ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ (၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား တက်ရောက်ဂုဏ်ပြုချီးမြှင့်
ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ (၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား တက်ရောက်ဂုဏ်ပြုချီးမြှင့်
Ministry of Information/ Naypyitaw / October 10, 2025
ရန်ကုန် အောက်တိုဘာ ၉
မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့၏ တပ်ဖွဲ့ဖွဲ့စည်းခြင်း (၄)နှစ် မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးတက်ရောက် ဂုဏ်ပြုချီးမြှင့်သည်။
အခမ်းအနားသို့ သန်လျင်တပ်နယ်မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ နယ်ဘက်ဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော် (ရေ)နှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး မောင်မောင်အေးက မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ အရာရှိ၊ စစ်သည်များကို ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယနေ့သည် ကမ်းခြေစောင့်တပ်ဖွဲ့၏ (၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားဖြစ်ပြီး နိုင်ငံတော်၏ မြန်မာ့ပင်လယ်ပြင်နှင့် ရေကြောင်းအကျိုးစီးပွားများ၊ ပင်လယ်ပြာစီးပွားရေး လုပ်ငန်းများကို ကာကွယ်စောင့်ရှောက်ရန်၊ ရေကြောင်းလုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများကို တားဆီးကာကွယ်ရန်၊ ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးနှင့် လူသားချင်းစာနာမှု အထောက်အကူပေးရေး လုပ်ငန်းများဆောင်ရွက်ရန်၊ အရေးပေါ်အချိန်တွင် တပ်မတော်(ရေ)အား အထောက်အကူ ပြုနိုင်ရန်စသည့် ရည်မှန်းချက်တာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း။
ရေကြောင်း အကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရာတွင်အရေးကြီးသည့် အခန်းကဏ္ဍမှ တာဝန်ထမ်းဆောင်သွားရမည့် တပ်ဖွဲ့ဖြစ်သည်ကိုလေးနက်စွာ နားလည်သဘော ပေါက်ခံယူထားကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ ပင်လယ်ရေကြောင်း တရားဥပဒေစိုးမိုးရေးနှင့် စီးပွားရေးအင်အားတောင့်တင်းလာစေရန် တည်ဆောက်ရေးစသည့် လုပ်ငန်းများ၌ ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်အောင်ထမ်းဆောင်သွားကြရန်လိုကြောင်း၊ ထို့ပြင်ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာ ပင်လယ်ရေကြောင်းဆိုင်ရာကိစ္စရပ်များ၌ အဖြူရောင်သံတမန်(White Hull Diplomat) အဖြစ်လည်း ရည်မှန်းချက်ထားရှိ ဆောင်ရွက်သွားရန်လိုကြောင်း။
ကမ်းခြေစောင့် တပ်ဖွဲ့၏လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ဥပဒေကြောင်းအရခိုင်ခိုင် မာမာဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၇ ရက် တွင် နိုင်ငံတော်အစိုးရက အတည်ပြု ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာ့ပင်လယ်ပြင်အတွင်း တရား ဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်ထိရောက်မှု၊ တရားမျှတမှု၊ လုံခြုံမှု၊ အကာအကွယ်ပေးမှုနှင့် လက်တွေ့ကျင့်သုံးနိုင်မှုများ ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေတွင် ပြဋ္ဌာန်းထားရှိကြောင်း၊ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေနှင့်တည်ဆဲ ရေကြောင်းဥပဒေများအတိုင်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ပြီး နိုင်ငံတော်၏ရေကြောင်းအကျိုးစီးပွားများ ပိုမိုဖွံ့ဖြိုးလာစေရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာနိင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေနှင့် ဆက်စပ်ကျင့်သုံးရမည့် ရေကြောင်းဆိုင်ရာဥပဒေများကိုလည်း စဉ်ဆက်မပြတ်လေ့လာ၍ နိုင်ငံတော်၏ရေကြောင်းအကျိုးစီးပွားများကို ကာကွယ်စောင့် ရှောက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာကြသည့် ကမ်းခြေစောင့် တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ် အထိမ်းအမှတ်ပြခန်းအားကြည့်ရှုပြီး ပြခန်းအတွင်းခင်းကျင်းပြသထားရှိမှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားသည်။
ယင်းနောက် ကမ်းခြေစောင့်တပ်ဖွဲ့ဆိပ်ခံဗောတံတားတွင် ဆိုက်ကပ်ထားသည့် ကမ်းခြေစောင့်တပ်ဖွဲ့ရေယာဉ်ပေါ် တက်ရောက်လေ့လာကြည့်ရှုပြီး ကမ်းခြေစောင့်တပ်ဖွဲ့ ရေယာဉ်အားလုံး ကမ်းခြေစောင့်တာဝန်ထမ်းဆောင်နိုင်ရန် အမြဲအသင့်ရှိ နေစေရေးမှာကြားသည်။
မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့ရေယာဉ်များသည် မြန်မာ့ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် ကမ်းခြေစောင့်တာဝန်များထမ်းဆောင်လျက်ရှိကြောင်းသတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3352 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 14, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 10, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
