ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း လမ်း၊ တံတားများအဆင့်မြှင့်တင်ဆောင်ရွက်နေမှုနှင့် ဒေသထွက်သီးနှံများကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းဆောင်ရွက်နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း လမ်း၊ တံတားများအဆင့်မြှင့်တင်ဆောင်ရွက်နေမှုနှင့် ဒေသထွက်သီးနှံများကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းဆောင်ရွက်နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / May 23, 2026
နေပြည်တော် မေ ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမျိုးသန့်၊ ဦးမင်းနောင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း လမ်း၊ တံတားများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုနှင့် ဒေသထွက်သီးနှံများကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်း ဆောင်ရွက်နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးသည်။
လမ်း၊ တံတားများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု
ဦးစွာ နိုင်ငံတော်သမ္မတသည် ရွှေပြည်တော်ဝင်လမ်းပေါ်ရှိ နေပြည်တော် တောင်တွင်းကြီး မီးရထားလမ်းခုံးကျော်တံတား (၁၃၀၀ ပေ) တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း လမ်းများအားလုံးအဆင့်မီမီနှင့် စနစ်တကျဖြစ်စေရေး အဆင့်မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း မီးရထားလမ်းကူးနေရာများ၌ ခုံးကျော်တံတားများ ဆက်လက်ထည့်သွင်းတည်ဆောက်နိုင်ရေးအတွက်လည်း စနစ်တကျ တွက်ချက်ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် ယခု နေပြည်တော် - တောင်တွင်းကြီး မီးရထားလမ်းခုံးကျော်တံတားတည်ဆောက်ခြင်းလုပ်ငန်းအား မိုးမကျမီဆောင်ရွက်၍ရသည့် လုပ်ငန်းများအား ဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ရွှေပြည်တော်ဝင်လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများနှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် နေပြည်တော်လေဆိပ်အဝင် လမ်းသစ်ဖောက်လုပ်နေမှုနှင့် ယာယီသံဘောင်ဘေလီတံတား တည်ဆောက်ရန်ဆောင်ရွက်နေမှုလုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ယခုလေဆိပ်အဝင်လမ်းသစ်အား နေပြည်တော်မှ လေဆိပ်သို့ လာရောက်သူများနှင့် လေဆိပ်မှ နေပြည်တော်သို့ သွားရောက်သူများ ပိုမိုလျှင်မြန် မြန်ဆန်စွာဖြင့် သွားလာရောက်ရှိနိုင်ရေး ရည်ရွယ်ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ လမ်းသစ်ဖောက်လုပ်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စနစ်တကျဖြင့် အဆင့်ဆင့် အဆင့်မြှင့်တင်ဆောက်လုပ်သွားရန်လိုကြောင်း၊ နောင်အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်မည့် လမ်းအသုံးပြုသူဦးရေနှင့် မော်တော်ယာဉ် အစီးရေတိုးတက်လာနိုင်မှုများအပေါ် ထည့်သွင်းတွက်ချက်၍ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်လည်း Master Plan ရေးဆွဲဆောင်ရွက်ထားရှိရန်လိုကြောင်း၊ လမ်းဘေးဝဲယာတစ်လျှောက်၌ အရိပ်ရလေကာပင်များကိုလည်း မိုးရာသီအမီ စိုက်ပျိုးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ရွှေပြည်တော်ဝင်လမ်းပေါ်ရှိ ရန်ကုန်-မန္တလေး မီးရထားလမ်းခုံးကျော်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး တာဝန်ရှိသူတစ်ဦး၏ ရှင်းလင်းတင်ပြမှုများအပေါ် ပျဉ်းမနားမြို့ရှောင်လမ်းမှ ရွှေပြည်တော်ဝင်လမ်းသို့ ဝင်ရောက်သည့်လမ်းအား စနစ်တကျဖြစ်စေရေး စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လမ်းများအားလုံးအား စနစ်တကျဖြစ်စေရေးနှင့် နောင်အနာဂတ်တွင် တိုးတက်လာမည့် မြို့ပြလူဦးရေနှင့် ယာဉ်အသုံးပြုမှု များပြားလာနိုင်မှုအပေါ်တွက်ချက်၍ တိုးချဲ့အဆင့်မြှင့်တင်နိုင်ရေးအတွက်လည်း စီမံဆောင်ရွက်သွားရမည် ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ဒေသစိုက်ပျိုးသီးနှံများကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်း ဆောင်ရွက်နေမှု
