ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဒေသဆိုင်ရာအညွှန်းနှင့် စပ်လျဉ်းသည့် အသိပညာပေးဆွေးနွေးပွဲ တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဒေသဆိုင်ရာအညွှန်းနှင့် စပ်လျဉ်းသည့် အသိပညာပေးဆွေးနွေးပွဲ တက်ရောက်
Ministry of Information/ Naypyitaw / March 21, 2025
နေပြည်တော် မတ် ၂၀
ဒေသဆိုင်ရာ အညွှန်း (Geogra-phical Indications-GIs) နှင့် စပ်လျဉ်းသည့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ - ၂ ၌ ကျင်းပသည်။
ဦးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက စီးပွားရေးဂေဟစနစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်မီကောင်းမွန်သော မူပိုင်ခွင့်စနစ်ဖွံ့ဖြိုးတိုးတက်လာစေရန်ဟူသည့် ရည်မှန်းချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသဆိုင်ရာ အညွှန်းအကာအကွယ်ပေးခြင်းနှင့်စပ်လျဉ်း၍ အများပြည်သူသိရှိ နားလည်နိုင်စေရန်နှင့် မှတ်ပုံတင်လက်ခံဆောင်ရွက်သည့် အချိန်တွင် လွယ်ကူချောမွေ့စွာ လျှောက်ထားနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များနှင့် စီးပွားရေးဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မူပိုင်ခွင့်အကာအကွယ်ပေးသည့် စနစ်ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတိုးတက်ရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်အမျိုးအစားများအနက်တစ်ခုဖြစ်သည့် ဒေသဆိုင်ရာအညွှန်း(Geographical Indica-tions-GIs) အကာအကွယ်ပေးခြင်းသည်လည်း နိုင်ငံတွင်းရှိ ဒေသထွက်ကုန်များ၏ အရည်အသွေးများ မြှင့်တင်နိုင်စေရန်နှင့် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်စေရန် အထောက်အကူဖြစ်စေမည့် စီးပွားရေးကိရိယာတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသဆိုင်ရာအညွှန်း (Geographical Indications-GIs)မှတ်ပုံတင်နိုင်ရေးဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်သွားရန် ပြောကြားသည်။
ယင်းနောက် ဒေသဆိုင်ရာအညွှန်း (GIs) ပြဋ္ဌာန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ဒေသဆိုင်ရာအညွှန်းနည်းဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးကြပြီး ဆွေးနွေးပွဲတက်ရောက်လာကြသူများက ဒေသဆိုင်ရာအညွှန်း (GIs) နှင့် စပ်လျဉ်း၍ သိလိုသည်များ မေးမြန်းခြင်းများအပေါ် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားသည်။
ဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ ကိုယ်စားလှယ်များ၊ နေပြည်တော် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3468 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
