ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မွန်ပြည်နယ် အားကစားဥယျာဉ်အတွင်းရှိ အားကစားကွင်း၊ အားကစားရုံများနှင့် အိပ်ဆောင်များ ကြံ့ခိုင်မှုအခြေအနေနှင့် မော်လမြိုင်မြို့ရှိ ဟိုတယ်များ ကွင်းဆင်းကြည့်ရှု


Ministry of Information/ Naypyitaw / February 21, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၀

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် အားကစားဥယျာဉ်ရှိ အားကစားကွင်း၊ အားကစားရုံများနှင့် သုံးထပ်အိပ်ဆောင်၊ စားရိပ်သာ၊ စားဖိုဆောင်၊ ဝန်ထမ်းအိမ်ရာများနှင့် တည်ဆောက်လျက်ရှိသည့် မိုးလုံလေလုံအားကစားရုံ တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ဘောလုံးကွင်းမြက်ခင်း စိမ်းလန်းစိုပြည်ရေးနှင့် ရေဖျန်းစနစ် ကောင်းမွန်ရေးအတွက် ရေလှောင်ကန်တစ်ခု တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်နှင့် အားကစားဥယျာဉ်အတွင်းရှိ အဆောက်အအုံနှင့် အိပ်ဆောင်များ ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်သွားရန်၊ အိမ်ရာများတွင် နေထိုင်သည့်ဝန်ထမ်းများ သက်သာချောင်ချိစေရေးအတွက် မြေနေရာလွတ်များတွင် သီးပင်၊ စားပင်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးသွားရန်နှင့် လုံခြုံရေးအထူးဂရုစိုက်‌၍ နေထိုင်သွားရန်လိုကြောင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးအတွက် စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် အားကစားနှင့် ကာယပညာ သိပ္ပံ (မော်လမြိုင်)ရှိ ဘောလုံးကွင်း၊ တိုက်ကွမ်ဒို၊ ဂျူဒိုနှင့် ပိုက်ကျော်ခြင်း အားကစားရုံ၊ GYM ရုံ၊ ဘော်လီဘော၊ အလေးမ၊ ဖူဆယ်နှင့် လက်ဝှေ့အားကစားရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အားကစားနှင့် ပညာရေးပေါင်းစပ်အထက် တန်းကျောင်းရှိ သင်ကြားရေးဆရာ ဆရာမများနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။

ယင်းနောက် အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်)ရှိ အုပ်ချုပ်မှုရုံး စုပေါင်းခန်းမ၌ မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်)နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံပြီး နိုင်ငံ့ဝန်ထမ်းများသည် ပြည်သူ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရနှင့် ပြည်သူများကြားတွင် ပေါင်းကူးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်(၆)ချက်၊ ကျင့်ဝတ်အပါး ၃၀ နှင့်အညီ မိမိတို့အားပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားကြရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ၊ မူဝါဒများ၊ လုပ်ငန်းတာဝန်များဖြစ်သည့် အားကစားကဏ္ဍနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ မော်လမြိုင်မြို့ အထက်လမ်းမကြီး မရမ်းကုန်းရပ်ရှိ Royal Mawlamyine Hotel ၌ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဟိုတယ်အနေဖြင့် ဝန်ဆောင်မှုအရည်အသွေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လာရောက်တည်းခိုသည့် ခရီးသွားဧည့်သည်များ စိတ်ကျေနပ်မှုရရှိစေရေးနှင့် ဘေးကင်းလုံခြုံစေရေးတို့ကို အထူးအလေးထား ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ငွေမိုးဟိုတယ်၏ ဟိုတယ်လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဟိုတယ်ရှိ ဝန်ထမ်းများ၏ ဝန်ဆောင်မှုအရည်အသွေးများကို ယခုထက် ပိုမိုအဆင့်မီ ကောင်းမွန်စေရေးအတွက် လေ့ကျင့်ဆောင်ရွက်ပေးရန်၊ ဟိုတယ်လုံခြုံရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်နှင့် မီးဘေးအန္တရာယ်နှင့် လျှပ်စစ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအမံများချမှတ်၍ ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း၊ မွန်ပြည်နယ်၏ အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်စေရန် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပိုမိုအဆင့်အတန်းမြင့်မားတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3448 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 12, 2026

Publication Date: 2026

Page: 32 pages

Language: မြန်မာ

Download