ထို့နောက် နိုင်ငံတော်သမ္မတသည် ပျဉ်းမနားမြို့၊ ကျီးအင်းကျေးရွာရှိ အေးခဲဟင်းသီးဟင်းရွက်ထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်း (Myanmar Agri Foods Co.Ltd)သို့ ရောက်ရှိလေ့လာကြရာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဒေသတွင်းမှထွက်ရှိသည့် ရုံးပတီသီး၊ ဟင်းနုနွယ်၊ ဘိုစားပဲ၊ သရက်သီးနှင့် ပဲအမျိုးမျိုးတို့အပါအဝင် ဟင်းသီးဟင်းရွက်မျိုးစုံအား အေးခဲဟင်းသီးဟင်းရွက်များထုတ်လုပ်၍ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနေမှုအခြေအနေများ၊ အခြေခံလူတန်းစားများ၏ တစ်ဦးချင်းဝင်ငွေ တိုးတက်စေရေးဆောင်ရွက်ပေးနိုင်မှု၊ ကန်ထရိုက်လယ်ယာစိုက်ခင်းများမှ ကုန်ကြမ်းများကို ၉၉ ရာခိုင်နှုန်းအထိ အသုံးပြုထုတ်လုပ်လျက်ရှိမှု၊ အရည်အသွေးပြည့်မီသည့် ထုတ်ကုန်အသစ်များအတွက် လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များ၊ လက်ရှိဈေးကွက်ရရှိမှုအခြေအနေများနှင့် ယင်းကိုအခြေခံ၍ အာရှဈေးကွက်၊ ဥရောပဈေးကွက်များသို့ တိုးချဲ့ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက နိုင်ငံ့အတွက်အကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး လက်ရှိရရှိပြီးဖြစ်သည့်ဈေးကွက်ကို အဓိကရည်ရွယ်၍ ဆက်လက်တိုးချဲ့ထုတ်လုပ်တင်ပို့နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စုပေါင်းသမဝါယမစနစ်ဖြင့်လည်း ဆောင်ရွက်၍ရနိုင်ကြောင်း၊ ဟင်းသီးဟင်းရွက်များအား Green House များဖြင့် တစ်အုပ်တစ်မ ရာသီမရွေးစိုက်ပျိုး ထုတ်လုပ်နိုင်အောင် သုတေသနပြုလုပ်၍ ဆောင်ရွက်သွားမည်ဆိုပါက ကုန်ကြမ်းသီးနှံများ ပိုမိုရရှိနိုင်မည်ဖြစ်ပြီး ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ကာ ပြည်တွင်းပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း။
ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်ကြမ်းမှစ၍ သုံးစွဲသူလက်ဝယ်သို့ ရောက်ရှိသည်အထိ အဆင့်အားလုံးကို ချိတ်ဆက်ထားသည့် ထောက်ပံ့ရေးကွင်းဆက် (Supply Chain)ကို စနစ်တကျစဉ်းစားတွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးမြေများကိုလည်း အကျိုးရှိအောင် အသုံးချသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို အကြံပြုဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ကုမ္ပဏီအတွင်း အေးခဲဟင်းသီးဟင်းရွက် ထုတ်လုပ်နေမှုလုပ်ငန်းဆောင်ရွက်နေမှုအဆင့်ဆင့်အား လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးများစွာ အထောက်အကူဖြစ်သည့်လုပ်ငန်းတစ်ခုဖြစ်သဖြင့် လုပ်ငန်းတိုးချဲ့နိုင်ရေးနှင့် ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့်လည်း လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားနိုင်ရေး လမ်းညွှန်မှာကြားသည်။
ရေနုတ်မြောင်းများစနစ်တကျရှိစေရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေး
ယင်းနောက် နိုင်ငံတော်သမ္မတသည် ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ပြီး အိုင်စောက်ကျေးရွာအနီးနှင့် ပင်လောင်းလမ်းဆုံနေရာတို့၌ လမ်းဘေးဝဲယာတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် အေးမြင့်သာယာတံတား(ဆင်သေချောင်းကူး)သို့ ရောက်ရှိကြပြီး ဆင်သေချောင်းတစ်လျှောက် ချောင်းကမ်းပါးများအား သဘာဝဘေးဒဏ်ခံနိုင်ရေးနှင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ချိန်တွင် အရှိန်အဟုန်ဖြင့် ရေစီးဆင်းမှုဒဏ်ကို ခံနိုင်ရေးတို့အတွက် ရေကြောင်းထိန်းသိမ်းခြင်းလုပ်ငန်းများအား စနစ်တကျဆောင်ရွက်သွားရန်၊ တံတားနေရာများ၌လည်း ကြံ့ခိုင်မှုစစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများကို စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Newspaper - 3534 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
