ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ပေကျင်းမြို့၊ လင်ကွမ်းဘုရားကျောင်းရှိ ဗုဒ္ဓမြတ်စွယ်တော်အား သွားရောက်ဖူးမြော်ကြည်ညို
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ပေကျင်းမြို့၊ လင်ကွမ်းဘုရားကျောင်းရှိ ဗုဒ္ဓမြတ်စွယ်တော်အား သွားရောက်ဖူးမြော်ကြည်ညို
Ministry of Information/ Naypyitaw / September 02, 2025

နေပြည်တော် စက်တင်ဘာ ၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် ပေကျင်းမြို့၊ လင်ကွမ်းဘုရားကျောင်းရှိ ဗုဒ္ဓမြတ်စွယ်တော်အား သွားရောက်ဖူးမြော်ကြည်ညိုသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လင်ကွမ်းဘုရားကျောင်းသို့ ရောက်ရှိကြရာ ကျောင်းတိုက်မှ တာဝန်ရှိသူများနှင့် ဒေသခံဗုဒ္ဓဘာသာဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် စွယ်တော်ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး ဗုဒ္ဓမြတ်စွယ်တော်အား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ဖူးမြော်မှုအခြေအနေများ၊ ဗုဒ္ဓမြတ်စွယ်တော်အား မြန်မာနိုင်ငံသို့ပင့်ဆောင်အပူဇော်ခံလိုမှုနှင့် စွယ်တော်မြတ်ကျောင်းတိုက်အတွက် လိုအပ်ချက်များအား မေးမြန်းလျှောက်ထားရာ ဆရာတော်ကြီးက ပြည်တွင်း၊ ပြည်ပဘုရားဖူးများ လာရောက်ဖူးမြော်လျက်ရှိမှုနှင့် စွယ်တော်မြတ်ကျောင်းတိုက်အား ပြုပြင်မွန်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား ပြန်လည်မိန့်ကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံ ကျောင်းထိုင်ဆရာတော်ကြီးက ဓမ္မလက်ဆောင်များပေးအပ်သည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စွယ်တော်မြတ်ကျောင်းတိုက်အတွက် ဘက်စုံစုပေါင်းအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် စွယ်တော်မြတ်စေတီတော် ကျောင်းတိုက်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး စွယ်တော်မြတ်စေတီတော်အတွင်း ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ကြည်ညိုရာ ကျောင်းထိုင်ဆရာတော်ကြီးက ဗုဒ္ဓမြတ်စွယ်တော်သမိုင်းအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကျောင်းတိုက်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကြသည်။
အဆိုပါ ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်စံပယ်တော်မူသည့် လင်ကွမ်းဘုရားကျောင်းသည် ပေကျင်းမြို့တွင်တည်ရှိပြီး ဗုဒ္ဓ၏ စွယ်တော်၊ ဓာတ်တော်နှင့် ရှေးဟောင်းစေတီတော်များ တည်ရှိသောကြောင့် လူသိများသော သမိုင်းဝင်ဗုဒ္ဓဘုရားကျောင်းတစ်ခုဖြစ်ကြောင်း၊ အဆိုပါဘုရားကျောင်းအား တန်မင်းဆက်လက်ထက်တွင် တည်ဆောက်ခဲ့ပြီး မူလက ကျိမ်ကျယ်ဘုရားကျောင်းဟုခေါ်တွင်ခဲ့ကြောင်း၊ လျောင်မင်းဆက်လက်ထက်တွင် ဘုရားကျောင်းကို ပြန်လည်တည်ဆောက်ခဲ့ပြီး လင်ကွမ်းဘုရားကျောင်းဟု အမည်ပြောင်းလဲခဲ့ကြောင်း၊ မင်မင်းဆက်လက်ထက်တွင် ဘုရားကျောင်းသည် ဝတ်ပြုရေးနှင့်ဘုရားဖူးခရီးစဉ်ကို အဓိကဗဟိုပြုချက်ဖြစ်လာခဲ့ကြောင်း၊ ချင်မင်းဆက်၊ ချင်လုံဧကရာဇ်လက်ထက် ၁၇၄၈ ခုနှစ်တွင် အုတ်နှင့်ကျောက်တို့ဖြင့် ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်ရန် Tooth Relic စေတီကိုတည်ဆောက်ခဲ့ကြောင်း၊ စေတီတော်သည် ၁၃ ထပ်ရှိပြီး အဋ္ဌဂံအုတ်မျှော်စင်ဖြစ်ကြောင်း၊ ချင်မင်းဆက်ကျဆုံးပြီး ၁၉ ရာစု မှ ၂၀ ရာစုအစောပိုင်း နိုင်ငံရေးမငြိမ်သက်မှုများကြောင့် ဘုရားကျောင်းထိန်းသိမ်းမှုကို ထိခိုက်စေခဲ့ပြီး ဒုတိယတရုတ်-ဂျပန်စစ်ပွဲ(၁၉၃၇-၁၉၄၅)အတွင်း ပျက်စီးခဲ့ကြောင်း၊ ၁၉၈၀ ခုနှစ်နောက်ပိုင်း ပြုပြင်ပြောင်းလဲရေး ခေတ်နောက်ပိုင်းတွင် ပြန်လည်၍ ပြုပြင်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်စံပယ်တော်မူသည့် စေတီတော်အား ပြန်လည်ပြုပြင်မွန်းမံခြင်းများ ဆောင်ရွက်ထားကြောင်း၊ အဆိုပါလင်ကွမ်းဘုရားကျောင်းရှိ ဗုဒ္ဓမြတ်စွယ်တော်အား ၁၉၅၅ ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၉၄ ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၉၆ ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၁၁ ခုနှစ်တွင် တစ်ကြိမ် မြန်မာနိုင်ငံသို့ ပင့်ဆောင်ပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။
Newspaper - 3274 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် ၊ စက်တင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် ၊ စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် ၊ သြဂုတ် ၃၀ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် ၊ သြဂုတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက် ၊ သြဂုတ် ၂၆ ရက်၊ အင်္ဂါနေ့။
