ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အထူးလေယာဉ်ပေါ်၌ မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြား
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အထူးလေယာဉ်ပေါ်၌ မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြား
Ministry of Information/ Naypyitaw / September 29, 2025

နေပြည်တော် စက်တင်ဘာ ၂၉
ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ်လည်းကောင်း၊ ကာဇတ်စတန်နိုင်ငံသမ္မတ H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ်ကြားချက်အရ ကာဇတ်စတန်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ်လည်းကောင်း အသီးသီးသွားရောက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ကာဇက်စတန်နိုင်ငံ၊ အက်စတာနာလေဆိပ်မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရာ ကာဇက်စတန်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် (၁) Mr. Roman Sklyar ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ထိုသို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာစဉ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် အထူးလေယာဉ်ပေါ်၌ မီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို လက်ခံဖြေကြားခဲ့ပြီး မေးမြန်းဖြေကြားမှုအပြည့်အစုံကို ယခုလိုပဲဖော်ပြလိုက်ရပါတယ် -
၁။ သမ္မတကြီးအနေနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ Atom Museum ၌ ကျင်းပပြုလုပ်ခဲ့တဲ့ “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic week forum)" ကို တက်ရောက်ခဲ့ရတာကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ နိုင်ငံသားများအပေါ်မှာ ဘယ်လိုအကျိုးရလာဒ်တွေ ရရှိခဲ့ပါသလဲ။ နိုင်ငံတော်အတွက် မည်ကဲ့သို့သော ကဏ္ဍတွေမှာ အကျိုးရလာဒ်ကောင်းတွေကို ဖော်ဆောင်လို့ရနိုင်မလဲဆိုတာ သိလိုပါတယ်။
မော်စကိုမြို့မှာ ပြုလုပ်တဲ့ ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic week forum) ကိုတက်ရောက်ဖို့အတွက် သမ္မတကြီးပူတင်ရဲ့ ဖိတ်ကြားချက်အရ ကျွန်တော်သွားတာဖြစ်ပါတယ်။ အဲ့ဒီမှာတော့ သမ္မတကြီးပူတင်၊ ဘယ်လာရုစ်သမ္မတ၊ အာမေးနီးယားဝန်ကြီးချုပ်၊ အီသီယိုးပီးယားဝန်ကြီးချုပ်၊ အခြားခေါင်းဆောင်များ၊ IAEA ရဲ့ ညွှန်ကြားရေးမှူးချုပ်တို့ သူတို့နဲ့တွေ့ဆုံပြီးတော့မှ နှစ်ဘက်ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေတွေကိုလည်း ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒီညီလာခံဟာ ထူးခြားတဲ့ ညီလာခံတစ်ခုလည်းဖြစ်ပါတယ်။ အဓိကကတော့ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးနဲ့ ပတ်သက်ပြီးတော့ အမြင်ချင်းဖလှယ်ကြတာလည်း ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့လည်း IAEA အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကြောင့် အဏုမြူစွမ်းအင်ကို လူသားအကျိုးပြုလုပ်ငန်းတွေမှာ အသုံးပြုနိုင်အောင် အမြင်ချင်းဖလှယ်တာလည်းဖြစ်ပါတယ်။ ရရှိခဲ့တဲ့အကျိုးကတော့ တော်တော်လေးကောင်းတယ်လို့ ပြောရမှာဖြစ်ပါတယ်။
