ပြည်သူတို့အကျိုး သယ်ပိုးရွက်ဆောင်နိုင်သော နည်းပညာရှင်လူငယ်ကောင်းများဖြစ်စေရေး ရည်မှန်းဆောင်ရွက်
ပြည်သူတို့အကျိုး သယ်ပိုးရွက်ဆောင်နိုင်သော နည်းပညာရှင်လူငယ်ကောင်းများဖြစ်စေရေး ရည်မှန်းဆောင်ရွက်
Ministry of Information/ Naypyitaw / December 26, 2025
နေပြည်တော် ဒီဇင်ဘာ ၂၅
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက အင်းစိန် မြို့နယ် JMASVTI ပင်မဆောင် မြေညီထပ်ရှိ စာကြည့်တိုက်၊ စုဝေး ခန်းမ၊ လျှပ်စစ်အလုပ်ရုံ၊ ပထမထပ်ရှိ စာသင်ခန်းများ၊ ပုံဆွဲခန်း၊ သိပ္ပံလက်တွေ့ဓာတ်ခွဲခန်း၊ ကွန်ပျူတာခန်းနှင့် တိုင်းတာရေးအလုပ်ရုံ၊ ပင်မဆောင်အပြင်ဘက်ရှိ ရေသိုလှောင်ကန်နှင့် ကန်တင်း ဆောက်လုပ်ဆဲနေရာ၊ Auto-motive Technology Workshop တို့ကို ကြည့်ရှုစစ်ဆေးပြီး ကျောင်း အုပ်ကြီး ဒေါက်တာရန်နိုင်ထွန်း၏ ရှင်းလင်းတင်ပြမှုများအပေါ် ဒေသတွင်း MSMEs များနှင့် မော်တော်ယာဉ်နည်းပညာ ဖွံ့ဖြိုးရေးအတွက် ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ လက်တွေ့ကျကျ ဖန်တီးနိုင်ရေးအတွက် စံနှုန်းများပြည့်မီရန်အပြင် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ပုံမှန်နှင့် ကာလတိုသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်သွားရန် တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရတနာဂဟေဆက် နည်းပညာသင်တန်းကျောင်း၌ ဂဟေဆက်နည်းပညာသင်တန်းများအလိုက် သင်တန်းသားများ လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ ပြည်တွင်း-ပြည်ပ လုပ်ငန်းခွင်များနှင့် ကိုက်ညီမှုရှိသော ဂဟေဆက်နည်းပညာရပ်ကို အမှန်တကယ် တတ်မြောက်စေရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးကို အလေးထားဆောင်ရွက်တတ်စေသော အလေ့အကျင့်ကောင်းများကို ပျိုးထောင်ပေးရန်၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းကလည်း ဒုတိယဝန်ကြီးသည် သန်လျင်မြို့နယ်ရှိ နည်းပညာ တက္ကသိုလ်(သန်လျင်) အစည်းအဝေးခန်း၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများနှင့်တွေ့ဆုံပြီး သီလဝါအထူးစီးပွားရေးဇုန်နှင့် MSME ဖွံ့ဖြိုးရေးနည်းပညာလိုအပ်ချက်များကို လက်တွေ့ကျကျ ပံ့ပိုးပေးနိုင်ရေးအတွက် University-Industry Collaboration မြှင့်တင်ဆောင်ရွက်ရင်း Ranking မြင့် နည်းပညာ တက္ကသိုလ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ကျောင်းသားများကို ဗလငါးတန်နှင့် ပြည့်စုံရေး၊ အင်ဂျင်နီယာကောင်း၏ အရည်အချင်းများပြည့်ဝစေရေး အလေးထားပျိုးထောင်ပေးရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စုဝေးခန်းမ၌ ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး နိုင်ငံ့အကျိုးပြုလုပ်ငန်းများ၌ အထောက်အကူပြုပါဝင် ဆောင်ရွက်နိုင်ပြီး ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး အမှန်တကယ်အားထားရသော အင်ဂျင်နီယာလူငယ်ကောင်းများ ဖြစ်စေရေး ရည်မှန်းလျက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ တာဝန်ရှိသူများထံ ဂုဏ်ပြုလက်ဆောင်များ၊ ကျောင်းသား ကျောင်းသူများထံ နည်းပညာ၊ သုတ၊ ရသစာအုပ်များနှင့် အားကစားပစ္စည်းများကို ပေးအပ်ခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်သူများ၏ လူမှုဘဝမြင့်မားရေးကို တိုက်ရိုက်အကျိုး ဖြစ်ထွန်းစေမည့် သီလဝါအထူး စီးပွားရေးဇုန်နှင့် MSME ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် နည်းပညာများကို ဖြန့်ဝေပေးနိုင်ရေးနှင့် ကျွမ်းကျင်နည်းပညာရှင်များကို သတ်မှတ်စံနှုန်းများအတိုင်း စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်ရန် တိုက်တွန်းမှာကြားကာ ဝန်ထမ်းများ၏ အခက်အခဲတင်ပြမှုများအပေါ် ဖြေရှင်းဖြည့်ဆည်းပေးခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် စာကြည့်တိုက်နှင့် လက်တွေ့ခန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ စာသင်ခန်းများတွင် အင်ဂျင်နီယာ ဘာသာရပ်အလိုက် စာသင်နှစ်အလိုက် ရွှင်လန်းချမ်းမြေ့စွာ သင်ကြားနေသော ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေး၍ ကျောင်းသား ကျောင်းသူများအတွက် နည်းပညာ၊ သုတ၊ ရသစာအုပ်များနှင့် အားကစားပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3391 items
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 25, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 20, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
