ဖိုရမ်ကျင်းပတဲ့အတွက် တစ်နိုင်ငံလုံးက လူငယ်‌တွေတစ်ဦးနဲ့တစ်ဦး‌တွေ့ဆုံခွင့်ရတယ်။ အမြင်သဘောထားတွေ၊ သိရှိတာတွေကို ဖလှယ်ခွင့်ရတယ်။ နိုင်ငံအတွက် ဘယ်လိုရှေ့ဆက်လျှောက်မယ်၊ ဘယ်လိုဆောင်ရွက်ချင်တယ်ဆိုတဲ့ နည်းလမ်းတွေကို လူငယ်တွေ ကိုယ်တိုင်ပါဝင်ပြီး ဆွေးနွေးခွင့်ရတဲ့ ဖိုရမ်တစ်ခုပါ။ ပြီးတော့ တစ်နေရာစီနေထိုင်ကြတဲ့ တိုင်းရင်းသားလူငယ်တွေ တစ်စုတစ်စည်းတည်း စုစည်းတွေ့ဆုံခွင့်ရတာဟာ ဘာနဲ့မှလဲလို့မရတဲ့ ဆုလာဘ်တစ်ခုပါ(မောင်ယိန်းတိန့် (ကချင်ပြည်နယ်))


Ministry of Information/ Naypyitaw / August 31, 2025
image_latest


အရိပ်လိုအပင်ပျိုးရသည်။ ရင့်မာအပွေးတက်ဖို့အချိန်ယူရသည်။ ဆိုခဲ့ပါနိယာမနှင့်အညီ အနာဂတ်ကိုပိုင်စိုးမည့်၊ နောင်တစ်ခေတ်တွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ပြည်မှုရေးရာကိစ္စအဝဝကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့် မျိုးဆက်သစ်လူငယ်ခေါင်းဆောင်လောင်းလျာများကို ကမ္ဘာ့နိုင်ငံအသီးသီးမှ စနစ်တကျပြုစုပျိုးထောင်လေ့ရှိကြသည်။

မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများကို အမြော်အမြင်ရှိရှိ စီမံဆောင်ရွက်၍ စနစ်တကျပြုစုပျိုးထောင်ပေးလျက်ရှိသကဲ့သို့ မြန်မာလူငယ်မောင်မယ်များအနေဖြင့်လည်း ဗလငါးတန်ဖွံ့ဖြိုးရုံမက ပြောင်းလဲနေသောကမ္ဘာကြီးတွင် မျိုးဆက်သစ်လူငယ်များ တက်ကြွစွာပါဝင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဖို့လိုသည်။

အဆိုပါ လိုအပ်ချက်နှင့်အညီ ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) တို့ပူးပေါင်း၍ မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာ ဖိုရမ် - ၂၀၂၅ ကို ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပလျက်ရှိသည်။

နိုင်ငံတကာရေးရာ၊ ပထဝီနိုင်ငံရေးနှင့် အမျိုးသားမဟာဗျူဟာနှင့်ပတ်သက်သည့် အခြေခံဗဟုသုတများ ရရှိစေရန်၊ လူငယ်များအကြား ခေါင်းဆောင်မှု၊ စူးစမ်းစဉ်းစားနိုင်မှုနှင့် ဆက်သွယ်ရေး ကျွမ်းကျင်မှုအရည် အချင်းများမြှင့်တင်ရန်၊ အပြန်အလှန်ဆွေးနွေးပြောဆိုမှုများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးနှီးနှောမှုနှင့် ပြည်သူ့နီတိထိတွေ့ဆက်ဆံမှုများတိုးမြှင့်ရန်၊ လူငယ်များမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်လမ်းကြောင်းများကို ရှုမြင်အဆိုပြုနိုင်စွမ်း မြှင့်တင်ရန်နှင့် အနာဂတ်တွင် အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာအဆင့် လုပ်ငန်းအစီအစဉ်များအတွက် တက်ကြွသည့် လူငယ်ကွန်ရက်ကို ဖန်တီးပေးရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့အနာဂတ် မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ က မြန်မာလူငယ်များအတွက် မည်ကဲ့သို့ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်မည်၊ မြန်မာ့အနာဂတ်အတွက် မည်သည့်အကျိုးရလဒ်ကို ဖော်ဆောင်နိုင်မည်၊ တက်ရောက်လာသည့် လူငယ်များက ဖိုရမ်အပေါ် မည်သို့ရှုမြင်သုံးသပ်ကြမည် ဆိုသည်တို့ကို သတင်းအဖွဲ့က တွေ့ဆုံမေးမြန်းမှုများအား ကောက်နုတ်ဖော်ပြအပ်ပါသည်။

