ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပြင်ဦးလွင်မြို့နယ်တွင် တာဝန် ထမ်းဆောင် လျက်ရှိသော အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ


Ministry of Hotel & Tourism/ နေပြည်တော် / October 14, 2025


နေပြည်တော် အောက်တိုဘာ ၁၃

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်း တွင် ပြင်ဦးလွင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးသည်။

မှာကြား

ဦးစွာ ခရိုင်နှင့်မြို့နယ်ရုံးများမှ တာဝန်ခံအရာရှိများနှင့် ဝန်ထမ်းများက လုပ်ငန်းတာဝန် ထမ်းဆောင်မှုအခြေအနေများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းစည်းကမ်းနှင့်အညီ နေထိုင်ကြရန်၊ ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက် ကြရန်၊ တိုးတက်ပြောင်းလဲနေသည့် ခေတ်နှင့်အညီ လိုက်လျောညီထွေဖြစ်စေရန် မိမိတို့လုပ်ငန်း ဘာသာရပ် (Subject) သာမက ဘာသာစကား (Language) နှင့် IT နည်းပညာများကို ဖြည့်ဆည်းထားကြရန်၊ လုံခြုံရေးကို အလေးဂရုပြုလိုက်နာဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြင်ဦးလွင်ဒေသအား နိုင်ငံတော်က ခရီးသွားမြို့တော်၊ အားကစားမြို့တော်၊ ကျန်းမာရေးမြို့တော်၊ ကော်ဖီမြို့တော်၊ စံပြမြို့တော်အဖြစ် ဖော်ဆောင်ရာတွင် မိမိတို့ဝန်ထမ်းများအနေဖြင့် ရောက်ရှိ တာဝန်ထမ်းဆောင်သည့် ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိတို့ဆောင်ရွက် ရသည့်လုပ်ငန်းများကို ဆန်းသစ်သည့် အတွေးအခေါ်များ၊ အကြံဉာဏ်ကောင်းများပေးနိုင်ရန် အစဉ်အမြဲ ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားပြီး ရုံးတာဝန်ခံအရာရှိများနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့ပြင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့နှင့်အတူ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ချမ်းမြသာစည်မြို့နယ် အားကစားကွင်းသို့သွားရောက်၍ ဘောလုံးကွင်း ရေစိမ့်မြောင်း များနှင့် ရေဖျန်းစနစ် (Sprinkler) များ ကောင်းမွန်စေရေး၊ ဘောလုံးကွင်းဂိုးတိုင်၊ ဂိုးပိုက်များနှင့် Coner  တိုင်များ စနစ်တကျ တပ်ဆင်ထားရှိရေး၊ ရေလုံလောက်စွာရရှိစေရေးနှင့် ရေလိုင်း၊ မီးလိုင်းများ ကောင်းမွန်စေရေးတို့အတွက် ရေစင်တည်ဆောက်ထားရှိမှုအခြေအနေ၊ မိုးလုံလေလုံအားကစားရုံ ရေရှည်တည်တံ့စေရေး၊ ခိုငှက်များ မဝင်ရောက်နိုင်စေရေး သံဆန်ခါ များဖြင့် ကာရံသွားရေးနှင့် ပြည်သူများ လာရောက်လေ့ကျင့်ကစားနိုင်စေရေးတို့အတွက် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ယာယီနေရပ်စွန့်ခွာသည့် ဝန်ထမ်းများ၊ စစ်မှုထမ်း ဟောင်း အငြိမ်းစားများနှင့် ပြည်သူများအားတွေ့ဆုံပြီး လတ်တလော နေထိုင်၊ သွားလာ၊ စားသောက်မှုများ အဆင်ပြေစေရေးအတွက် အားကစားပစ္စည်းများနှင့် လိုအပ်သည်များကို ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

Source From:KyeMon

Newspaper - 3317 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 09, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၊ အောက်တိုဘာ ၈ ရက်၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ အောက်တိုဘာ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ ၊ အောက်တိုဘာ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက် ၊ အောက်တိုဘာ ၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download