၂။ ယခုရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ ကာဇက်စတန်သမ္မတနိုင်ငံ ခရီးစဉ်အတွင်းမှာ ရုရှားသမ္မတကြီးနဲ့ရော ကာဇက်စတန်သမ္မတကြီးနဲ့ရော တွေ့ဆုံဆွေးနွေးမှုတွေကို ဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက် ဘယ်လိုအကျိုးရလာဒ်တွေ ရရှိအောင်ဆွေးနွေးနိုင်ခဲ့ပါသလဲဆိုတာ သိရှိလိုပါတယ်။
ရုရှားသမ္မတကြီး ပူတင်နဲ့ သီးခြားတွေ့ဆုံနိုင်ခဲ့တာရှိပါတယ်။ မတ်လမှာ တွေ့ဆုံခဲ့ပြီးဖြစ်ပြီးတော့ တွေ့ဆုံခဲ့တဲ့ရလာဒ်တွေကို မူတည်ပြီးတော့ တိုးတက်မှုအခြေအနေတွေပေါ့ဗျာ။ ဒါတွေကို ဘယ်လိုသုံးသပ်ကြမလဲ။ နှစ်ဘက်သုံးသပ်ပြီးတော့ ဒီထက်ပိုပြီးတော့မှ ဒီထက်ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေကို တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့က ကူးသန်းရောင်းဝယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စ၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ အာကာသနှင့် အဏုမြူဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ဒါတွေကို ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့တာရှိပါတယ်။
အလားတူစွာပဲ ကာဇက်စတန်ကိုရောက်ရှိတဲ့အခါမှာလည်း ကာဇက်စတန်သမ္မတကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါလည်း ဒုတိယအကြိမ် ဆွေးနွေးတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လကတစ်ခဆွေးနွေးခဲ့ပါတယ်။ ပထမအကြိမ် ဆွေးနွေးခဲ့တဲ့ ရလာဒ်အပေါ်မူတည်ပြီးတော့ ကျွန်တော်တို့ဘယ်ကဏ္ဍတွေမှာ ပိုပြီးတိုးချဲ့ဖို့လုပ်မလဲ။ မြန်မာနိုင်ငံမှာ ဘာကိုရင်းနှီးမြှုပ်နှံမှုလုပ်မလဲ။ မြန်မာနိုင်ငံက ထုတ်ကုန်ပစ္စည်းတွေ အသုံးပြုပြီးတော့မှ ကာဇက်စတန်နိုင်ငံမှာ တန်ဖိုးမြင့်ပစ္စည်းတွေ ဘယ်လိုထုတ်လုပ်ကြမလဲ။ သိပ္ပံနဲ့နည်းပညာဆိုင်ရာကဏ္ဍတွေ ဘယ်လို့ပူးပေါင်းဆောင်ရွက်ကြမလဲ။ မြို့ပြဆိုင်ရာကဏ္ဍတွေမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ။
ဒါတွေလည်း ကျွန်တော်တို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ရလာဒ်တွေရခဲ့တယ်လို့ ပြောလိုပါတယ်။
၃။ သမ္မတကြီးအနေနဲ့ ကာဇက်စတန်နိုင်ငံကို ပထမဆုံးလာရောက်တဲ့ မြန်မာနိုင်ငံက ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ သိရှိရပါတယ်။ အနာဂတ်ကာလများမှာလည်း မြန်မာနိုင်ငံနဲ့ ကာဇက်စတန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ပိုမိုတိုးတက်ဆောင်ရွက်ဖို့ရှိပါသလားဆိုတာ သိရှိလိုပါတယ်။
