ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုပြခန်း ၁၅ ခန်း ပါဝင်ပြသသွားမည်
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုပြခန်း ၁၅ ခန်း ပါဝင်ပြသသွားမည်
Ministry of Information/ Naypyitaw / February 01, 2026
နေပြည်တော် ဇန်နဝါရီ ၃၁
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခြောက်ရက်တာ ကျင်းပသွားမည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်)တွင် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုပြခန်း ၁၅ ခန်း ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော်ရှိ ပြည်သူ့ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါတိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စား ပြုပြခန်းများအပြင် ဝန်ကြီးဌာနပြခန်းများ၊ လုပ်ငန်း/ စီးပွားချိတ်ဆက်မှုများ (Business Matching)၊ နည်းပညာပြခန်းများ၊ လယ်ယာသုံးစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ၊ Solar Farm များ၊ SKD ဦးစားပေး EV ကား/ မော်တော်ဆိုင်ကယ်/ သုံးဘီးဆိုင်ကယ် ပြခန်းများ၊ CMP အထည်ချုပ်ပြခန်းများ စသည်ဖြင့် ပြခန်း စုစုပေါင်း ၁၂၄ ခန်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ ကျင်းပရေးဗဟိုကော်မတီက ဦးဆောင်ပြီး လုပ်ငန်းကော်မတီ ၁၁ ခုတို့က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းတာဝန်များ စနစ်တကျ အချိန်မီပြီးစီးရန် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်သည်။
ထိုသို့ ပြင်ဆင်ဆောင်ရွက်ရာတွင် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်၌ပါဝင်မည့် ပြခန်းများတွင် MSME ထုတ်ကုန်များ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများကို ပြခန်းအလိုက် အမျိုးအစားစုံလင်စွာ ပါဝင်ပြသနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် အသေးစားထုတ်ကုန်များ (Micro Enterprises)၊ အငယ်စားထုတ်ကုန်များ (Small Enterprises)၊ အလတ်စားထုတ်ကုန်များ (Medium Enterprises)၊ စားသောက်ကုန်၊ လူသုံးကုန်၊ ရက်ကန်း၊ လက်မှုထည်စသည့် အသေးစားစက်မှုလက်မှုလုပ်ငန်း ထုတ်ကုန်များ၊ ကုန်ထုတ်သမဝါယမအသင်း စွမ်းဆောင်ရည်နှင့် ပြည်နယ်/တိုင်းဒေသကြီး ၁၅ ခုမှ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP)ထုတ်ကုန်များကိုလည်း ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ဒေသအလိုက် ထင်ရှားလူကြိုက်များသည့် တိုင်းရင်းသားရိုးရာ အစားအစာများ ရောင်းချပေးမည့်အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3428 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 01, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
