ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် မန္တလေးဒေသရှိရှေးဟောင်းအဆောက်အအုံ၊ စေတီ၊ ပုထိုးများအား ကွင်းဆင်းစစ်ဆေး


Ministry of Hotel & Tourism/ နေပြည်တော် / April 27, 2026


မန္တလေး ဧပြီ ၂၄

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ငလျင်ကြောင့် မန္တလေးဒေသရှိ အရိပ်မထွက်ဘုရား၊ ဘုရားနီဘုရား၊ မဟာမင်းထင် သစ်သားဘုန်းကြီးကျောင်း၊ မဟာစန္ဒာမုနိဘုရားနှင့် မဟာမုနိ ဘုရားကြီးတို့ ထိခိုက်ပျက်စီးမှုနှင့် ပြုပြင်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ အရိပ်မထွက်ဘုရား ထိခိုက်ပျက်စီးမှုနှင့် အလှူရှင်များ လှူဒါန်းမှုအရ ပြုပြင်နေမှုကို သွားရောက်စစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ပြုပြင်ရာတွင် မူလလက်ရာမပျက် ပြုပြင်သွားရန်၊ ပြုပြင်ရာတွင် ပြန်လည်အသုံးပြုနိုင်သည့် ရှေးအုတ်များကို ပြန်လည်အသုံးပြုသွားရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် အင်းဝခေတ်ဦးပိုင်းကတည်းက တည်ထားခဲ့သော ဘုရားနီဘုရားကို သွားရောက် စစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက ဘုရားကြီးအား ပြုပြင်ရာတွင် ရှေးမူမပျက်ပြုပြင်ရန်နှင့် မူလ နှစ်ထပ်ဘုရားဖြစ်ကြောင်း ပေါ်လွင်စေရန်အတွက် ပြုပြင်သည့်အခါတွင် နှစ်ထပ်စေတီများအတွက် ပြုပြင်သည့်အတိုင်း တစ်ပါတည်းဆောင်ရွက်သွားရန်၊ အတွင်းနှစ်ထပ်စေတီအတွက် ချန်လှပ် ခဲ့ရာတွင် မိုးရေစိမ့်ဝင်ခြင်းမရှိအောင် ဂရုပြုဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် မဟာမင်းထင် သစ်သားဘုန်းတော်ကြီးကျောင်းအား မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလုပ်ငန်းရှင်များအသင်း၏ ညှိနှိုင်းစီစဉ်မှု၊ ဂျပန်နိုင်ငံဘက်မှ လှူဒါန်းငွေတို့ဖြင့် ပြုပြင်နေမှု အခြေအနေကိုလည်းကောင်း၊ ဘိုးတော်ဗဒုံမင်း အေဒီ-၁၇၈၄ တွင် တည်ခဲ့သော မဟာစန္ဒာမုနိ ဘုရားခေါင်းလောင်း အထက်ပိုင်းနှင့် ပစ္စယံဆင့်များ ပြိုကျပျက်စီးမှုနှင့် အလှူရှင် လှူဒါန်းမှုဖြင့် မူလပုံသဏ္ဌာန်မပျက် ပြန်လည်ပြုပြင်နေမှုကိုလည်းကောင်း၊ မဟာမုနိဘုရားရှိ ထိခိုက်ပျက်စီးခဲ့သည့် အာရုံခံတန်ဆောင်း၊ မုခ်ဦးများ၊ ဂန္ဓကုဋိတိုက်များ ပြန်လည်ပြုပြင် တည်ဆောက်ပြီးစီးမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးနှင့်အတူ မန္တ‌လေးမြို့ရှိ Y Mandalay Hotel ၌ မန္တလေးမြို့၊ ပြင်ဦးလွင်မြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးတို့ကို တစ်ပြိုင်တည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်သည့်အတွက် ရေရှည် တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ခရီးသွားများကို မိမိတို့ဒေသခံရိုးရာဓလေ့များ၊ ရိုးရာအနုပညာရပ်များ၊ သမိုင်းဝင်နေရာများနှင့် ပိုမိုထိရောက်စွာ မိတ်ဆက်ပေးနိုင်မည့်အပြင် ယဉ်ကျေးမှုဆိုင်ရာခရီးသွားလုပ်ငန်းမှတစ်ဆင့် ဒေသခံပြည်သူများ၏ ဝင်ငွေကိုလည်း တိုးတက်ရရှိစေမည်ဖြစ်ကြောင်း၊ မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု သမိုင်းအမွေအနှစ်များ စုံလင်စွာ တည်ရှိနေသည့် မြို့တစ်မြို့ဖြစ်ပြီး ယဉ်ကျေးမှုအခြေခံ ခရီးသွား လုပ်ငန်း (Cultural Tourism) ဖော်ဆောင်ရန် အထူးကောင်းမွန်သည့် ခရီးစဉ်ဒေသကြီး တစ်ခု ဖြစ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ အားလုံးသည် အကျိုးရှိထိရောက်စွာ အသုံးချပြီး မြန်မာနိုင်ငံကို သွားလာလည်ပတ်စရာ ကောင်းမွန်သည့် ခရီးစဉ် ဒေသကြီး တစ်ခုအဖြစ် ကမ္ဘာကသိအောင် promotion and marketing ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီးက မန္တ‌လေး တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များ၊ မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်းမြို့များမှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များက အသင်းအဖွဲ့ အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ငလျင်ဒဏ်ခံ ဟိုတယ်များ လိုအပ်သည့် ထောက်ပံ့ကြေးငွေ ရရှိရေးနှင့် လျှပ်စစ်မီးရရှိရေး၊ စက်သုံးဆီရရှိရေး ကြုံတွေ့နေရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးပြီး အဆုံးအဖြတ်ကိစ္စရပ်များကို နိုင်ငံတော်အစိုးရသို့ ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဝန်ကြီးဌာနပိုင် ငှားရမ်းဟိုတယ်ဖြစ်သည့် Mandalay Swan Hotel ကို လည်းကောင်း၊ ထွန်းလှဟိုတယ်ကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Source From: MyanmarAlin

Newspaper - 3508 items

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download