ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် တွေ့ဆုံ၍ သစ်တောသစ်ပင်များထိန်းသိမ်းကာကွယ်ရေး၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှု လျှော့ချရေးကိစ္စရပ်များဆွေးနွေးပြီး သစ်တောစိုက်ခင်းနှင့် သတ္တုလုပ်ကွက်များအား ကွင်းဆင်းစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် တွေ့ဆုံ၍ သစ်တောသစ်ပင်များထိန်းသိမ်းကာကွယ်ရေး၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှု လျှော့ချရေးကိစ္စရပ်များဆွေးနွေးပြီး သစ်တောစိုက်ခင်းနှင့် သတ္တုလုပ်ကွက်များအား ကွင်းဆင်းစစ်ဆေး
Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / May 09, 2025
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးဒေသရှိ သတ္တုလုပ်ကွက်များသို့ ရောက်ရှိရာ တာဝန်ရှိသူများက နှစ်အလိုက် သတ္တုထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှု အခြေအနေများ၊ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန၊ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာနနှင့် နည်းပညာမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက် နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက ပြည်ပသို့ သတ္တုရောရာ ကုန်ကြမ်းတင်ပို့ခြင်းအစား ပြည်တွင်း၌ သန့်စင်စက်ရုံတည်ဆောက်၍ သန့်စင်ပြီး သတ္တုများ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်မှာကြားပြီး သတ္တုလုပ်ကွက်များ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် တာချီလိတ်မြို့၊ မြို့တော်ခန်းမတွင် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ၍ သစ်တောသစ်ပင်များ ထိန်းသိမ်းကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှု လျှော့ချရေး ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုကို ဖြစ်စေသော မီးလောင်ကျွမ်းမှုများသည် ပွင့်လင်းရာသီတွင် ဖြစ်ပေါ်မှုအများဆုံးဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသည့်အပြင် လူသားများ၏ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ကြောင်း၊ တောမီးကာကွယ်ခြင်း၊ ရိုးပြတ်များနှင့် စိုက်ပျိုးရေး စွန့်ပစ်အမှိုက်များအား မီးမရှို့ဘဲ သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုခြင်း၊ ရွှေ့ပြောင်းတောင်ယာ မီးရှို့ခြင်းအစား ကုန်းမြင့်လယ်ယာစိုက်ပျိုးမှုကို အကောင်အထည်ဖော်ခြင်းများ ဆောင်ရွက်သွားရန်အတွက် ဒေသခံများအား လိုအပ်သောနည်းပညာနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ပေါင်းစပ်ဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း၊ အလားတူ မိမိတို့၏ မြို့၊ ရွာပတ်ဝန်းကျင် စိမ်းလန်းသာယာလှပရေးနှင့် သန့်ရှင်းကောင်းမွန်သော သဘာဝပတ်ဝန်းကျင် ရရှိစေရေးအတွက် သစ်ပင်များ၏တန်ဖိုးကို သိရှိနားလည်ပြီး အားလုံးပူးပေါင်း ထိန်းသိမ်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာ ဆန်းဦးက မီးခိုးမြူငွေ့ ညစ်ညမ်းမှုနှင့် လူသားတို့၏ကျန်းမာရေးအပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍ လည်းကောင်း၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာသောင်းနိုင်ဦးက သစ်တောများမှ ပံ့ပိုးပေးသောနေသော အကျိုးကျေးဇူးများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်း တင်ပြကြပြီး “မမြင်နိုင်သော လူသတ်သမား PM 2.5” ပညာပေး ဗီဒီယိုကလစ်အား ပြသကာ တွေ့ဆုံပွဲအား ရုပ်သိမ်းသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့ရှိ လွယ်ခမ်းလုံ သတ္တုသန့်စင်စက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက သတ္တုသန့်စင်စက်ရုံ၏ လုပ်ငန်းအဆင့်ဆင့်အား ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့နယ်ရှိ ဟောင်လိတ် သစ်တောပျိုးဥယျာဉ်သို့ သွားရောက်၍ ကွက်လပ်ဖြည့်နှင့် လူထုဖြန့်စိုက်ပျိုးခြင်းများအတွက် သစ်မျိုး ၁၀ မျိုးဖြင့် ပျိုးပင် ၆၃,၀၀၀ ကျော်ပျိုးထောင်ထားရှိမှုအခြေအနေနှင့် တောမီးလောင်ကျွမ်းမှု ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေးအတွက် မီးသတ်ကားများ အရန်သင့်ထားရှိမှု အခြေအနေများ လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
Newspaper - 3158 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download