ပြည်သူ့ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
ပြည်သူ့ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
Ministry of Information/ Naypyitaw / November 18, 2025
နေပြည်တော် နိုဝင်ဘာ ၁၇
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၁၇ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာပိုင်ရှင် အစစ်အမှန်ဖြစ်ကြတဲ့ မဲဆန္ဒရှင် ပြည်သူများခင်ဗျာ...
မဲဆန္ဒရှင် ပြည်သူအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာပဏာမ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူ့ပါတီဟာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို အခြေခံပြီး နိုင်ငံရေး မျိုးဆက်အသီးသီးမှ ရဲဘော်များ၊ နယ်ပယ်အသီးသီးမှ တတ်သိကျွမ်းကျင်သူများကို စုစည်းတည်ထောင်ထားတဲ့ပါတီဖြစ်ပါတယ်။ မကြာမီဖြတ်သန်းကြရမယ့် ရွေးကောက်ပွဲဟာ သာမန်အခြေအနေတွေမှာ ကျင်းပရတဲ့ ရွေးကောက်ပွဲတွေနဲ့ မတူပါဘူး။ ဒါကြောင့်လည်း ရွေးကောက်ပွဲအလွန်မှာ ဘယ်လိုကိစ္စတွေကို ဦးစားပေး ဆောင်ရွက်ကြမလဲဆိုတာက အင်မတန်ကိုအရေးကြီးပါတယ်။
ကျွန်တော်တို့ ပြည်သူ့ပါတီအနေနဲ့ ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံတော်ပြန်လည် စုစည်းတည်ဆောက်ရေးတို့ကို အဓိကဦးစားပေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဦးစားပေးအစီအစဉ်လို့ ပြောနေရပေမယ့် တစ်ခုပြီးမှတစ်ခုလုပ်ရမှာမျိုးမဟုတ်ဘဲ ရှိသမျှ အရင်းအမြစ်တွေကိုစုစည်းပြီး အင်တိုက်အားတိုက် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး တရားဥပဒေစိုးမိုးရေးမရှိဘဲနဲ့လည်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ဖို့ဆိုတာ အင်မတန်ကို ခက်ခဲပါတယ်။ ပဋိပက္ခပြင်းထန်တဲ့ကာလတွေမှာ အစွန်းတရားတွေ ကြီးထွားလေ့ရှိပေမယ့် နိုင်ငံတော်ပြန်လည်စုစည်း တည်ဆောက်ရေးအမြင်ကိုတော့ မျက်ခြည်မပြတ် ဖို့လိုပါတယ်။ ဒါကြောင့်လည်း အကြောင်းကြောင်းကြောင့် ကွဲကွာနေရတဲ့ မိသားစုတွေ ပြန်လည်ဆုံစည်းနိုင်ဖို့ ငြိမ်းချမ်းတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်လာကြစေဖို့အဓိက ဆောင်ရွက်သွားပါမယ်။ တိုက်ပွဲရှောင် နေရပ်စွန့်ခွာပြည်သူများ လုံခြုံစိတ်ချစွာ နေရပ်ပြန်လည်အခြေချနိုင်ရေး၊ ပြန်လည်ထူထောင်ရေး၊ စီးပွားရေး လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး၊ ပညာရေးကျန်းမာရေးလူမှုရေးဝန်ဆောင်မှုတွေ ပြန်လည်ခံစားရရှိနိုင်စေဖို့အတွက် မူဝါဒတစ်ရပ် ညှိနှိုင်းဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှုတွေ အောင်မြင်ရရှိစေဖို့အတွက်လည်း ဆောင်ရွက်သွားပါ့မယ်။ ငြိမ်းချမ်းရေး ရရှိလာတာနဲ့အမျှ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ပတ်သက်တဲ့ စိုးရိမ်သောကတွေကိုလည်း သက်သာ စေမှာဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်စေဖို့အတွက် စစ်ဆေးကြီးကြပ်ခြင်းများဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ တကယ်တော့ လက်နက်ကိုင်ပဋိပက္ခရဲ့ အခြေခံဇာစ်မြစ်က တန်းတူညီမျှရေးပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားတိုင်းတန်းတူ ညီမျှရေးကို ကြိုးပမ်းဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကိုလည်း အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်လာရင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဟာ ရာဇဝတ်မှုတွေ လျှော့ချနိုင်ဖို့အတွက် အခြေခံတစ်ခုဖြစ်ပါတယ်။ လူငယ်တွေကြားထဲမှာ မူးယစ်ဆေးဝါး ပျံ့နှံ့သုံးစွဲနေမှုဟာလည်း နိုင်ငံရဲ့ လူသားအရင်းအမြစ်တွေကို ထိခိုက်ပျက်စီးစေတာဖြစ်တဲ့အတွက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အလေးအနက်ထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တရား ဥပဒေစိုးမိုးရေးဟာ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ဖို့အတွက် အခြေခံ လိုအပ်ချက်ဖြစ်သလို ပြည်သူတွေရဲ့ နေ့စဉ်ဘဝလုံခြုံမှုအတွက်လည်း အင်မတန်အရေးကြီးပါတယ်။ တရားဥပဒေစိုးမိုးရေးလို့ပြောရင် နိုင်ငံ့ဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍဟာအဓိကပါ။ နိုင်ငံ့ဝန်ထမ်းတွေအတွက် အခြေခံလူနေမှုစရိတ်နဲ့ လိုက်လျောညီထွေတဲ့ လုပ်ခလစာ အဆောင်အယောင်တွေ ရရှိခံစားနိုင်စေဖို့နဲ့ စွမ်းရည်ထက်မြက်ပြီး ကျစ်လျစ်တဲ့ ဝန်ထမ်းယန္တရား ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်သူ့ရေးရာ စီမံခန့်ခွဲအုပ်ချုပ်ရေးစနစ်ကိုလည်း ခေတ်နဲ့လျော်ညီတဲ့ E- Government အဆင့် အမြန်ဆုံးရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။ တရားမျှတပြီး ခေတ်နဲ့လိုက်လျောညီထွေဖြစ်တဲ့ ဥပဒေတွေ ဖြစ်ထွန်းပေါ်ပေါက်လာစေဖို့ဥပဒေ၊ နည်းဥပဒေ ညွှန်ကြားချက်အမိန့်တွေကို စိစစ်သုံးသပ်ပြီး ပြင်ဆင်သင့်တာတွေ၊ ပယ်ဖျက်အစားထိုးသင့်တာတွေ၊ အသစ် ပြဋ္ဌာန်းသင့်တာတွေကိုလည်း အလေးထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ရင် လျှပ်စစ်နဲ့စွမ်းအင်ကဏ္ဍဟာ အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ လျှပ်စစ်မီးမှန်မှန်ရရှိစေဖို့ စွမ်းအင်ကဏ္ဍဖူလုံစေဖို့ကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံဖြစ်တာနဲ့အညီတောင်သူလယ်သမားများ ကြွေးမြီကင်းရှင်းစေရေး၊ စိုက်စရိတ်ချေးငွေများ၊ သီးနှံအာမခံစနစ်များ ခံစားရရှိနိုင်စေရေး၊ မျိုးစေ့မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီ၊ စိုက်ပျိုးရေရရှိစေရေး၊ သီးနှံထွက်ကုန်များ လက်ဝါးကြီးအုပ်ဈေးကစားခြင်းမှ အကာအကွယ်ပေးရေး၊ စိုက်ပျိုးရေးအခြေခံ တန်ဖိုးမြှင့်ကုန်စည်များထုတ်လုပ်နိုင်ရေးတို့ကို အားပေးထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးကဏ္ဍနှင့်အတူ မွေးမြူရေးနဲ့ ရေထွက်ပစ္စည်းလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့အတွက် နည်းပညာအရင်းအနှီးနဲ့ ဈေးကွက်အဆက်အသွယ်တွေကိုလည်း ရှာဖွေကူညီပေးသွားမှာ ဖြစ်ပါတယ်။ လယ်ယာသားငါးထွက်ကုန်များ၊ စက်မှုထွက်ကုန်များ ဈေးကွက်နဲ့ ချိတ်ဆက်နိုင်ဖို့အတွက် လိုအပ်တဲ့ ကုန်ထုတ်လမ်းကြောင်းများ၊ ပြည်ထောင်စုလမ်းမကြီးများ၊ လမ်းကွန်ရက်များ အဆင့်မြှင့်ပြုပြင်တည်ဆောက်ခြင်း၊ ကုန်သွယ်ရေးလမ်းကြောင်းများ လုံခြုံချောမွေ့စေခြင်းတို့ကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်း ပေါ်ပေါက်လာစေဖို့အတွက် သက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးနိုင်ရေး၊ အလုပ်အကိုင်အခွင့် အလမ်းတွေ ဖန်တီးပေးနိုင်မယ့် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဦးစားပေးဖိတ်ခေါ်ခြင်း၊ ပြည်ပသွားရောက် အလုပ်လုပ်ကိုင်ကြမယ့် လူငယ်တွေအတွက် ဥပဒေအကာအကွယ် ရရှိခံစားနိုင်စေရေး၊ နိုင်ငံတော်အတွက်လည်း နိုင်ငံခြားငွေရရှိပြီး နိုင်ငံတော်အတွက် ကျွမ်းကျင်လုပ်သားအင်အားတွေ ပြန်လည်ရရှိ နိုင်စေဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ရေးဟာလည်း အင်မတန်အရေးပါပါတယ်။ ဒါကြောင့် လမ်း၊ တံတားအဆောက်အအုံများ လူနေအိမ်ရာများ၊ အိမ်ခြံမြေဈေးကွက် စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်လည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ခရီးသွား လုပ်ငန်းအပါအဝင် ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မူဝါဒများညှိနှိုင်းရေးဆွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နယ်ပယ်ကဏ္ဍအသီးသီးအတွက် ဖွံ့ဖြိုးရေးဘဏ်များစနစ်တကျ တည်ထောင်ဖွံ့ဖြိုးလာစေဖို့ကိုလည်း ကြိုးပမ်းသွား မှာဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံဖြစ်တဲ့ ကိန်းဂဏန်းစာရင်းဇယားများ မှန်ကန်တိကျရေးနဲ့ နယ်ပယ်အသီးသီးအတွက် စံချိန်စံညွှန်းများ တိတိကျကျသတ်မှတ်ဖော်ဆောင်နိုင်ရေးတို့ကိုလည်း အလေးထားဆောင်ရွက်သွားပါမယ်။ ဒစ်ဂျစ်တယ် စီးပွားရေးစနစ်(digital economy) ပြုပြင်ပြောင်းလဲရေး မြန်ဆန်ထိရောက်စေဖို့ အားပေးဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ ပြည်ပလုပ်ငန်းရှင်တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် အဓိကအခက်အခဲဖြစ်နေတာ တစ်ခုကတော့ ဘဏ်တိုးနှုန်းပဲ ဖြစ်ပါတယ်။ အခွန်အကောက် ကောက်ယူတဲ့နေရာမှာလည်း ရိုးရှင်းပြီး သင့်တင့်မျှတတဲ့ အခွန်အကောက်စနစ်တွေဖြစ်ဖို့၊ အခွန်ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ ကျယ်ပြန့်တဲ့ အခွန်ထမ်းစနစ်ဖြစ်ပေါ်စေဖို့ ကျွန်တော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါ ကာလကစပြီးထိခိုက်ခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်သက်ဝင် အားကောင်းလာစေဖို့ စီးပွားရေးနှိုးဆွမှုအစီအမံများ (economic stimulus plan) ကိုလည်း ညှိနှိုင်းဖော်ဆောင်သွားမှာဖြစ်ပါတယ်။ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းများ ကြိုးနီစနစ်များကိုလည်း အတတ်နိုင်ဆုံး ပြုပြင်ဖြေလျှော့ခြင်း(deregulation) ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အသေးစား၊ အလတ်စားနဲ့ စွန့်ဦးတီထွင်လုပ်ငန်းတွေ အားကောင်းသန်မာလာစေဖို့နဲ့ ငွေကြေးဈေးကွက်နဲ့ လွယ်ကူစွာချိတ်ဆက်နိုင်စေဖို့၊ အများပိုင်ကုမ္ပဏီများ ပေါ်ပေါက်လာစေဖို့အတွက်တွေကိုလည်း အားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလို့ ပြောတဲ့နေရာမှာ နိုင်ငံသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးက အခြေခံအကျဆုံးပဲ ဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ နိုင်ငံသားတွေဖြစ်ဖို့၊ ဉာဏ်ရည်မြင့်မားတဲ့နိုင်ငံသားတွေဖြစ်ဖို့ နိုင်ငံတော်မှာတာဝန်ရှိပါတယ်။
ပညာရေးစနစ်ကို နိုင်ငံသားတိုင်း အလယ်တန်းပညာအဆင့် အနိမ့်ဆုံးသင်ကြားတတ်မြောက်နိုင်စေဖို့နဲ့ အတွေးအခေါ် ဆင်ခြင်တုံတရားကို အားပေးတဲ့ ပညာရေးစနစ် ဖြစ်ထွန်းလာစေဖို့ ကြိုးပမ်းသွားပါ့မယ်။ ၂၀၂၅ ခုနှစ် ကုလသမဂ္ဂ လူဦးရေဌာန၏ ပျမ်းမျှတွက်ချက်မှုတွေအရ ကမ္ဘာလုံးဆိုင်ရာ မွေးဖွားချိန်မှစ၍ ပျမ်းမျှသက်တမ်း ( Life Expectancy at Birth ) မှာ ၇၃.၅ နှစ်ဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ ပျမ်းမျှသက်တမ်းကတော့ ၆၇.၃နှစ်ပဲရှိတဲ့ ၂၀၁ နိုင်ငံဖော်ပြတဲ့အထဲမှာ အဆင့် ၁၆၃ ကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် အစားအသောက်၊ ဆေးဝါး၊ သောက်သုံးရေ အစရှိတဲ့ ဘေးကင်းလုံခြုံစိတ်ချရမှု အတွက် အန္တရာယ်မကင်းတဲ့ ဓာတုဆေးဝါးတွေ ဆိုးဆေးတွေသုံးစွဲနေမှုတို့ကို တင်းတင်းကျပ်ကျပ် စိစစ်ထိန်းချုပ်သွားပါမယ်။ နေ့စဉ်ရှူရှိုက်နေရတဲ့ လေကောင်းလေသန့် ရရှိနိုင်ဖို့အတွက်လည်း လေထုညစ်ညမ်းမှု လျှော့ချရေး ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေကို အခြေခံပြီး အမျိုးသားယဉ်ကျေးမှုအခြေခံတွေကို လေးစားတန်ဖိုးထားတဲ့ နိုင်ငံတော် ပြန်လည်စုစည်းတည်ဆောက်ရမှာဖြစ်ပါတယ်။ နိုင်ငံတော်ပြန်လည်စုစည်းတည်ဆောက်တဲ့နေရာမှာ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ ကမ္ဘာ့နိုင်ငံများနဲ့ ငြိမ်းချမ်းစွာအကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။
မဲဆန္ဒရှင်ပြည်သူများခင်ဗျာ......
