ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် GAVI အဖွဲ့နှင့် WHO၊ UNICEF အဖွဲ့တို့မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် GAVI အဖွဲ့နှင့် WHO၊ UNICEF အဖွဲ့တို့မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ
Ministry of Information/ Naypyitaw / October 30, 2025
နေပြည်တော် အောက်တိုဘာ ၂၉
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် (Global Alliance for Vaccines and Immunization- GAVI) မှ Senior Country Manager ၊ Mr. Ricard Lacort Monte ဦးဆောင်သောအဖွဲ့နှင့် ရန်ကုန်မြို့ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)တို့မှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။
ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအနေဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေး ခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ခဲ့သည့် ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့ကို နိုင်ငံတော်ကနယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ပြည်သူလူထုအား အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကုသရေးလုပ်ငန်းများ ဆောလျင်စွာ ဆောင်ရွက်ခြင်း၊ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း၊ Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း၊ အသက်(၁၅)နှစ်အောက်ကလေးများကို အသက်အရွယ်အလိုက် လိုအပ်သောကာကွယ်ဆေးများကို အထူးအစီအစဉ် ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း (Special Immunization Activities) တို့ကိုလည်း အထူးဦးစားပေးလုပ်ငန်းများအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
မန္တလေးငလျင်ကြီး ဖြစ်ပွားပြီးနောက်ပိုင်းတွင်လည်း ငလျင်ဘေးသင့်ဒေသများနှင့် တစ်နိုင်ငံလုံးတွင်ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများ၊ ကပ်ရောဂါအသွင်ဖြစ်ပွားမှု (လုံးဝ)မရှိခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ်များကို လိုအပ်သောကာကွယ်ဆေးထိုးနှံ နိုင်ရေးအတွက်အရေးကြီးလုပ်ငန်းတစ်ရပ်အနေဖြင့် အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏ဦးဆောင်မှု၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော GAVI၊ WHO ၊ UNICEF အဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် လုပ်ငန်းများအချိန်နှင့်တစ်ပြေးညီ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကူညီပံ့ပိုးပေးခဲ့မှုများအတွက်လည်း ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဆောင် သော ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ GAVI၊ WHO၊ UNICEF အဖွဲ့မှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်မည့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ၊ GAVI 6.0 ရန်ပုံငွေလျှောက်ထားခြင်းဆိုင်ရာ ကိစ္စရပ် များအပါအဝင် ဆက်လက်ဆောင်ရွက်မည့် ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို အပြန် အလှန်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ကာကွယ် ဆေးထိုးလုပ်ငန်းဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်း ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် GAVI နှင့် WHO၊ UNICEF တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3333 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 24, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
