ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ရှိ ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းများသို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ရှိ ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းများသို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Ministry of Information/ Naypyitaw / February 16, 2026
နေပြည်တော် ဖေဖော်ဝါရီ ၁၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ရှိ ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ စီမံကိန်းရှင်းလင်းဆောင်၌ တာဝန်ရှိသူတစ်ဦးက ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်းအား ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မိုးရာသီမရောက်ရှိခင်ကာလအတွင်း လိုအပ်သည့် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန်၊ လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်းခြင်းလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်ထားရန်နှင့် ဓာတ်အားဖြန့်ခွဲမည့်အစီအမံများအား ကြိုတင်ရေးဆွဲထားရှိရန်၊ ရာသီဥတုဆိုးရွားသည့်နေရာဖြစ်သဖြင့် အခြေခံ Foundation များအား မိုးရာသီမတိုင်မီ ပြီးစီးအောင်ဆောင်ရွက်သွားရန်၊ ယခုစီမံကိန်းမှတစ်ဆင့် ဒေသ၏လူမှုအကျိုးစီးပွားကို များစွာအထောက်ကူပြုနိုင်သဖြင့် စီမံကိန်းအား စနစ်တကျဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ဟွေထိုက်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ပုံစံငယ်နှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
အဆိုပါဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်းအား စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ ဟွေထိုက်ချောင်းပေါ်တွင် ၂၀၂၃ ခုနှစ်မှစတင်၍တည်ဆောက်နေခြင်းဖြစ်ပြီး ၄ မဂ္ဂါဝပ်တပ်ဆင်စက်အင်အားရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ နှစ်စဉ်လျှပ်စစ်ဓာတ်အား ၂၀ ဒသမ ၃၈၁ ကီလို ဝပ်နာရီသန်းကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက လဟယ်မြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာ ၁၂ ရွာ၊ အိမ်ထောင်စု ၁၇၁၈ စုကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည့်အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် အဖွဲ့ဝင်များလိုက်ပါ၍ လဟယ်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းသို့ ရောက်ရှိပြီး နာဂတောင်တန်းသာသနာပြု ဗဟိုခေါင်းဆောင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တသုမနအား ဖူးမြော်ကြည်ညိုကာ စုပေါင်းနဝကမ္မအလှူတော်ငွေများ၊ ဆန်၊ ဆီ၊ ဆားနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဆရာတော်အား သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ မေးမြန်းလျှောက်ထားပြီး ဆရာတော်၏မိန့်ကြားမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများကို လမ်းညွှန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် လဟယ်မြို့ရှိ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ပညာရေးကြိုးစားအားထုတ်မှုရှိစေရေး အားပေးစကားပြောကြားသည်။
အလားတူ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ဇနီး ဒေါ်ကြူကြူလှသည် ကော်မရှင်အတွင်းရေးမှူး၏ ဇနီး၊ အဖွဲ့ဝင်များ လိုက်ပါ၍ လဟယ်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြုသီလရှင်ကျောင်းသို့ သွားရောက်၍ သီလရှင်ဆရာကြီးများအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် သီလရှင်ဆရာကြီးများ၏ မိန့်ကြားမှုများအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Newspaper - 3443 items
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 16, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 15, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 14, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 12, 2026
Publication Date: 2026
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 11, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 10, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 09, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 08, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 07, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
