ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / February 25, 2026
ရန်ကုန် ဖေဖော်ဝါရီ ၂၄
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့် ရေးသင်တန်းကျောင်း (ရန်ကင်း)၌ MSME လုပ်ငန်းများ အထောက်အပံ့ဖြစ်စေရေး၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေးနှင့် ကျွမ်းကျင်မှုသင်တန်းများကို လိုအပ်ချက်ရှိသည့် ဒေသများသို့ ရွေ့လျားသင်တန်းများအဖြစ် သွားရောက်ပို့ချနိုင်ရေး ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် အတန်းပညာ ပြီးမြောက်အောင် တက်ရောက်နိုင်ခြင်းမရှိသည့် လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များရရှိစေရေး ပညာအရည်အချင်းအပေါ်မူတည်ပြီး ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချရန်၊ သင်တန်းသားများကို အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုရှိစေရေး၊ သင်တန်းပြီးဆုံးချိန်တွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ချိတ်ဆက်ဆောင်ရွက်ရန်၊ နည်းပညာဖွံ့ဖြိုး တိုးတက်လာမှုနှင့်အတူ အဆင့်မြင့်သင်တန်းများ တိုးချဲ့ဖွင့်လှစ် ရန်မှာကြားပြီး လေအေးပေးစက်တပ်ဆင်ပြုပြင်ခြင်း သင်တန်းသားများကို တွေ့ဆုံအားပေးစကား ပြောကြားသည်။
ထို့နောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြည်ပသို့ထွက်ခွာမည့် မြန်မာအလုပ်သမားများအတွက် ဦးစီးဌာနက ပြည်ပထွက်ခွာခွင့် ခွင့်ပြုပေးထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအနေဖြင့် အများပြည်သူကို အဆင်ပြေချောမွေ့စွာ ဝန်ဆောင်မှုပေးနိုင်ရေးနှင့် အခြားလိုအပ်သည်များ မှာကြားသည်။
ယမန်နေ့မွန်းလွဲပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ အထည်ချုပ်အခြေခံသင်တန်း ဖွင့်လှစ်ပို့ချရန်ပြင်ဆင်ထားရှိမှု၊ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအတွက် လုပ်ငန်းခွင်အကြိုသင်တန်း ဖွင့်လှစ်ပို့ချနေမှုများကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းသားများ ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်ရာတွင် မိမိနှင့်နိုင်ငံ၏ ဂုဏ်သိက္ခာ စောင့်စည်းထိန်းသိမ်းရန်၊ အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်ပါ အတိုင်းအကျိုးခံစားခွင့်များ ရရှိနိုင်ရန်၊ ရောက်ရှိအလုပ်လုပ်ကိုင်ကြမည့် နိုင်ငံ၏ စည်းမျဉ်း စည်းကမ်း၊ ဥပဒေများကို လေးစားလိုက်နာကြရန်၊ အခက်အခဲကြုံတွေ့လာပါက သက်ဆိုင်ရာ မြန်မာသံရုံးသို့ အကူအညီတောင်းခံကြရန် မှာကြားသည်။ ယင်းနောက် သင်တန်းသားများကို တွေ့ဆုံအားပေးစကားပြောကြားပြီး ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ထုတ်ပေးသည့် လုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သင်္ဃန်းကျွန်းမြို့နယ်ရှိ Center for Vocational Train-ing (CVT) သင်တန်းကျောင်း၌ ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအား အလုပ်ရှင်၊ အလုပ်သမားသဘောတူ စာချုပ်ချုပ်ဆိုပေးသည့် လုပ်ငန်းစဉ်ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3452 items
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 22, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 21, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 18, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 17, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 16, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