ဦးဌေးအောင် ရန်ကုန်တိုင်းဒေသကြီး  လူမှုရေးရာဝန်ကြီး

ဒီနေ့ ဖိုရမ်ကိုကျင်းပတဲ့ ရည်ရွယ်ချက်က ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ မျိုးဆက်သစ်လူငယ်တွေ တက်ကြွစွာပါဝင်နိုင်ရေးကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ နိုင်ငံတော်အဆင့်ကျင်းပခြင်းဖြစ်ပါတယ်။ ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေး၊ မီဒီယာအတတ်ပညာ၊ သံတမန်ရေးရာနဲ့ ပြည်သူ့နီတိကျင့်စဉ်တွေကို လူငယ်တွေနဲ့မိတ်ဆက်ပေးပြီး လက်တွေ့ကျတဲ့ဖိုရမ်တစ်ခုအဖြစ် ကျင်းပသွားမှာဖြစ်ပါတယ်။ လူငယ်ဖိုရမ်ကို တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက မျိုးဆက်သစ်လူငယ်မောင်မယ်တွေအားလုံးကို ဖိတ်ကြားပြီး ကျင်းပတာဖြစ်ပါတယ်။ မျိုးဆက်သစ်လူငယ်တွေက ပွင့်လင်းမြင်သာတဲ့ အမြင်တွေနဲ့ အနာဂတ်နိုင်ငံတော်ကြီးကို ဘယ်လိုထူထောင်ကြမလဲဆိုတာကို အတွေးသစ်အမြင်သစ်တွေနဲ့ ဆွေးနွေးသွားကြမှာဖြစ်တယ်။

လူငယ်ဖိုရမ်မှာ လူငယ်တွေရဲ့ စိတ်ကူးစိတ်သန်းတွေကို အဓိကထား ဆွေးနွေးသွားကြမှာဖြစ်တယ်။ ပြီးတော့ ဖိုရမ်တက်ရောက်တဲ့ ပြည်ထောင်စုတိုင်းရင်းသား မျိုးဆက်သစ်လူငယ်တွေကို ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတွေကို လေ့လာရေးခရီးပို့သွားမယ့် အစီအစဉ်လည်း ရှိပါတယ်။

ဒေါက်တာ နိုင်ဆွေဦး ဒါရိုက်တာ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့

အနာဂတ်နိုင်ငံတော်ကို ဦးဆောင်တဲ့နေရာမှာ လူငယ်တွေရဲ့အခန်းကဏ္ဍက အရေးကြီးပါတယ်။ လူငယ်တွေမှာ အတွေးအခေါ်မှန်ဖို့လိုတယ်၊ အယူအဆမှန်ဖို့လိုပါတယ်။ Mindset လည်း မှန်ကန်ဖို့ လိုပါတယ်။ ဒီကနေ့ကမ္ဘာကြီးက အပြောင်းအလဲတွေ မြန်ဆန်တယ်။ ကမ္ဘာပေါ်မှာ အစွန်းရောက်ဝါဒတွေ အများကြီး ကြုံတွေ့နေရတာဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ အစွန်းရောက်ဝါဒတွေ၊ နည်းလမ်းပေါင်းစုံက တိုက်ခိုက်လာမယ့်အန္တရာယ်တွေကို ကြိုတင်ကာကွယ်ရှောင်ရှားနိုင်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ အားလုံးသိကြတဲ့အတိုင်း သတင်းစစ်ပွဲလိုမျိုး လူငယ်တွေရဲ့စိတ်ကို ပြောင်းလဲစေနိုင်တဲ့ သတင်းတု၊ သတင်းမှားတွေအများကြီး ကြုံတွေ့နေရတာဖြစ်ပါတယ်။ လူငယ်တွေ အားလုံးအနေနဲ့ အတွေးမှန်၊ အမြင်မှန်နဲ့ Mindset မှန်ကန်စွာနဲ့ နိုင်ငံတော်ကို အနာဂတ်မှာ ဦးဆောင်သွားနိုင်ဖို့ အရေးကြီးပါတယ်။