ကျွန်တော်တို့ ပြည်သူ့ပါတီဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးအတွက် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းဆိုတဲ့ လောကပါလ တရားတွေကို အခြေခံတဲ့ နိုင်ငံတော် သစ်တည်ဆောက်နိုင်ဖို့ ခိုင်မာစွာ ကြိုးပမ်းရပ်တည်နေတဲ့ ပါတီဖြစ်ပါတယ်။ အခုလို သာမန်မဟုတ်တဲ့အခြေအနေ မျိုးမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ သာမန်ရွေးကောက်ပွဲတွေထက် အရေးကြီးပါတယ်။ လက်ရှိပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ စားဝတ်နေရေး ပြဿနာတွေကို သက်သာပြေလည်နိုင်စေဖို့ လာမယ့် ၅ နှစ်တာကာလအတွက် နိုင်ငံတော်ကို ရွေးချယ်ကြရမှာဖြစ်ပါတယ်။ ပြည်သူအားလုံးကိုယ်စား ပြောရေးဆိုခွင့်ရရှိဖို့ ပြည်သူတွေရဲ့ ဆန္ဒမဲနဲ့ပြည်သူတွေကို အခြေပြုတဲ့နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ဖို့အတွက် အဝါရောင် နောက်ခံနဲ့ ပြည်သူ့ပါတီကို မဲပေး ထောက်ခံကြဖို့ လေးစားစွာ ပန်ကြားအပ်ပါတယ်ခင်ဗျား.......
ပြည်သူ့ပါတီရဲ့ အမှတ်အသားတံဆိပ်ကတော့ အဝါရောင်နောက်ခံနဲ့ အလယ်က အနီရောင်အကန့်ပေါ်မှာ မီးရှုးတိုင်ကိုင်ဆောင်ထားတဲ့ပုံ ဖြစ်ပါတယ်။
“အမှောင်တိုက်ကို ဖြိုခွင်း အလင်းခေတ်ကိုရောက်ဖို့ အဝါရောင်ပြည်သူ့ပါတီကို မဲပေးစို့” ပြည်သူအားလုံး နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။
ပါတီ၏ သီချင်းစာသား အလင်းခေတ်သို့ဦးတည် ပြည်သူ့ပါတီ
(“မဲပေးကြမည်ပြည်သူ့ပါတီ”)
Cho:( မဲပေးကြရမည် ) ၃
( ပြည်သူ့ပါတီ )
Verse 1 : စပါးရွှေဝါ တောင်လိုပုံရမည်။
အမိနိုင်ငံသာယာငြိမ်းချမ်းမည်။
(နိုင်ငံရောင်ဝါ ပြန်ထိန်လင်းရမည်။)
ရွှေဝါရောင်အိပ်မက်သို့ဦးတည်။
အဝါ အဝါ အဝါ လာပါပြီ။
Cho:( မဲပေးကြရမည် ) ၃
( ပြည်သူ့ပါတီ)
Verse2 စိုးရိမ်သလား ပြောလိုက်စမ်းပါ။
နားမလည်ဘူးလား ပြောလိုက်စမ်းပါ။
ဆင်းရဲနွမ်းပါးလား ပြောလိုက်စမ်းပါ။
အိပ်မက်တွေ ပျောက်နေသလား ပြောလိုက်စမ်းပါ။
အားလုံးကိုယ်စားပြောပေးမယ့်သူ
အဝါ အဝါ အဝါ လာပါပြီ။
Cho:( မဲပေးကြရမည် ) ၃
(ပြည်သူ့ပါတီ)
Verse3 တရားမျှတခြင်း
လွတ်လပ်ခြင်းတွေ တန်းတူညီမျှခြင်းအတွက်
(မဲပေးကြရမည်)
အဝါ အဝါ အဝါရောင်
အဝါ အဝါ အဝါရောင်လာပြီ။
Verse 4 : မင်းကရော အဝါသူကရော အဝါ
မင်းကလည်းအဝါ
ငါကလည်း အဝါ
အားလုံး အဝါ
မဲပေးကြပါမည်။
Cho :( မဲပေးကြရမည် ) ၃
(ပြည်သူ့ပါတီ)
Verse 2
Cho : ( မဲပေးကြရမည် ) ၃
(ပြည်သူ့ပါတီ)
Verse 3
Verse 4
( Cho : )( မဲပေးကြရမည် ) ၃
(ပြည်သူ့ပါတီ)
( Cho :) ( မဲပေးကြရမည် ) ၃
( ပြည်သူ့ပါတီ )
Newspaper - 3353 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 18, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 14, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 10, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
