ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းတို့ ရုပ်ရှင်မြို့တော်စီမံကိန်းကို ကြည့်ရှုစစ်ဆေးပြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်အားပေး
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းတို့ ရုပ်ရှင်မြို့တော်စီမံကိန်းကို ကြည့်ရှုစစ်ဆေးပြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်အားပေး
Ministry of Information/ Naypyitaw / June 16, 2025

နေပြည်တော် ဇွန် ၁၅
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကဆောင်ရွက်နေသည့် ရုပ်ရှင်မြို့တော်စီမံကိန်းကို ကြည့်ရှုစစ်ဆေးပြီး မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်၍ သစ်ပင်များစိုက်ပျိုးပေးကြသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကဦးအောင်လွင်၊ ဥက္ကဋ္ဌဦးကြည်စိုးထွန်းနှင့် အနုပညာရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်မှအမှုဆောင်များ တက်ရောက်ကြသည်။
ဦးစွာ ရုပ်ရှင်မြို့တော်စီမံကိန်း ဆောင်ရွက်မှုဗီဒီယိုမှတ်တမ်းကို ပြသပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအတွင်းရေးမှူး ဦးဇော်မြင့်ဦးက ရုပ်ရှင်မြို့တော်စီမံကိန်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရုပ်ရှင်မြို့တော်စီမံကိန်းကို စတင်ဆောင်ရွက်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် တရားဝင် လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ရုပ်ရှင်မြို့တော်စီမံကိန်းသည် ရုပ်ရှင်လောကသားများ အတွက်သာမက နိုင်ငံတော်နှင့်ပြည်သူများအတွက်ပါ အရေးပါသည်ဟု ပြောကြားလိုပါကြောင်း၊ အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေဖြင့် အစည်းအရုံး၏ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်နည်းလမ်း၊ နိုင်ငံတော်မှလိုအပ်သည့် ရင်းနှီးမတည်ငွေများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ချေးယူဆောင်ရွက်သည့်နည်းလမ်းနှင့် Public- Private -Partnership နည်းလမ်းဆိုသည့် နည်းလမ်းသုံးခုအနက် သင့်လျော်ရာနည်းလမ်းဖြင့် လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း၊ ယခုစီမံကိန်းအောင်မြင်ပါက ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းများကို ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင်သာ ဆောင်ရွက်ကြရမည်ဖြစ်သဖြင့် အနုပညာရှင်များအတွက် များစွာအဆင်ပြေ လွယ်ကူမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားခဲ့သော ရုပ်ရှင်ပြသခြင်းလုပ်ငန်းများကို ပြန်လည်ရှင်သန်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ယခုအချိန်တွင် ပုံမှန်အခြေအနေသို့ရောက်ရှိပြီး ရုပ်ရှင်လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း။
စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရုပ်ရှင်နှင့်ပတ်သက်သည့် အခြေခံအဆောက်အအုံများကို ဦးစွာဆောက်လုပ်ရန်နှင့် အခြားအပန်းဖြေလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်ခဲ့ပါက မူလရည်ရွယ်ချက်များနှင့် လွဲချော်မှုဖြစ်သွားနိုင်သဖြင့် ဂရုပြုဆောင်ရွက်ပေးစေလိုပါကြောင်း၊ ယခုစီမံကိန်းလုပ်ငန်း အောင်မြင်စေရေးအတွက် အနုပညာရှင်များအားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုကြောင်း၊ ရုပ်ရှင်အနုပညာလုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံအတွက် အလေးထားဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်သဖြင့် ရုပ်ရှင်ဇာတ်ကားများ အဆင့်မြင့်စွာ ရိုက်ကူးထုတ်လုပ်ရေးနှင့် ရုပ်ရှင်ရုံများတွင် စနစ်တကျပြသနိုင်ရေးအတွက်လည်း မဖြစ်မနေကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်အကြီးအကဲက မိုးရာသီရောက်ရှိပါက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် တစ်နိုင်ငံလုံးတွင် ဒေသအလိုက် သင့်လျော်မည့် အပင်များကို စိုက်ပျိုးရမည်ဟု လမ်းညွှန်ထားပါကြောင်း၊ ယခု ရုပ်ရှင်မြို့တော်စီမံကိန်းတွင် အပင် ၆၀၀ ခန့် စိုက်ပျိုးမည်ဖြစ်သဖြင့် အင်မတန်ကောင်းမွန်ပါကြောင်း၊ ရုပ်ရှင်အနုပညာရှင်များအနေဖြင့် နိုင်ငံတော်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တွင် ပြည်သူလူထုအတွက် တတ်နိုင်သမျှ ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့သည်ကို တွေ့ရှိခဲ့ရသဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌက ဆောက်လုပ် ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကဦးအောင်လွင်က ဝမ်းမြောက်စကား ပြောကြားသည်။
ယင်းနောက် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် တက်ရောက်လာသည့် အနုပညာရှင်များ၊ ဝန်ထမ်းများနှင့်အတူ သတ်မှတ်နေရာများတွင် သစ်ပင်များ စိုက်ပျိုးပေးခဲ့ကြသည်။
သတင်းစဉ်
Newspaper - 3195 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။
