ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှု သွားရောက်ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / June 19, 2025
image_latest


နေပြည်တော် ဇွန် ၁၈

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေး သုံးရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုအခြေအနေကိုသွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံသို့ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အဆင့် (၂) အဖြစ် ဆောင်ရွက်လျက်ရှိသော ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်ခြင်းလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန်နှင့် အဆင့်(၂)အတွက် ပြည်ပမှမှာယူထားသော တည်ဆောက်ရေးပစ္စည်းများ ဆိပ်ကမ်းသို့ရောက်ရှိပါက အမြန်ထုတ်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားပေးစက်များလည်ပတ်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်ပြီး လျှပ်စစ်တ်အားများ ထုတ်လုပ်ပို့လွှတ်ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် Machine Hall အတွင်း ဓာတ်အားပေးစက်များ မောင်းနှင်၍ ဓာတ်အားထုတ်လုပ်ပေးနေမှု၊ အဆင့် (၂) ကျောက်မီး သွေးအခြောက်ခံစက်တည်ဆောက်ခြင်းလုပ်ငန်းများ ၇၈ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုနှင့် လက်ရှိတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အဆင့် (၂) အဖြစ် ဆောင်ရွက်လျက်ရှိသော ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်ခြင်းလုပ်ငန်းများ စက်တင်ဘာလအတွင်း ရာနှုန်းပြည့်ပြီးစီးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ အဆိုပါ ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက လက်ရှိဓာတ်အားပေးစက်နှစ်လုံးမှ ဓာတ်အား ၉၀ မဂ္ဂါဝပ် ထုတ်လုပ် ပေးလျက်ရှိရာမှ ၁၂၀ မဂ္ဂါဝပ်သို့ တိုးမြှင့်၍ ဓာတ်အားထုတ်လုပ်သွား နိုင်မည်ဖြစ်သည်။

ဆက်လက်၍ ဓာတ်အားပေးစက်များ စဉ်ဆက်မပြတ် ဓာတ်အားထုတ်လုပ်မောင်းနှင်နိုင် ရန်အတွက် ကျောက်မီးသွေး သိုလှောင်ရုံများအတွင်း ကျောက်မီးသွေးများ သိုလှောင်ထိန်းသိမ်း ထားရှိမှုအခြေအနေနှင့် ပြာသိုလှောင်ရုံအတွင်း ကျောက်မီးသွေးပြာများ စနစ်တကျထုပ်ပိုးသိုလှောင်ထိန်းသိမ်းထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ကျောက်မီးသွေးတူးဖော်ရေး လုပ်ကွက်အတွင်း စက်ယာဉ်/ ယန္တရားကြီးများဖြင့် ကျောက်မီးသွေးများ တူးဖော်ထုတ်ယူနေမှုနှင့် ကျောက်မီးသွေးများ စဉ်ဆက်မပြတ် ဆက်လက်တူးဖော်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ကလောမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ကလော ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိပြီး မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ဓာတ်အားခွဲရုံ ဧည့်ရိပ်သာအတွင်း ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို အသေးစိတ်လိုက်လံ ကြည့်ရှုစစ်ဆေးပြီးပျက်စီးမှုများ အမြန်ပြုပြင်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3198 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 19, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 13, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download