ဒေသတွင်းကိုပဲကြည့်မလား၊ ကမ္ဘာကိုပဲကြည့်မလား၊ အများကြီး ပြောင်းလဲနေတာ တွေ့ရမှာဖြစ်ပါတယ်။ အနာဂတ်မှာ နိုင်ငံရေးလုပ်သည်ဖြစ်စေ၊ စီးပွားရေးလုပ်သည်ဖြစ်စေ ဘယ်လိုကဏ္ဍမှာမဆို လူငယ်တွေပါဝင်တဲ့အခါ ကမ္ဘာကြီးရဲ့ ပြောင်းလဲနေတဲ့အနေအထားကို သိဖို့လိုပါတယ်။ ပြောင်းလဲနေတဲ့ ပထဝီမဟာဗျူဟာဆိုင်ရာကိစ္စ၊ ပထဝီနိုင်ငံရေးဆိုင်ရာကိစ္စတွေကို လူငယ်တွေ သိရှိထားဖို့လိုပါတယ်။ ဒီနေ့လို လူငယ်ဆိုင်ရာ ဖိုရမ်တွေကျင်းပခြင်းက လူငယ်တွေအတွက် အရေးကြီးတယ်လို့ ယူဆပါတယ်။

လူငယ်ဖိုရမ်တွေကို အရင်ကနဲ့မတူဘဲ ခမ်းခမ်းနားနား ကြီးကြီး ကျယ်ကျယ်လုပ်ဆောင်ပေးနေတာ တွေ့ရပါတယ်။ အနာဂတ်အတွက် ခေတ်ကိုတစ်ဆစ်ချိုးတဲ့ အနေအထားလို့ ပြောလို့ရပါတယ်။ ဗဟုသုတကြွယ်ဝပြီး အတွေးသစ်အမြင်သစ်တွေနဲ့ မှန်ကန်တဲ့အတွေးတွေ ရလာမှာဖြစ်တဲ့အတွက် လူငယ်တွေအတွက် အခွင့်အလမ်းတွေအများကြီး စောင့်ကြိုနေတယ်လို့ ပြောချင်ပါတယ်။

Mr. Atul Aneja အိန္ဒိယနိုင်ငံမှ မဟာဗျူဟာရေးရာ လေ့လာသုံးသပ်သူ

ဒီနေ့ ကျင်းပတဲ့ ဖိုရမ်ကမြန်မာနိုင်ငံအတွက်၊ လူငယ်တွေအတွက် အင်မတန်ကောင်းမွန်တဲ့ ဖိုရမ်တစ်ခု ဖြစ်ပါတယ်။ မြန်မာ့အနာဂတ်အတွက် ခေါင်းဆောင်ဖြစ်လာမယ့် လူငယ်တွေအတွက် ကောင်းမွန်တဲ့ အတွေ့အကြုံ၊ အခွင့်အလမ်းတွေဖန်တီးပေးတာလည်း ဖြစ်ပါတယ်။ ဒီနေ့လိုဖိုရမ်မျိုးက တစ်ခါကျင်းပပြီး ရပ်ထားလို့တော့မရဘူး။ စဉ်ဆက်မပြတ်လုပ်ဆောင်သွားပြီး ကောင်းမွန်တဲ့ရလဒ်တွေကနေတစ်ဆင့် ကောင်းမွန်တဲ့အရာတွေကို ဆက်လက်ဖော်ဆောင်သွားရမှာဖြစ်ပါတယ်။ တက်ရောက်လာတဲ့ လူငယ်တွေကလည်း စိတ်ဝင်တစားနဲ့ တက်တက်ကြွကြွပါဝင်တာကို တွေ့မြင်ရပါတယ်။

Mr. Lorenzo Maria Pacini ဆွစ်ဇာလန်နိုင်ငံ SUPDI မှ တွဲဖက်ပါမောက္ခ

မြန်မာနိုင်ငံရဲ့ လူငယ်ကဏ္ဍအတွက် ဒီလိုကျင်းပပေးတာကောင်းမွန်ပါတယ်။ ဖိုရမ်မှာ မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့၊ ဆက်စပ်နေတဲ့ ပထဝီစီးပွားရေး၊ ဗဟုဝင်ရိုးကမ္ဘာစတဲ့ နိုင်ငံရေးအခန်းကဏ္ဍအပေါ် လူငယ်တွေရဲ့အမြင်တွေ၊ သူတို့ရဲ့သဘောထားတွေကို သိရှိရမှာဖြစ်တဲ့အတွက် ကျေနပ်မိပါတယ်။ အခုလိုမျိုးဖိုရမ်မှာ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။

မောင်ယိန်းတိန့်(ကချင်ပြည်နယ်)