စောစောက ကျွန်တော်ပြောသလိုပေါ့ဗျာ။ ကာဇက်စတန်သမ္မတနဲ့ကတော့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခြင်းပဲဖြစ်ပါတယ်။ ကာဇက်စတန်နဲ့ကျွန်တော်တို့က သံတမန်ဆက်ဆံမှုက ၂၆ နှစ်ရှိပါပြီ။ ပြီးခဲ့တဲ့ ၁၉၉၉ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့က သံတမန်ဆက်ဆံမှုလုပ်ခဲ့တာဖြစ်ပြီး ကျွန်တော်ရောက်တဲ့နေ့က ၂၇ ရက်နေ့ဖြစ်ပါတယ်။ အဲ့ဒီတော့ ၂၆ နှစ်ပြည့်ပြီး တစ်ရက်မှာရောက်တာပေါ့လေ။ ထူးခြားမှုရှိပါတယ်။ သူတို့သမ္မတကြီးကလည်း ဒါကိုအလေးထားပြီးပြောပါတယ်။ မြန်မာနိုင်ငံခေါင်းဆောင်တစ်ယောက်အနေနဲ့ ပထမဦးဆုံးလာတဲ့ ခရီးစဉ်ဖြစ်တယ်။ New Step ခြေလှမ်းသစ်တစ်ခုကို စခဲ့တယ်ဆိုတာလေးသူပြောတာပေါ့။ စောစောက ကျွန်တော်ပြောသလိုပဲ နှစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်တွေမှာ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ရေး၊ နောက်တစ်ခါရင်းနှီးမြှုပ်နှံမှုကိစ္စရပ်တွေ၊ သိပ္ပံနှင့် နည်းပညာကိစ္စရပ်တွေ၊ ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ၊ ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စရပ်တွေ ဒါတွေကျွန်တော်တို့ ပြောဆိုဆွေးနွေးနိုင်ခဲ့တာရှိပါတယ်။ ကာဇက်စတန်နိုင်ငံက တိုးတက်တဲ့နိုင်ငံတစ်ခုဆိုတာ မြင်ပါတယ်။ အဓိကကတော့ မြေပေါ်မြေအောက်သယံဇာတပစ္စည်းတွေ။ အထူးသဖြင့် မြေအောက်သယံဇာတပစ္စည်းတွေ ရေနံနဲ့ဓာတ်ငွေ့တို့ ကြေးနီ၊ ရွှေ၊ ခရိုမီယမ်၊ သံ တော်တော်လေးထွက်ပါတယ်။ ကမ္ဘာမှာလည်း ထိပ်တန်းတင်ပို့တဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာလည်း ထိပ်တန်းတင်ပို့တဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလည်း လုပ်တဲ့နိုင်ငံတစ်ခုပါ။ သူနိုင်ငံက ဂျုံက ကမ္ဘာ့မှာ အကောင်းဆုံးဂျုံထဲမှာ ပါတာတွေ့ပါတယ်။ ဒါလည်း နမူနာသုံးစွဲကြည့်ပြီး ဖြစ်ပါတယ်။ ထိုအတူပဲ မြန်မာနိုင်ငံက ထုတ်ကုန်ပစ္စည်းထဲမှာလည်း အဓိကတော့ ပေါ်ဆန်းမွှေးဆန်ပေါ့။ ပေါ်ဆန်းမွှေးဆန်ကို တော်တော်လေးစိတ်ဝင်စားပါတယ်။ မြန်မာနိုင်ငံကလည်း ဘယ်လိုလမ်းကြောင်းကနေ ပို့မလဲပေါ့။ ဒီဟာတွေ ဆွေးနွေးနိုင်ခဲ့တာ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တွေ့ဆုံနိုင်ခဲ့မှု အခြေအနေကတော့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနယ်ပယ်ကို နှစ်ဦးနှစ်ဖက်ကနေ စိတ်အားထက်သန်စွာနဲ့ တိုးချဲ့ဆောင်ရွက်သွားဖို့ ဆန္ဒရှိတာတွေ့ရပါတယ်။
၄။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကို တည်ဆောက်သည့်အခါ နိုင်ငံတော်အကြီးအကဲ၊ နိုင်ငံတော်အစိုးရက အဘက်ဘက်မှ လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိနေပါတယ်။ ပြည်သူပြည်သားများအနေနဲ့လည်း ဒီလုပ်ငန်းစဉ်များ အောင်မြင်ဖို့ ဘယ်လိုတွေ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သင့်သလဲဆိုတာကို သိရှိလိုပါတယ်။
