ပြည်သူများအတွက် EV နည်းပညာလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်
ပြည်သူများအတွက် EV နည်းပညာလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်
Ministry of Information/ Naypyitaw / March 10, 2026
နေပြည်တော် မတ် ၉
EV Mechanics သင်တန်း (၁/၂၀၂၆) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ၌ Hybrid စနစ်ဖြင့် ကျင်းပရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဟူသော အမျိုးသားရေးဆောင်ပုဒ်နှင့်အညီ မီးခိုးငွေ့များထုတ်လွှတ်သည့် ယာဉ်များသုံးစွဲမှုအစား EV သုံးစွဲမှုမှတစ်ဆင့် ရုပ်ကြွင်းလောင်စာအပေါ်မှီခိုရမှုနှင့် နိုင်ငံခြားငွေကုန်ကျစရိတ်များကို လျှော့ချနိုင်ရေး၊ လေထုနှင့် အသံညစ်ညမ်းမှုများလျှော့ချနိုင်ကာ ကျန်းမာရေးကောင်းမွန်မှုနှင့် အခြားဆုလာဘ်များကို ပြည်သူများ ရရှိခံစားနိုင်စေရေးအတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက EV ကဏ္ဍဖွံ့ဖြိုးရေးအတွက် ၂၀၅၀ ပြည့်နှစ်အထိ လမ်းပြမြေပုံနှင့် မူဝါဒချမှတ်ကာ လုပ်ငန်းကော်မတီ ၅ ခုတို့က ညွှန်ကြားချက်များအတိုင်း တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
ပြည်သူများ EV သုံးစွဲမှုသိသာစွာ တစ်ရှိန်ထိုးမြင့်တက်လာရာ ဘေးအန္တရာယ်ကင်းရှင်းစွာ သက်တမ်းပြည့်သုံးစွဲနိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နည်းပညာအရည်အသွေးပြည့်ဝရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း ပြုပြင်နိုင်ရန်တို့သည် အခရာကျလျက်ရှိကြောင်း၊ သို့ဖြစ်၍ သင်တန်းသားများသည် ပြည်သူများအတွက် အမှန်တကယ်အကျိုးပြုနိုင်မည့် EV Mechanics များဖြစ်စေရေးသင်တန်းကာလအတွင်း စိတ်ရောကိုယ်ပါ နှစ်မြှုပ်ကာ ကျားကုတ်ကျားခဲကြိုးပမ်းလေ့ကျင့်ကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။
သင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ EV ကုမ္ပဏီ များနှင့် ကားဝပ်ရှော့များမှ သင်တန်းသား ၁၇ ဦး၊ ပြည်သူသုံးဦးနှင့် ဌာနဆိုင်ရာသင်တန်းသားငါးဦး တက်ရောက်ပြီး ကွန်ပျူတာနှင့် အဆင့်မြင့်သင်ထောက်ကူမော်ကျူးများ အသုံးပြုကာ EV Mechanics တစ်ဦး မဖြစ်မနေ ကျွမ်းကျင်တတ်မြောက်ရမည့် နည်းပညာများဆိုင်ရာ လက်တွေ့လုပ်ငန်းများကို သင်တန်းကာလငါးရက်ဖြင့် လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။
အဆိုပါလုပ်ငန်းကော်မတီသည် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) နှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာ အတတ်သင်ကောလိပ် (ဘယ်လင်း) တို့တွင်လည်း စံနှုန်းများပြည့်မီစွာ သတ်မှတ်သင်တန်းချိန်များအတိုင်း ဖွင့်လှစ်လျက်ရှိရာ EV Training of Trainers သင်တန်းချိန်နာရီ ၁၈၀၊ EV Maintenance သင်တန်းချိန် နာရီ ၉၀၊ EV နည်း ပညာဆင့်ပွားသင်တန်းချိန် နာရီ ၆၀၊ EV Mechanics သင်တန်း ချိန် နာရီ ၃၀၊ EV Inspection သင်တန်းချိန် ၂၄ နာရီ၊ EV Diag-nostics သင်တန်းချိန် ၁၈ နာရီ တို့အပြင် ပြည်သူများအတွက် EV နည်းပညာလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် သင်တန်းသား၏ တက်ရောက်နိုင်မှုနှင့် တက်ရောက်လိုသည့် နည်းပညာတို့အပေါ် မူတည်၍ စိတ်ကြိုက်သင်တန်းများကိုပါ စဉ်ဆက်မပြတ် တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3465 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
