ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း၊ အားကစားရုံများ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / September 06, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၅

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ ရွှေမန်းတောင်အားကစားကွင်း၊ အောင်မြေမန္တလာအားကစားကွင်းနှင့် ချမ်းအေးသာစံမြို့နယ် ဗထူးအားကစားကွင်းတို့၌ အားကစားကွင်းအလိုက် စိမ်းလန်းစိုပြည်ရေး၊ လျှပ်စစ်မီးနှင့် သောက်သုံးရေရရှိရေး စနစ်တကျဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းပိုင်းဆိုင်ရာများကို မှာကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစား ပြိုင်ပွဲများကို အားကစားနည်းစုံစုံလင်လင်ဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်သဖြင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်လေ့ကျင့်ဆောင်ရွက်သွားရန်နှင့် မြို့နယ်အားကစားတာဝန်ခံများအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အားကစားကွင်း၊ အားကစားရုံများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး နှင့် စိမ်းလန်းစိုပြည်စေရေး ပုံမှန်ထိန်းသိမ်း ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။ ယင်းနောက် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိ အားကစားကွင်း အုတ်ရိုးပြန်လည်ဆောက်လုပ်ပြီးစီးမှုနှင့် ဘောလုံးကွင်း၏ -2.8 Level၊ မြေညီထပ်၊ ပထမထပ်နှင့် အထူးတန်းပွဲကြည့်စင်များ၏ Column တိုင်နှင့် Ground Beam & Tie Beam ပျက်စီးခဲ့မှုများ အား ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ရန် ယာယီထောက်မမှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ မှန်အကာနံရံများ၊ ပြတင်းတံခါးများ၊ Light Partition များနှင့် Tempered Glass Curtain Wall များ ဖြုတ်သိမ်းခြင်းလုပ်ငန်း၊ ကြမ်းခင်း Topping နှင့် ကြွေပြားခွာထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ ပျက်စီးခဲ့သည့် မန္တလေးဘောလုံးအကယ်ဒမီကျောင်း အဆောက်အအုံများနှင့် အသစ်တည်ဆောက်လျက်ရှိသည့် အမျိုးသမီးဘောလုံး အကယ်ဒမီကျောင်းတည်ဆောက် နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3277 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်နေ့ ၊ စက်တင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက် ၊ စက်တင်ဘာ ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက် ၊ စက်တင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 04, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် ၊ စက်တင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် ၊ စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ August 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် ၊ သြဂုတ် ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 29, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 28, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download