ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကျိုင်းတုံ - လွယ်မွေလမ်း ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / January 20, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၉

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ခရိုင်၊ မြို့နယ်များရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနအောက် ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကျိုင်းတုံ-လွယ်မွေလမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းပိုင်းဆိုင်ရာများ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ လိုက်နာဆောင်ရွက် ရန်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရက ချမှတ်ပေးထားသောရည်မှန်းချက်များနှင့်အညီ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိပြည်နယ်၊ ခရိုင်၊ မြို့နယ်အတွင်းရှိ လုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် စေတနာထားဆောင်ရွက်ရန်လိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများအပါအဝင် အဆင့်ဆင့်သော အရာထမ်း၊ အမှုထမ်းတာဝန်ခံများအနေဖြင့် ပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးနှင့် အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကတာဝန်ယူဆောင်ရွက်ရသဖြင့် ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံရာ၌ ဝန်ကြီးဌာနနှင့် နိုင်ငံတော်အစိုးရ၏ပုံရိပ်ကို ထိခိုက်စေသော လုပ်ကိုင်ဆောင်ရွက်မှုများကို အလေးထားရှောင်ကြဉ်ရမည် ဖြစ်ပါကြောင်း။

ပြည်နယ်များအတွင်းရှိ တာဝန်ထမ်းဆောင်နေသော ဌာနအကြီးအကဲဖြစ်သည့် ညွှန်ကြားရေးမှူးများက မိမိတို့ဌာနအလိုက် လက်အောက်ဝန်ထမ်းများကို ရင်းနှီးစွာဖြင့် ကြပ်မတ်သွန်သင်ပေးရန်နှင့် တစ်ဖက်တွင်လည်း လက်အောက်ဝန်ထမ်းများ၏ အခက်အခဲနှင့် သတင်းပို့တင်ပြချက်များကိုနားထောင်၍ ဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်ပြီး အဆင့်ဆင့် သောတာဝန်ခံများသည် ညီညွတ်မျှတသော စီမံခန့်ခွဲမှုစနစ်ဖြင့် အုပ်ချုပ်မှုတည်ဆောက်ရမည်ဖြစ်ပါကြောင်းပြောကြားသည်။

ထို့နောက် ပြည်နယ်အတွင်းရှိ ဦးစီးဌာနများမှ ဝန်ထမ်းတစ်ဦးချင်းက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ကျိုင်းတုံ-လွယ်မွေ လမ်း ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်နေသည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လမ်းတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်မှတ်ထားသည့် လမ်းအင်္ဂါရပ်နှင့်အညီ အရည်အသွေးပြည့်မီစေရေး၊ ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့်အချက်ပြများ စနစ်တကျတပ်ဆင်ဆောင်ရွက်ရန်နှင့် လမ်းများတွင်လမ်းလယ် မျဉ်းအဖြူနှင့် အနားသတ်မျဉ်းအဝါများကို လမ်းတစ်လျှောက် ပြည့်စုံစွာစနစ်တကျရေးဆွဲနိုင်ရေး စီမံဆောင်ရွက်ရန်၊ တာဝန်ယူထားရသော ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ လမ်းများ၏ လမ်းအမျိုးအစားအလိုက် သတ်မှတ်နယ်နိမိတ်ရှိစေရေး စစ်‌ဆေး၍အလေးထားဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားပြီး နမ့်လပ်တံတားပြုပြင်တည်ဆောက်သည့်လုပ်ငန်းခွင်နှင့် ကျိုင်းတုံ-လွယ်မွေလမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ လမ်းကွေ့များတွင် မြေသားတာပေါင်ချဲ့ခြင်းလုပ်ငန်းများနှင့် မျက်ကွယ်ကွေ့နေရာများတွင် လမ်းဖြောင့်ခြင်းလုပ်ငန်း များဆောင်ရွက်နေသည့် အခြေအနေတို့ကို လမ်းတစ်လျှောက် အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3468 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download