ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အေးသာယာမြို့ ဝင်ငွေတိုးစီမံကိန်းသင်တန်းဆင်းများ ကြည့်ရှုအားပေး၊ ရုရှားနေကြာမျိုး စမ်းသပ်စိုက်ပျိုးထားမှု ကွင်းဆင်းစစ်ဆေး


Ministry of Information/ Naypyitaw / February 05, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အတူ တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက် (၁) သို့ သွားရောက်၍ ဌာနကဖွင့်လှစ်ခဲ့သော စက်ချုပ်နည်း ပညာသင်တန်းတက်ရောက်အောင်မြင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ဒေါ်အေးအေးမွန်၏ “အိုးစည်” စက်ချုပ်လုပ်ငန်း၊ ဒေါ်အေးစန္ဒာထွန်း၏ “စန္ဒာ” စက်ချုပ်လုပ်ငန်း၊ ဒေါ်မြတ်မြတ်သင်း၏ “ရွှေအိပ်မက်” စက်ချုပ်လုပ်ငန်း၊ ဒေါ်ခင်ရွှေမာလွင်၏ “ဇလပ်ဖြူ” စက်ချုပ်လုပ်ငန်း၊ ဒေါ်သီတာခိုင်၏ “သီတာ” စက်ချုပ်လုပ်ငန်းတို့ကို ကြည့်ရှုအားပေးသည်။

ကြည့်ရှုအားပေးစဉ် ပြည်ထောင်စုဝန်ကြီးက မိသားစုဝင်ငွေတိုးပွားရေးအတွက် နိုင်ငံတော်က လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးထားပါကြောင်း၊ အမှန်တကယ်ဝင်ငွေတိုးပွားခြင်း ရှိ/ မရှိကို တာဝန်ရှိသူများက စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် အေးသာယာစစ်မှုထမ်းဟောင်းဝန်ထမ်းအိမ်ရာသို့ သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တစ်နာရီလျှင် ရေဂါလန် ၆၀၀၀ နှုန်းဖြင့် ရေရရှိရေးဆောင်ရွက်ပေးထားသော စိမ့်စမ်းရေသွယ်လုပ်ငန်းနှင့် စက်ရေတွင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများကို မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ သူဌေးကုန်းရပ်ကွက်ရှိ မြို့နယ်သမဝါယမအသင်းစုသို့ သွားရောက်ပြီး ရုရှားနေကြာမျိုးများဖြစ်သော မာ့ဟ်ဟွန်း (Markhaon) နှင့် ဗော်လ်ကန် (Valkuan) ငါးဧက စမ်းသပ်စိုက်ပျိုးထားမှုကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား အပင်အတွက်လိုအပ်သည့် မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် သွင်းအားစုများကို အချိန်မှန်ထည့်သွင်းအသုံးပြုရေး၊ စိုက်နည်းစနစ်များနှင့်အညီ စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရေးတိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်သမဝါယမအသင်းစု၏ New Hope အမျိုးအစားကြက်ကောင်ရေ ၄၀၀၀ မွေးမြူထားမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3432 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 31, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 27, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download