ပြည်သူ့ EV သုံးစွဲမှုမြင့်တက်လာမှုအတွက် သင်တန်းများတိုးချဲ့ဖွင့်လှစ်ပြီး နည်းပညာရှင်များ မြှင့်တင်မွေးထုတ်


Ministry of Information/ Naypyitaw / March 16, 2026
image_latest


နေပြည်တော် မတ် ၁၅

EV Mechanics (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ယမန်နေ့‌မွန်းလွဲပိုင်းတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်မှ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်‌ရောက်သည်။

ဦးစွာ ဒုတိယဝန်ကြီးက ပြည်သူများ၏ လျှပ်စစ်ကား (EV) သုံးစွဲမှုများ သိသာစွာ တစ်ရှိန်ထိုးမြင့်တက်လာပါကြောင်း၊ သို့ဖြစ်ရာ သင်တန်းဆင်းများသည် လျှပ်စစ်ကားကို ဘေးအန္တရာယ်ကင်းရှင်းစွာ သက်တမ်းပြည့်သုံးစွဲနိုင်ကာ အကျိုးကျေးဇူးများကို ရရှိနိုင်စေရေးတို့အတွက် နည်းပညာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ ယင်းအပြင် ပြည်သူများနှင့် လုပ်ဖော်ကိုင်ဖက်များ၏ လက်ဝယ်အရောက် အသိပညာများကို ဖြန့်ဝေပေးသွားရန်၊ နိုင်ငံ့အကျိုးပြု EV နည်းပညာရှင်များ အမှန်တကယ်ဖြစ်စေရေးအတွက် သင်တန်းမှပို့ချသော နည်းပညာများကို အခြေခံပြီး စဉ်ဆက်မပြတ် လေ့လာသွားရန် လိုအပ်ကြောင်း၊ သင်တန်းတာဝန်ခံများသည် သင်တန်းများကို အရည်အသွေးစံနှုန်းများ ပြည့်မီအောင် စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေး အလေးထားဆောင်ရွက်သွားရန်၊ သင်တန်းနည်းပြများသည် ဖွံ့ဖြိုးမှုနှုန်းမြန်ဆန်နေသော EV နည်းပညာအရွေ့များနှင့် အတူလိုက်ပါနိုင်ရေးအတွက် အစဉ်လေ့လာကြပြီး EV နည်းပညာ စွမ်းရည်များနှင့် လေ့ကျင့်ပြသနိုင်မှုအရည်အသွေးများကို ပုံမှန်ဆန်းစစ်သုံးသပ်ကာ မွမ်းမံသွားကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) ကျောင်းအုပ်ကြီးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး သင်တန်းဆင်းတစ်ဦးက သင်တန်းဆင်းများကိုယ်စား သင်တန်းအတွေ့အကြုံများကို ပြောကြားသည်။

၂၀၂၂ ခုနှစ်မှစ၍ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီသည်နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) နှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) တို့တွင်လည်းကောင်း၊ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ မော်တော်ယာဉ်သုတေသနဌာန (ပြင်ဦးလွင်) တွင်လည်းကောင်း EV နည်းပညာသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်တွင် သင်တန်းတစ်မျိုးတည်းကို ဖွင့်လှစ်ကာ သင်တန်းဆင်း ၃၅ ဦးသာ မွေးထုတ်ပေးနိုင်ခဲ့ရာမှ ယမန်နှစ်မှစ၍ EV နည်းပညာသင်တန်းကိုးမျိုးအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့အထိ သင်တန်းဆင်း ၉၀၀ မွေးထုတ်ပေးနိုင်ပြီဖြစ်ကာ နည်းပညာလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်သူများနှင့် EV လုပ်ငန်းရှင်များ၏ တက်ရောက်နိုင်မှုနှင့် ဆန္ဒရှိသည့် နည်းပညာတို့အပေါ် မူတည်၍ စိတ်ကြိုက်သင်တန်းများကိုပါ စဉ်ဆက်မပြတ် တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3471 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download