ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ဝန်ထမ်းနှင့်မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန် Container House များ တပ်ဆင်တည်ဆောက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ဝန်ထမ်းနှင့်မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန် Container House များ တပ်ဆင်တည်ဆောက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Ministry of Hotel & Tourism/ နေပြည်တော် / May 22, 2025

နေပြည်တော် မေ ၂၁
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ နေပြည်တော်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ ရုံးဝင်း အတွင်း၌ ဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန် အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ခွဲဝေချထားပေးသည့် အိပ်ခန်းတစ်ခန်းပါ Container House များအားတပ်ဆင် တည်ဆောက်နိုင်ရေး ပြင်ဆင်ဆောင်ရွက် နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် Kyaw Maw Group Construction ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများက အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ခွဲဝေချထားပေးသော အိပ်ခန်းတစ်ခန်းပါ Container House များ တပ်ဆင်တည်ဆောက်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ စနစ်တကျသိမ်းဆည်းထားရှိမှုကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Conta-iner House များ တပ်ဆင်တည်ဆောက် နိုင်ရေးအတွက် မြေနေရာရှင်းလင်းဆောင်ရွက်နေမှုအခြေအနေများ၊ စနစ်တကျ သိမ်းဆည်း ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တပ်ဆင်တည်ဆောက်ရာတွင် သတ်မှတ်ချက်များ အတိုင်း စနစ်တကျတပ်ဆင်တည်ဆောက်ကြရေး၊ Container House တစ်လုံးနှင့်တစ်လုံး အကွာ အဝေးသတ်မှတ်ချက်များကိုက်ညီရေး၊ လမ်းများသတ်မှတ်ချက်အတိုင်းဖြစ်စေရေး၊ အညစ်အကြေး များ စနစ်တကျစွန့်ပစ်နိုင်ရန် စီစဉ်ထားရှိကြရေး၊ Container House များ တပ်ဆင်တည်ဆောက် ရာတွင် ပျက်စီးဆုံးရှုံးလေလွင့်မှု မဖြစ်စေရန်အဖွဲ့များဖွဲ့၍ စနစ်တကျကြတ်မတ်ဆောင်ရွက်ကြရေး၊ ရေ/မီးနှင့် အခြေခံလိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ ဝင်လမ်း/ ထွက်လမ်းများ စီစဉ်ထားရှိရေး၊ ယာယီတဲများတွင် နေထိုင်နေသောဝန်ထမ်းများနှင့် မိသားစု ဝင်များအား Container House များသို့ အမြန်ဆုံးပြောင်းရွှေ့နေရာချထားနိုင်အောင် စီစဉ် ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Source From: MyanmarAlin
Newspaper - 3170 items

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၂၂ ရက်၊ ကြာသပတေးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၂၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၁၉ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၁၈ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၁၇ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၁၆ ရက်၊ သောကြာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၁၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download