ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဘဲလ်လမ်ရာသီ ဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး ဒုတိယနေ့ တက်ရောက်


Ministry of Information/ Naypyitaw / November 09, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၈

ဘရာဇီးနိုင်ငံသမ္မတ လူးဝစ်အင်နာစီယိုလူလာဒါဆေးလ်ဗား၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(ကိုယ်စား) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘရာဇီးနိုင်ငံဘဲလ်လမ်မြို့၌ နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကျင်းပသည့် ဘဲလ်လမ်ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး (Belem Climate Summit) ဒုတိယနေ့ စုံညီအစည်းအဝေးနှင့် ဘာသာရပ်ဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည်။

စုံညီအစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် သစ်တောနှင့်ပတ်ဝန်းကျင်ရေးရာဝန်ကြီးများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှအကြီးအကဲများက နိုင်ငံကိုယ်စားပြု အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းကျော်ကို သစ်တောများ ဖုံးလွှမ်းထားပြီး ဂေဟစနစ်မျိုးစုံနှင့် ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝသောနိုင်ငံဖြစ်ကြောင်း၊ ရှည်လျားသောကမ်းရိုးတန်းနှင့် ဒီရေတောများ ပိုင်ဆိုင်ပါကြောင်း၊ သို့သော်လည်း ရာသီဥတုပြောင်းလဲမှုဒဏ်အခံရဆုံးနိုင်ငံ များတွင်ပါဝင်လျက်ရှိသဖြင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာလုပ်ငန်းများကို အမျိုးသားရေးလုပ်ငန်းတစ်ရပ်အနေဖြင့် အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ “အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contributions-NDC)”ပါ ရည်မှန်းချက်များနှင့်အညီ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရာသီဥတုဒဏ်ခံနိုင်သော စိုက်ပျိုးရေးလုပ်ငန်းများ၊ သစ်တောထိန်းသိမ်းရေးကို ဗဟိုပြုသည့် မဟာဗျူဟာများချမှတ်ကာ ဆောင်ရွက်လျက်ရှိကြောင်း။

ရာသီဥတုဆိုင်ရာ ရန်ပုံငွေတိုးမြှင့်ရရှိရေး၊ နည်းပညာများ လွှဲပြောင်းရယူနိုင်ရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး တို့သည် အထူးအရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘဲလ်လမ် ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး ကြေညာချက်ကို ထောက်ခံပါကြောင်း၊ အပူပိုင်းသစ်တောများ ထာဝရရန်ပုံငွေ (Tropical Forests Forever Facility- TFFF) တည်ထောင်ခြင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် ပြည်သူဗဟိုပြု ရာသီဥတုဆိုင်ရာ လှုပ်ရှားမှုများနှင့် ဘက်စုံတောမီး စီမံအုပ်ချုပ်မှုဆိုင်ရာ လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်မည်ကို အတည်ပြုအကြောင်းကြားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကိုအရှိန်အဟုန်မြှင့်တင်ကာ ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းနှင့် နီးကပ်စွာဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် “ရာသီဥတုနှင့် သဘာဝ၊ သစ်တောများနှင့် သမုဒ္ဒရာများ” ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးပြောကြားသည်။

ကမ္ဘာ့ရာသီဥတု ထိပ်သီးအစည်းအဝေးသည် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးအတွက် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို အခြေခံသောနည်းလမ်းများကို အဓိကထားသည့် ဦးဆောင်ဖိုရမ် တစ်ခုဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့ကာ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း (UNFCCC) အဖွဲ့ဝင် နိုင်ငံများ ညီလာခံနှင့်အတူ ကျင်းပသော အရေးကြီးသည့် ထိပ်သီးအစည်းအဝေးတစ်ခုဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် အစိုးရ၊ စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပညာရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များတက်ရောက်ကြပြီး ပါရီရာသီဥတုဆိုင်ရာ သဘောတူညီချက် ရည်မှန်းချက်များ အောင်မြင်စေရန်နှင့်ကာဗွန် ထုတ်လွှတ်မှုနည်းပါးသော စီးပွားရေးသို့ ကူးပြောင်းရာတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3343 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download