ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ငလျင်ဒဏ်သင့်ဝန်ထမ်းများအတွက် ယာယီအဆောက်အအုံများ တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ငလျင်ဒဏ်သင့်ဝန်ထမ်းများအတွက် ယာယီအဆောက်အအုံများ တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / May 12, 2025

နေပြည်တော် မေ ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနပိုင် မြေနေရာ၌ ငလျင်ဒဏ်သင့်ဝန်ထမ်းများအတွက် ယာယီအဆောက်အအုံ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ယာယီအဆာက်အအုံတွင် အသုံးပြုရန် စက်ရေတွင်း တူးဖော်နေမှုနှင့်နှစ်ခန်းတွဲ လူနေအဆောက်အအုံအလုံး ၃၀ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းများ သတ်မှတ်ကာလပြီးစီးရေး၊ လျှပ်စစ်မီးအသုံးပြုနိုင်ရေး၊ ဝန်ထမ်းများ စနစ်တကျနေထိုင်နိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်စီမံဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ယင်းနောက် သက်ဆိုင်ရာက အပြာရောင်အဆင့် သတ်မှတ်ထားသော ဝန်ထမ်းအိမ်ရာများဖြစ်သည့် ဇမ္ဗူသီရိမြို့နယ်ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် ၅၃၄၄၊ ၅၃၄၅ ၊ ၅၃၄၆၊ ၅၃၃၇၊ ၅၃၃၈ တိုက်များအားဝန်ကြီးဌာနအစီအစဉ်ဖြင့် လိုအပ်သည့် ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် မိသားစုဝင်များကို ရင်းနှီးစွာ တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးကဝန်ထမ်းအိမ်ရာ ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် ဝိုင်းဝန်းစုပေါင်းဆောင်ရွက်ရန် မှာကြားသည်။
သတင်းစဉ်
Newspaper - 3180 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။