ကျွန်တော်တို့ ရန်ကုန်မြို့ကိုရောက်တော့ တောင်ပေါ်အလှနဲ့မတူတဲ့ မြို့ပြအလှကိုတွေ့ရတဲ့အတွက် ရင်ထဲကြည်နူးမှုဖြစ်ရပါတယ်။ အခုလိုမျိုး လူငယ်ကဏ္ဍကို မြှင့်တင်ပေးတဲ့ဖိုရမ်‌ ဆောင်ရွက်‌ပေးတာကို အထူးကျေးဇူးတင်ပါတယ်။ ဖိုရမ်ကျင်းပတဲ့အတွက် တစ်နိုင်ငံလုံးကလူငယ်‌တွေ တစ်ဦးနဲ့တစ်ဦး‌ တွေ့ဆုံခွင့်ရတယ်။ အမြင်သဘောထားတွေ၊ သိရှိတာတွေကို ဖလှယ်ခွင့်ရတယ်။ နိုင်ငံအတွက် ဘယ်လိုရှေ့ဆက်လျှောက်မယ်၊ ဘယ်လိုဆောင်ရွက် ချင်တယ်ဆိုတဲ့ နည်းလမ်းတွေကို လူငယ်တွေ ကိုယ်တိုင်ပါဝင်ပြီး ဆွေးနွေးခွင့်ရတဲ့ဖိုရမ်တစ်ခုပါ။ ပြီးတော့တစ်နေရာစီနေထိုင်ကြတဲ့ တိုင်းရင်းသားလူငယ်တွေ တစ်စုတစ်စည်းတည်း စုစည်းတွေ့ဆုံခွင့် ရတာဟာဘာနဲ့မှလဲလို့မရတဲ့ ဆုလာဘ်တစ်ခုပါ။

မလုတ်နမ်(ကချင်ပြည်နယ်)

ကျွန်မကကချင်ပြည်နယ်က လချိတ်လူမျိုးဖြစ်ပါတယ်။ အခုလိုအခမ်းအနားကို ပထမဆုံး တက်ရောက်ခွင့်ရတာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ တစ်နိုင်ငံလုံးက လူငယ်အားလုံး စုစည်းတွေ့ဆုံခွင့်ရတာဖြစ်တဲ့အတွက် ပျော်ရွှင်မိပါတယ်။ ဖိုရမ်ကြီးတစ်ခုဖြစ်ဖို့ ငွေအင်အား၊ လူအင်အားနဲ့ အချိန်အများကြီး ပေးရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့လိုဖိုရမ်တစ်ခုဖြစ်ဖို့ စွမ်းဆောင်ပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေ၊ အတတ်ပညာရှင်၊ အသိပညာရှင် အားလုံးကိုကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံ မှာ သဘာဝဘေးအန္တရာယ်တွေ့ကြုံထားရတယ်၊ ပြီးတော့ နိုင်ငံရေးပဋိပက္ခတွေ ရှိနေသေးတယ်။ ဒီလို အခြေအနေတွေရှိနေတဲ့အတွက် နိုင်ငံတည်ငြိမ်အေးချမ်းဖွံ့ဖြိုးအောင် ဆောင်ရွက်တဲ့နေရာမှာ လူငယ်တွေအနေနဲ့ နိုင်ငံတော်နဲ့အတူ ပူးပေါင်းပါဝင်ဖို့လိုပါတယ်။ ဒါမှသာ လှပတဲ့ နိုင်ငံတော်ကြီးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

မောင်ထွန်းအာကာ(ကရင်ပြည်နယ်)

မတူညီတဲ့ဒေသတွေက လူငယ်တွေတစ်နေရာတည်းမှာ စုရုံးပြီး အသိပညာတွေဖလှယ်၊ ဆွေးနွေးပြောကြားခွင့်ရတဲ့အတွက်လည်း ကြည်နူးရပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေးမှုတွေကနေ အကျိုးကျေးဇူးတွေ အများကြီးရရှိစေမှာအမှန်ပါ။ အထူးသဖြင့် လူငယ်တွေရဲ့စည်းလုံးမှု ပူးပေါင်းအားနဲ့ နိုင်ငံအတွက်အခွင့်အလမ်းတွေ ပေါ်ထွန်းလာမယ်လို့မြင်မိပါတယ်။ အခုလို ဖိုရမ်တွေများများ ဖော်ဆောင်ပြီး လူငယ်တွေအနေနဲ့ နိုင်ငံအတွက် ဆတက်ထမ်းပိုးအကျိုးပြုနိုင်ပါစေလို့လည်း ဆန္ဒပြုပါတယ်။