အဓိကတော့ ကျွန်တော်တို့က ဘက်ပေါင်းစုံက ကြိုးစားဖို့လိုတယ်။ တစ်ဖက်ကလည်း နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေလည်း ပြည်ထောင်စုရဲ့အကျိုးကို ရည်မှန်းပြီးတော့ အမြင်ကျယ်ကျယ်နဲ့ လုပ်ဖို့လိုတယ်။ တချို့ပြောဆိုနေကြတာတွေက အားနည်းချက်က ရှိတယ်လို့ ကျွန်တော်မြင်တယ်။ အဓိကတော့ သူတို့နိုင်ငံရေးအရ ဘာသာရေးအရ တိုင်းရင်းသားရေးအရ တချို့ပြောဆိုနေတာလေးပေါ့။ ပြောဆိုတာလေးတွေက ဒီထက်ပိုပြီး အမြင်ကျယ်ကျယ်နဲ့ ပြောဆိုလုပ်ကိုင်မယ်ဆို ပိုကောင်းမယ်လို့ ကျွန်တော်တို့မြင်ပါတယ်။ တစ်ဖက်ကလည်း ကျွန်တော်တို့တွေ ကြိုးစားအားထုတ်မှုလည်းလိုတယ်။ ကြိုးစားအားထုတ်တာက နှစ်ပိုင်းပေါ့ တစ်ခုကတော့ ပညာသင်ကြားရေးအပိုင်းကို သွားရမယ်။ ဒါကငြင်းပယ်လို့မရဘူး။ ပကတိတိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေက ပညာရေးအားနည်းတဲ့ အခြေအနေမှာ ရှိတယ်လို့မြင်တယ်။ ဒုတိယက ဘာလဲဆိုရင် ကုန်ထုတ်လုပ်မှုအလုပ်လုပ်မှုပေါ့။ ဒီနှစ်ခုကျွန်တော်တို့ လုပ်ကိုလုပ်ရမယ်။ ကျွန်တော်အရင်က ပြောခဲ့ဖူးပါတယ်။ ကျွန်တော်တို့က အရင်တုန်းက ကျွန်တော်ပြောခဲ့ဖူးပါတယ်။ အဲ့တာဘာလဲဆိုရင် သယံဇာတပစ္စည်းတွေအပေါ်မှာပဲ ရောင်းတာပေါ့။ တွင်းထွက်ပစ္စည်းရေနံဓာတ်ငွေ့ပစ္စည်းတွေ သစ်တောထွက်ပစ္စည်းတွေ ရောင်းတာရှိမယ်။ ဒါပေမယ့် ကျွန်တော်တို့က အလုပ်လုပ်ပြီး ထုတ်လို့ရတဲ့ ပစ္စည်းတင်ပို့ရောင်းချမှုက အားနည်းပါတယ်။ ဒါကျွန်တော်က ထောက်ပြပါတယ်။
ဒါ့ကြောင့် ကျွန်တော်တို့က ကျွန်တော်တို့ဆီမှာရှိတဲ့ ရေမြေတောတောင်တွေကို အသုံးချပြီးတော့မှ ကုန်ထုတ်လုပ်မှုလုပ်ငန်းကို သွားဖို့လိုတယ်။ အဲ့တာတော့ ခိုင်မာတဲ့လုပ်ငန်းပဲ။ ခုနကသယံဇာတထုတ်ရောင်းတယ်ဆိုတာ ခိုင်မာတဲ့လုပ်ငန်းတော့မဟုတ်ဘူး။ ခိုင်မာတဲ့လုပ်ငန်းဆိုတာ အလုပ်လုပ်ဖို့လိုတယ်။ ကျွန်တော်ကာဇက်စတန်သွားတဲ့အချိန်မှာ သတိပြုမိတာရှိတယ်။ ကျွန်တော်တို့က GDP မှာ သုံးခုဖော်ပြပါတယ်။ ဘာလဲဆိုတော့ စိုက်ပျိုးရေးကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး ဝန်ဆောင်မှုကဏ္ဍကြီးပေါ့။ သူတို့က စိုက်ပျိုးရေးကဏ္ဍတော်တော်နည်းတာတွေ့တယ်။ စက်မှုကဏ္ဍနဲ့ ဝန်ဆောင်မှုကဏ္ဍကတော့ တော်တော်လေးများတာ တွေ့ပါတယ်။ စိုက်ပျိုးရေးကဏ္ဍ က ၂၀ ရာခိုင်နှုန်းလောက် ရှိတာပေါ့။ သူတို့လည်း သတိပြုမိမယ်ထင်ပါတယ်။ စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုတွေ တော်တော်လေးအားပေးနေတာ တွေ့ပါတယ်။ သူတို့နိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်မယ်ဆိုရင် ချက်ချင်းကို တိုတောင်းတဲ့ ကာလအတွင်းမှာ ခွင့်ပြုပေးတယ်လို့ပြောတယ်။ ကျွန်တော်တို့ဆီမှာလည်း ကုန်ထုတ်လုပ်မှု နဲ့ ပတ်သက်လို့ရင် လူတိုင်းက စိတ်ဝင်စားဖို့လိုတယ်။ အရောင်ငြူအဝယ်ထက် ကုန်ထုတ်လုပ်မှုကို အရင်စလုပ်ပြီးတော့ ကုန်ထုတ်လုပ်မှုကတစ်ဆင့် တိုင်းပြည်ဝင်ငွေကို ရအောင်ရှာရမှာ ဖြစ်ပါတယ်။ ဒါကို နိုင်ငံတော်အနေနဲ့ သတိပြုမိဖို့ လိုတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။
