ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ စိမ်းလန်းစိုပြေရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ စိမ်းလန်းစိုပြေရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / May 17, 2026
နေပြည်တော် မေ ၁၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ စိမ်းလန်းစိုပြေရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E FALLS)
ဦးစွာ နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS)သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အဖွဲ့ဝင်များသည် 5D LED မှန်တံတားအား ဖြတ်သန်းကြပြီး ဆင်ကလေးများ၏ ကျွမ်းကျင်မှုနှင့်အလှပြ ပြကွက်များ၊ Dinosaur Kingdom အတွင်းခင်းကျင်းထားရှိမှုများကို ဘာဂီယာဉ်ငယ်များဖြင့် လှည့်လည်ကြည့်ရှုပြီး Sky Cable Car ဖြင့် လိုက်ပါစီးနင်းသည်။ ယင်းနောက် နိုင်ငံတော်သမ္မတသည် အပန်းဖြေစခန်းအတွင်း 5D Cinema ဆောင်ရွက်သွားမည့်အခြေအနေများအား ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး အပန်းဖြေစခန်းအတွင်း ဘာဂီယာဉ်ငယ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ထိုသို့ လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS) အတွင်း ခရီးသွားများ၊ ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် အပန်းဖြေအနားယူနိုင်ရေးအတွက် အမြဲသန့်ရှင်းသာယာလှပပြီး စိမ်းလန်းစိုပြေမှုရှိအောင် ဆောင်ရွက်ထားရှိရန်၊ သစ်ပင်ပန်းမန်များကို စနစ်တကျစိုက်ပျိုးရန်၊ လျှောက်လမ်းများနှင့် တံတားများကောင်းမွန်စေရေး ဆောင်ရွက်ထားရှိရန်၊ ချောင်းရိုးတစ်လျှောက် သန့်ရှင်းသာယာရေးနှင့် ရေများသန့်ရှင်းကြည်လင်မှုရှိစေရေး ထိန်းသိမ်းစောင့်ရှောက်သွားရန်၊ ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် စနစ်တကျရှိစေရေး ဝန်ဆောင်မှုကောင်းပေးသွားရန်နှင့် အခြားဖြည့်စွက် ဆောင်ရွက်သင့်သည်များကို လမ်းညွှန်မှာကြားသည်။
ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS)ကို သဘာဝအလျောက်တည်ရှိနေသည့် သစ်ပင်ကြီးများ၊ ကျောက်တုံးများနှင့် စီးဆင်းနေသောချောင်းရေအား အရည်အသွေးမြှင့်ထိန်းသိမ်းပြီး သစ်တောဂေဟစနစ်များကို လေ့လာနိုင်သည့်နေရာတစ်ခုအဖြစ် ဖန်တီးတည်ဆောက်ရန်၊ နိုင်ငံတကာအဆင့်မီ သဘာဝအပန်းဖြေစခန်းတစ်ခုအဖြစ်တည်ဆောက်ရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြင့်မားစေရေးကို အထောက်အကူဖြစ်စေရန်စသည် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၁ ခုနှစ်တွင် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ အပန်းဖြေစခန်းအတွင်း လာရောက်လည်ပတ်သူ ခရီးသွားပြည်သူများ စိတ်အပန်းပြေစေရန်ရည်ရွယ်၍ အဆင့်မြှင့်တင်ဆောင်ရွက်ထားပြီး 5 D LED မှန်တံတား၊ အရှည် ၅၅၄ မီတာရှိ Sky Cable Car Roller Coaster Bumper Car ၊ Tea Cups ၊ Marry-Go-Round ၊ Dinosaur Kingdom ၊ တောတွင်းလျှောက်လမ်းများ၊ အပန်းဖြေနေရာများ၊ ကလေးကစားကွင်းများကို ထည့်သွင်းဆောင်ရွက်ထားရှိပြီး သဘာဝပတ်ဝန်းကျင်အလှအပများကို ကြည့်ရှုခံစားနိုင်ကာ ပြင်ဦးလွင်မြို့၏ Land Mark နေရာများမှ တစ်ခုအဖြစ် ပြည်တွင်းပြည်ပမှ ခရီးသွားများ၊ လာရောက်အပန်းဖြေသူများဖြင့် စည်ကားများပြားလျက်ရှိသည်။
သုမင်္ဂလာဈေးနှင့် အမျိုးသားကန်တော်ကြီးဥယျာဉ်
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အဖွဲ့ဝင်များသည် သုမင်္ဂလာဈေး (ညံတောဈေး) အဆင့်မြင့်ဈေးသစ်သို့ ရောက်ရှိကြပြီး ဈေးဆိုင်ခန်းများအလိုက် ဖွင့်လှစ်ရောင်းချနေမှုများကို လိုက်လံကြည့်ရှုပြီး ဈေးကွက်ရရှိမှုနှင့် ဈေးရောင်းချရရှိမှုအခြေအနေများကို မေးမြန်းအားပေးစကားပြောကြားကာ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ရောက်ရှိကြပြီး ဥယျာဉ်အတွင်း သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေးထိန်းသိမ်းဆောင်ရွက်ထားရှိမှု၊ ကျေးငှက်တိရိစ္ဆာန်များအား စနစ်တကျ မွေးမြူပြသထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကန်တော်ကြီးအတွင်းရှိ ငါးများနှင့် ဘဲငန်းများကို အစာကျွေးသည်။
