ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုက်ကွမ်ဒို၊ ဘိလိယက်နှင့် စနူကာအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှု လိုက်လံကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုက်ကွမ်ဒို၊ ဘိလိယက်နှင့် စနူကာအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှု လိုက်လံကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / December 05, 2025
ရန်ကုန် ဒီဇင်ဘာ ၄
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူငယ်အားကစားလေ့ကျင့်ရေးစခန်းသုဝဏ္ဏရှိ တိုက်ကွမ်ဒို လေ့ကျင့်ရေးရုံသို့ ရောက်ရှိရာ အမျိုးသားတစ်ဦးချင်း တီထွင်ကကွက် (freestyle poomsae) တွင် ညိုမင်းလွင်ကလည်းကောင်း၊ Recognized poomsae pair ကျား+မ နှစ်ဦး ပြိုင်ပွဲအတွက် ကောင်းဇင်ခန့်နှင့် အေးမြသူဇာတို့ကလည်းကောင်း၊ အတိုက်အားကစားနည်း - ၈၀ ကီလိုအောက်ပြိုင်ပွဲတွင် ဇော်လင်းထက်နှင့် ရှိုင်းထက်အောင်တို့ကလည်းကောင်း ပြသ၊ ယှဉ်ပြိုင်ကစားနေမှုတို့ကို ကြည့်ရှုအားပေးသည်။
ထို့နောက် အမျိုးသားအားကစားပြိုင်ပွဲ ရုံ(၁)ရှိ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ ချုပ်လေ့ကျင့်ရေးခန်းမသို့ ရောက်ရှိပြီး ဘိလိယက်အသင်းလိုက် ပြိုင်ပွဲတွင် ချီးမြှင့်မည့် ရွှေတံဆိပ် ဆုရရှိရေးအတွက် ဘိလိယက်နှစ်ယောက်တွဲ ပြိုင်ပွဲအနေဖြင့် ဦးပေါက်စက တစ်ဖက် မောင်အောင်ဌေးနှင့် မောင်နေသွေးဦးတို့ကတစ်ဖက် ယှဉ်ပြိုင်ကစားခဲ့ရာ မောင်အောင်ဌေးနှင့် မောင်နေသွေးဦးက သုံးပွဲ - တစ်ပွဲဖြင့် အနိုင်ရရှိသည်။
ယင်းနောက် စနူကာတစ်ဦးချင်းပြိုင်ပွဲတွင် မောင်ဝင်းကိုကိုနှင့် မောင်အောင်ဖြိုးတို့ ယှဉ်ပြိုင်ကစားရာ မောင်ဝင်းကိုကိုက သုံးပွဲပွဲမရှိဖြင့်လည်းကောင်း၊ အခြားစနူကာတစ်ဦးချင်း ပြိုင်ပွဲတွင် မောင်မျိုးသူရအောင်နှင့် မောင်ကျော်ဝေယံစိုးတို့ ယှဉ်ပြိုင်ကစားရာ မောင်မျိုးသူရအောင်က သုံးပွဲတစ်ပွဲဖြင့်လည်းကောင်း အနိုင်ရရှိသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဘိလိယက်နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမရရှိသည့် မောင်အောင်ဌေးနှင့် မောင်နေသွေးဦးတို့အတွဲနှင့် ဒုတိယရရှိသွားသည့် ဦးပေါက်စတို့ကို ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌတို့က စနူကာလက်ရွေးစင် အားကစားသမားများကိုလည်းကောင်း ဂုဏ်ပြုဆုများချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ် / နည်းပြများနှင့် အားကစားသမားများကိုပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် နီးကပ်လာပြီဖြစ်သည့်အတွက် ကျန်းမာရေးကို အထူးဂရုစိုက်ပြီး လေ့ကျင့်မှုများပြုလုပ်ရာတွင် Injury မရ ရှိအောင် ဂရုစိုက်လေ့ကျင့်ကြရန်၊ သွား/လာ နေထိုင်စားသောက်ရေးကိစ္စရပ်များ၊ ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်အောင် နိုင်ရေးကိစ္စရပ်များကို အဓိကထားဆောင်ရွက်စေလိုကြောင်း၊ အုပ်ချုပ်သူ/နည်းပြများ၏ စီမံကွပ်ကဲမှုများအား လေးစားလိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်ကစားရာတွင် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၏ ကိုယ်နှုတ်အမူအရာ အပြုအမူကောင်းများဖြင့် နိုင်ငံ့ဂုဏ်ကို မြင့်တက်စေရန် အမိနိုင်ငံတော်အတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြရန်နှင့် ရွှေတံဆိပ်ဆုရရှိသူများအား နိုင်ငံတော်မှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုသကဲ့သို့ သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့်သွားမည်ဖြစ်၍ ကြိုးစားကြစေလိုကြောင်း မှာကြားပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3370 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 29, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 26, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
