျူးကျော်ခြင်းကြောင့် ချောင်းအလွန်ကျဉ်းမြောင်းသွားခဲ့မှု၊ ချောင်းအတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းကြောင့် ချောင်းတိမ်ကောလာမှု၊ တံတားများအား ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ စိတ်ကြိုက်ပုံစံဖြင့် ဆောက်လုပ်ထားမှုများကြောင့် တောင်ကျရေစီးချိန်၌ ရေစီးနှောင့်နှေးခဲ့မှု၊ နောင်နှစ်များတွင် အလားတူမဖြစ်စေရေး မူလချောင်းနယ်နိမိတ်အတိုင်းဖြစ်စေရေး ဆောင်ရွက်မည့်လျာထားအစီအစဉ်တို့ကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်လျော့ပါးရေးအတွက် ဆောင်ရွက်သင့်သည်တို့ကို အကြံပြုမှာကြားသည်။
ရေဘေးသင့်ပြည်သူများအား စေတနာရှင်၊ အလှူရှင်များက အလှူငွေနှင့် စားသောက်ဖွယ်ရာများ နေ့စဉ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး(ငြိမ်း)နှင့်ဇနီး ဒေါ်မြမြစန်း မိသားစုမှ ဥပါတသန္တိစေတီတော်မြတ်ကြီးရှေ့တပေါင်းကွင်းရှိ ရေဘေးသင့်ပြည်သူများအား နေ့လယ်စာထမင်းဘူး ၃၀၀ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3139 items

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ ဧပြီ ၂၁ ရက်၊ တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ ဧပြီ ၂၀ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက်၊ ဧပြီ ၁၉ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၁၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၁၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်နေ့၊ ဧပြီ ၁၂ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက်၊ ဧပြီ ၁၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက်၊ မတ် ၂၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက်၊ မတ် ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက်၊ မတ် ၃၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download