ထို့နောက် ဥယျာဉ်ရှင်းလင်းဆောင်ခန်းမတွင် နိုင်ငံတော်သမ္မတအား ဥယျာဉ်မှ တာဝန်ရှိသူများက အမျိုးသားကန်တော်ကြီးဥယျာဉ်ဆိုင်ရာအချက်အလက်များ၊ နိုင်ငံတော်အကြီးအကဲရောက်ရှိစစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ ဥယျာဉ်အတွင်း ရေအရင်းအမြစ်ထိန်းသိမ်းထားရှိမှု၊ ဥယျာဉ်သန့်ရှင်းသာယာလှပရေးအတွက် ဥယျာဉ်ဝန်ထမ်းများဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိမှု၊ ပန်းပွဲတော်များအား နှစ်အလိုက်ကျင်းပပြုလုပ်လျက်ရှိမှုနှင့် အခြားလူထုစုပေါင်းလှုပ်ရှားမှုများအား အခါအားလျော်စွာ ဆောင်ရွက်ပေးလျက်ရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက အမျိုးသားကန်တော်ကြီးဥယျာဉ်သည် ပြင်ဦးလွင်မြို့၏အထင်ကရ Land Mark နေရာတစ်ခုဖြစ်သဖြင့် ကန်များ၌ ရေများအမြဲပြည့်နေပြီး သစ်ပင်ပန်းမန်အလှအပများဖြင့် အစဉ်လှပနေစေရေး ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဥယျာဉ်အတွင်း မျက်စိပသာဒဖြစ်စေရေးအတွက် သစ်ပင်များအား အောက်ခြေရှင်းခြင်း၊ အလင်းဖွင့်ခြင်းများအားကို ဆောင်ရွက်သွားရန်နှင့် သဘာဝအတိုင်းနှစ်လိုချမ်းမြေ့ဖွယ် မြင်ကွင်းရရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြင်ဦးလွင်ဒေသတွင် ဆယ့်နှစ်လရာသီပတ်လုံး ဖူးပွင့်နိုင်ပြီး ရနံ့စုံသည့်ပန်းမျိုးစုံရှိသည့်အတွက် ဒေသသို့လာရောက်ကြသည့် ခရီးသွားအပန်းဖြေသူဧည့်သည်များ မည်သည့်အချိန်တွင် လာရောက်သည်ဖြစ်စေ စိတ်ချမ်းသာမှုရှိစေရေးပန်းများ အမြဲမပြတ်ဖူးပွင့်လှပနေအောင် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပန်းတို့၏သဘောသည် လူကိုလန်းဆန်းစေပြီး လူတိုင်းနှစ်သက်ကြကြောင်း၊ ပန်းအလှအပများ၊ ကန်ရေပြင်၊ အေးမြလတ်ဆတ်သည့် ရေထု၊ လေထုတို့ဖြင့် မြို့ကိုလာရောက်သူများ စိတ်အေးချမ်းမှုရရှိစေရန် ပေးစွမ်းနိုင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကန်တော်ကြီးဥယျာဉ် အမြဲစိမ်းလန်းစိုပြည်စေရေး၊ ရေကန်များရေဝင်ရေထွက်ကောင်းမွန်စေရေး တာဝန်ရှိသူတို့က ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း။
ဒေသမျိုးရင်းပန်းများဖြစ်သည့် မေမြို့ပန်းနှင့် ဂန္ဓမာပန်းတို့ကို ပိုမိုတိုးတက်စိုက်ပျိုးနိုင်ရေး မျိုးစေ့ထုတ်လုပ်ဆောင်ရွက်သွားရန်နှင့် ပန်းများ၏ အရောင်အဆင်း၊ ရနံ့များ ပိုမိုကောင်းမွန်စေရေး သုတေသနပြုစိုက်ပျိုးသွားရန်လိုကြောင်း၊ ဥယျာဉ်အတွင်း ပန်းများမြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ဖူးပွင့်လှပနေစေရေး Master Plan စနစ်တကျရေးဆွဲ၍ Green House များဖြင့် စိုက်ပျိုးသွားရန်၊ တောတွင်းလျှောက်လမ်းအား အသစ်ပြန်လည်တည်ဆောက်သွားရန်၊ ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်ရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေမှုနှင့် ညီညွတ်မျှတသည့် ရာသီဥတုကို ဖော်ဆောင်နိုင်ရေး ဝါးစိုက်ခင်းများတည်ထောင်ကာ ဝါးပင်များအကြား ဝါးပင်တန်းလျှောက်လမ်းတည်ဆောက်သွားရန်၊ ချယ်ရီပင်များကိုလည်း တိုးချဲ့စိုက်ပျိုးသွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတမှ ချယ်ရီရိပ်ဖောင်ဒေးရှင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ အလှူငွေများမပေးအပ်မီ နိုင်ငံတော်သမ္မတက ချယ်ရီရိပ်ဖောင်ဒေးရှင်းကို စစ်တက္ကသိုလ်ကျောင်းဆင်းအရာရှိကြီးများ၊ သင်ကြားရေးတာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆရာကြီး၊ ဆရာမကြီးများက ဦးဆောင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဆရာကြီး၊ ဆရာမကြီးတို့သည် မိဘနှင့် တစ်ဂိုဏ်းတည်းထားရမည့် ဒုတိယမိဘများပင်ဖြစ်ကြောင်း၊ မိမိတို့ကျောင်းဆင်းအရာရှိများအပေါ် လူကောင်းသူကောင်းများဖြစ်စေရေး၊ ခေါင်းဆောင်ကောင်းများဖြစ်လာစေရေး