ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ပဉ္စမနေ့တွင် ဒေသခံပြည်သူများ လာရောက်ကြည့်ရှုလေ့လာ


Ministry of Information/ Naypyitaw / February 13, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၂

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့်MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို နေပြည်တော်ရင်ပြင်၌ ကျင်းပလျက်ရှိပြီး ယနေ့ပြပွဲ ပဉ္စမနေ့တွင် ဒေသခံပြည်သူအများအပြား လာရောက်ကြည့်ရှုလေ့လာကြသည်။

MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်သို့ လာရောက်ကြည့်ရှု​လေ့လာကြသည့် ပြည်သူများက MSME ထုတ်ကုန်များနှင့် တိုင်းရင်းသားရိုးရာအမှတ်တရပစ္စည်းများ၊ ရိုးရာဝတ်စုံများကို စိတ်ဝင်တစားကြည့်ရှုအားပေးဝယ်ယူကြသည့်အပြင် သန့်ရှင်းလတ်ဆတ်စွာ ရောင်းချပေးလျက်ရှိသည့် တိုင်းရင်းသားရိုးရာအစားအသောက်များကိုလည်း နှစ်ခြိုက်စွာ ဝယ်ယူစားသုံးကြ​ကြောင်း သိရသည်။

ပြပွဲတွင် ဝန်ကြီးဌာနပြခန်းများ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် MSME ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာရောင်းချသည့် ဆိုင်ခန်းများ၊ လုပ်ငန်း/ စီးပွားချိတ်ဆက်မှုများ (Business Matching)၊ နည်းပညာပြခန်းများ၊ လယ်ယာသုံးစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ၊ Solar Farm များ၊ SKD ဦးစားပေး EV ကား၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်ပြခန်းများ၊ CMP အထည်ချုပ်ပြခန်းများ ပါဝင်ပြသ​လျက်ရှိသည်။

ပြခန်းအလိုက် တာဝန်ရှိသူများက စိတ်ဝင်တစားလာရောက်လေ့လာကြည့်ရှုသူများအား ပြသထားသည့် ထုတ်ကုန်များနှင့် သက်ဆိုင်သော အချက်အလက်များ၊ ဒေသထွက်ကုန်ကြမ်းများကို အခြေခံထားအသုံးပြုမှုများ၊ ထုတ်လုပ်မှုဆိုင်ရာ နည်းပညာများကို ရှင်းလင်းဆွေးနွေးပေးလျက်ရှိသည့်အပြင် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ​ကြောင်း သိရသည်။

ယခုအခါ ပြပွဲသို့ စိတ်ဝင်တစားလာ​ရောက်ကြည့်ရှု​သူများနှင့် ထုတ်ကုန်များ ဝယ်ယူမှုများပြားနေခြင်းတို့​ကြောင့်လည်း​​ကောင်း၊ ရုံးပိတ်ရက်များနှင့် တိုက်ဆိုင်လျက်ရှိသဖြင့် မိဘပြည်သူများ ဆက်လက်ကြည့်ရှုဝယ်ယူနိုင်​ရေးအတွက်လည်း​ကောင်း ပြပွဲကို တစ်ရက်တိုး၍ ဖေဖော်ဝါရီ ၁၄ ရက်အထိ ကျင်းပသွားမည်ဟု ပြပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

ယနေ့ပြပွဲ ပဉ္စမနေ့တွင် လာရောက်ကြည့်ရှု အားပေးကြသည့် ပြည်သူ ၆၉၀၀၀ ကျော်ရှိကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3455 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download