၅။ ယခုခရီးစဉ်ဟာ အောင်မြင်တဲ့ခရီးစဉ်ဖြစ်ခဲ့ပြီး နေ့မအား၊ ညမနား ဆောင်ရွက်ခဲ့တာတွေကို မြင်တွေ့ရတဲ့အတွက်လည်း ဂုဏ်ယူဝမ်းသာမိပါတယ်။ သမ္မတကြီးအနေနဲ့လည်း ဒီခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ဘာများပြောလိုပါသေးလဲ။
အောင်မြင်တဲ့ ခရီးစဉ်ပါခင်ဗျာ။ ကျွန်တော်တို့က သွားတဲ့အချိန်မှာ အဏုမြူကိစ္စနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ နောက်တစ်ခါ အာကာသနဲ့ ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ အဲ့တာလည်း နိုင်ငံအတွက် ခြေလှမ်းသစ်တွေစပြီး ချလိုက်တာပေါ့။ နောက်တစ်ခုက ကာဇက်စတန်နိုင်ငံပေါ့။ ကာဇက်စတန် နိုင်ငံက တရားဝင်လွတ်လပ်ရေးရတာတော့ ၁၉၉၁ ခုနှစ် နောက်ပိုင်းကြမှ လွတ်လပ်ရေးရတာပါ။ ဒါပေမယ့် သမိုင်းကြောင်းအခြေခံက အများကြီးရှိပါတယ်။ သူရဲ့ လူသားအရင်းအမြစ် သဘာဝအရင်းအမြစ်တွေကို အသုံးချပြီး လုပ်တဲ့အခါမှာ အခုတိုးတက်မှုတွေက မျက်ဝါးထင်ထင်မြင်ရတာပေါ့။ ဒီလိုပဲ အက်စတာနာမြို့တော်တည်လာတာ ကျွန်တော်တို့ နေပြည်တော်ထက် နည်းနည်းလေးပဲစောပါတယ်။ မြေအနေအထားပေးတဲ့ အတွက်ကြောင့် တည်ဆောက်ရေးက အားရအတုယူစရာတွေ တွေ့တာပေါ့။ ကျွန်တော်သွားကြည်ခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံလည်း ဒီလိုမျိုးတိုးတက်တဲ့ မြို့ပြတည်ဆောက်မှုတွေ ဘယ်လိုလုပ်ကြမလဲဆိုတာလည်း စဉ်းစားလုပ်ကိုင်လို့ရတာပေါ့။ ဒါကလည်း အောင်မြင်မှုလို့ ကျွန်တော်ပြောချင်ပါတယ်။
Newspaper - 3303 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက် ၊ စက်တင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက် ၊ စက်တင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 29, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 28, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 28, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 28, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၆ ရက် ၊ စက်တင်ဘာ ၂၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 27, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၅ ရက် ၊ စက်တင်ဘာ ၂၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 26, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၄ ရက် ၊ စက်တင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 25, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ ရက် ၊ စက်တင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက် ၊ စက်တင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download