လေ့ကျင့်သင်ကြားမွေးထုတ်ပေးခဲ့ခြင်းပင်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း Guardian စနစ်ဖြင့် ဆင့်ကဲကွပ်ကဲအုပ်ချုပ်ကြရပြီး အထက်အောက် စနစ်တကျညီညွတ်မျှတစွာ ညီရင်းအကိုသဖွယ် မိဘသဖွယ် စောင့်ရှောက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း၊ အုပ်ချုပ်သူ Guardian များသာမက ဆရာ၊ ဆရာမများသည်လည်း သွန်သင်ဆုံးမမှုများ၊ စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ မိမိတို့အား မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်တတ်စေရေး၊ ခေါင်းဆောင်ကောင်းများဖြစ်လာစေရေး သင်ကြားလေ့ကျင့်ပေးခဲ့သည့် ဆရာ၊ ဆရာမများ၊ အုပ်ချုပ်သူများအားလုံးကို မိမိတို့အနေဖြင့် အစဉ်အမြဲအမှတ်ရကျေးဇူးတင်ရှိနေမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် (ဗိုလ်ချုပ်မှူးကြီးအငြိမ်းစား)နှင့် အလှူရှင်များက ချယ်ရီရိပ်ဖောင်ဒေးရှင်းအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး အမှတ်တရလက်ဆောင်ပြန်လည်ပေးအပ်သည်။
အနီးစခန်းလေဆိပ်
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် အနီးစခန်းလေဆိပ်သို့ရောက်ရှိကြပြီး လေဆိပ်အဆင့်မြှင့်တင်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ နယ်မြေခံစစ်အင်ဂျင်နီယာတပ်မှ တာဝန်ရှိသူတစ်ဦးက လေယာဉ်ကွင်းဆိုင်ရာအချက်အလက်များ၊ နိုင်ငံတော်အကြီးအကဲရောက်ရှိစစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လေယာဉ်ကွင်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ လေယာဉ်ကွင်းအဆင့်မြှင့်တင်ရာတွင် အရည်အသွေးပြည့်မီမှုရှိစေရေးအတွက်အရည်အသွေး စစ်ဆေးထိန်းသိမ်းရေးအဖွဲ့ဖြင့် စနစ်တကျဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ လေဆိပ်အဆောက်အဦသစ် တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ လေယာဉ်ရပ်နားရန် နေရာသစ်တည်ဆောက်ခြင်းလုပ်ငန်းနှင့် လေဆိပ်အဝင်လမ်းနှင့်လေဆိပ်ဝန်းကျင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ လေကြောင်းထိန်း မျှော်စင်အသစ်တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ယခုလေဆိပ်ကို အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ခြင်းသည် ပြည်တွင်းခရီးစဉ်များအတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ ပြင်ဦးလွင်ဒေသမှထွက်ရှိသည့် သစ်သီးများနှင့် ပန်းမန်များအား အခြားဒေသများသို့ လွယ်ကူလျင်မြန်စွာဖြင့် သယ်ယူပို့ဆောင်နိုင်ရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန်ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိလေဆိပ်အသစ် တည်ဆောက်ထားမှုအခြေအနေအရ တစ်ရက်လျှင်ခရီးသွား ၁၀၀၀ ခန့် ဝင်ထွက်နိုင်အောင် ဆောင်ရွက်ထားခြင်းဖြစ်သဖြင့် လေဆိပ်အတွင်း ခရီးသွားပြည်သူများ နားနေရန်အတွက် ထိုင်ခုံနေရာချထားမှုများကို စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ လေယာဉ်ပြေးလမ်းအား အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရာတွင်လည်း သတ်မှတ်ထားသည့် စံချိန်စံညွှန်းအတိုင်းဖြစ်စေရေး စနစ်တကျ တွက်ချက်တည်ဆောက်အဆင့်မြှင့်တင်သွားရန်လိုကြောင်း၊ လေဆိပ်တွင် လေယာဉ်ဆင်းသက်မှုနှင့် ထွက်ခွာမှုများ အန္တရာယ်ကင်းရှင်းစေရေးအတွက် စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ လေဆိပ်ပတ်ဝန်းကျင် စိမ်းလန်းသာယာမှုရှိစေရေးအတွက် သစ်ပင်များကို စိုက်ပျိုးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Newspaper - 3552 items
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇွန် ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ June 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ June 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ June 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