မနန်းစန်းလှဦး(ကရင်ပြည်နယ်)

နေရာဒေသ အသီးသီးက လူငယ်တွေရဲ့စွမ်းအားကို ပေါင်းစည်းနိုင်ခြင်းအားဖြင့် ဒေသတွေဖွံ့ဖြိုးပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေမှာအမှန်ပါ။ အခုဖိုရမ်ဟာ တိုင်းရင်းသားလူငယ်ထုအားလုံးရဲ့ စည်းလုံးညီညွတ်မှုကို ထင်ဟပ်စေပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှုဆိုတာ မိသားစုတစ်ခုနဲ့တူပါတယ်။ မိသားစုစည်းလုံးမှ စီးပွားတိုးတက်မှုနဲ့ အေးချမ်းသာယာမှုကို ရရှိစေတာကြောင့် မိသားစုဝင်တွေနဲ့တူတဲ့ တိုင်းရင်းသားတွေလည်း တစ်ဦးနဲ့တစ်ဦး စာနာနားလည် ခွင့်လွှတ်ချစ်ကြည်မှုနဲ့အတူ လက်တွဲသွားမယ်ဆိုရင် နိုင်ငံ‌အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်မှာပါ။ လူငယ်တွေရဲ့ အသိပညာကို ပေါင်းစည်းဖလှယ်ပေးနိုင်တဲ့ ဖိုရမ်ဖြစ်ပြီးတော့ တိုင်းပြည်ရဲ့အင်အားအတွက် လူငယ်တွေရဲ့အားကို ပေါင်းစုနိုင်တဲ့ဖိုရမ်လို့ မြင်မိပါတယ်။

မောင်ထက်ပိုင်(ဧရာဝတီတိုင်းဒေသကြီး)

အခုဖိုရမ်ကိုတက်ဖို့အတွက် ဧရာဝတီတိုင်းဒေသကြီးကနေ ရန်ကုန်ကို ရောက်တဲ့အခါ ရင်ထဲမှာ ဖော်ပြလို့မရတဲ့ ခံစားမှုတစ်ခုကိုရရှိပြီး ဝမ်းသာပီတိလည်း ဖြစ်ရပါတယ်။ နိုင်ငံတော်အနေနဲ့ အခုလို ခမ်းခမ်းနားနား ဖိုရမ်ကျင်းပပေးတာကို ကျွန်တော့်လိုပဲ လူငယ်တွေအားလုံးက ကျေနပ်အားရနေမှာပါ။ ဒီဖိုရမ်ကနေ ခွန်အားတွေပိုပြီး ရရှိတယ်လို့ ခံစားရပါတယ်။

မကြည်မြင့်အေး(ဧရာဝတီတိုင်းဒေသကြီး)

ကျွန်မတို့နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေ အားလုံးကို ကိုယ်တိုင်မြင်တွေ့ခွင့်ရတာကို ဝမ်းသာပီတိဖြစ်ရပါတယ်။ ပြီးတော့ အားလုံးက ဖိုရမ်မှာသိရှိခဲ့ရတဲ့ မတူညီတဲ့အတွေးအမြင်သစ်တွေကို ကိုယ့်နေရာဒေသတွေမှာ ပြန်လည်အသုံးချမှာဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ဖိုရမ် တစ်ခုလည်းဖြစ်ပါတယ်။ ဖိုရမ်မှာ တိုင်းရင်းသားမောင်နှမတွေရဲ့ အတွေးအမြင်၊ ပညာရှင်တွေရဲ့အမြင်တွေကို မြင်တွေ့ရမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေပါတယ်။ ကိုယ်တိုင်လည်း တက်တက်ကြွကြွ ပါဝင်သွားမှာဖြစ်ပါတယ်။ ဒီလို လူငယ်တွေအားလုံး တွေ့ဆုံဆွေးနွေးနိုင်ဖို့ အစစအရာရာ အဆင်ပြေအောင် စီမံဆောင်ရွက်ပေးသူတွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သတင်းအဖွဲ့

Newspaper - 3272 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ August 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် ၊ သြဂုတ် ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 29, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 28, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် ၊ သြဂုတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ August 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက် ၊ သြဂုတ် ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ August 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက် ၊ သြဂုတ် ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ August 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက် ၊ သြဂုတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ August 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက် ၊ သြဂုတ် ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download