ဖွံ့ဖြိုးတိုးတက်၊ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်


Ministry of Information/ Naypyitaw / February 23, 2026
image_latest


နိုင်ငံတော်က ရည်မှန်းတည်ဆောက် အကောင်အထည်ဖော်နေသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်းပါဝင် လက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတမှုအပြည့်ရှိသော ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းခွဲ၍ အောင်မြင်စွာကျင်းပပေးခဲ့ပြီးဖြစ်သည်။

ရွေးကောက်ပွဲရလဒ်များအရ လွှတ်တော်အစည်းအဝေးများကို ၂၀၂၆ ခုနှစ် မတ်လအတွင်း ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပေါ်ထွက်လာမည့်အစိုးရအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်များကို လွှဲအပ်ကာ ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်သည်။ ထို့ကြောင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် တည်ဆောက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ပြည်သူလူထုအားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ လွတ်လပ်မှုနှင့်တရားမျှတမှုကို ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရယူအသုံးချလျက် အပြည့်အဝအကောင်အထည်ဖော်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူအားလုံးကျန်းမာကြံ့ခိုင်ပြီး အသိပညာ၊ အတတ်ပညာ ပြည့်စုံရန်လိုအပ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ပညာရေးနှင့် ကျန်းမာရေးအပါအဝင် ကဏ္ဍအားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးစားဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသိပညာ၊ အတတ်ပညာရှိသူများဖြင့်သာ တည်ဆောက်နိုင်မည်ဖြစ်သဖြင့် နိုင်ငံသားတိုင်း အနည်းဆုံး KG+9 ပြီးမြောက်အောင်မြင်သည်အထိ ပညာသင်ယူခွင့်ရရှိရေးအတွက် အခမဲ့ပညာရေးစနစ်နှင့် ဘက်စုံပညာရေးစနစ်ကို ကျင့်သုံးလျက်ရှိသည်။ KG+9 ပြီးမြောက်အောင်မြင်သူများ အသက်မွေးဝမ်းကျောင်းမှု ပညာများသင်ယူနိုင်ရန် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၈၉ ကျောင်းဖွင့်လှစ်ပေးထားပြီး လူသားအရင်းအမြစ်များ နှစ်စဉ်မွေး ထုတ်ပေးလျက်ရှိသည်။

အခြေခံနှင့်အဆင့်မြင့်ပညာများကို လက်လှမ်းတမီသင်ယူနိုင်ရေးကျောင်းများနှင့် တက္ကသိုလ်၊ ကောလိပ်များကို ဒေသအလိုက် တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိသည်။ ကျောင်းနေအရွယ်လူငယ်တိုင်း ကျောင်းနေရေး၊ အချိန်မတိုင်မီ ကျောင်းထွက်မှုမရှိစေရေး၊ ပညာရေးကို ဆုံးခန်းတိုင်သင်ယူပြီး ကျွမ်းကျင်သူများ၊ ပညာရှင်များဖြစ်အောင် သင်ကြားသင်ယူမွေးထုတ်ကြရမည်ဖြစ်သည်။ လူသားအားလုံးအတွက် ပညာရေးနည်းတူ ကျန်းမာရေးသည်လည်း အဓိကကျသဖြင့် နိုင်ငံတော်က ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသမှု၊ အသိပညာပေးမှု၊ ဝေးလံသည့်ဒေသများတွင် ဆရာဝန်လိုအပ်မှုတို့ကို မြှင့်တင်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ တိုင်းရင်းသားပြည်သူများကလည်း အသက်ရှည်ကျန်းမာအောင် ကိုယ်တိုင်ကျင့်ကြံနေထိုင်ကြရန် လိုအပ်သည်။

လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသအလိုက် စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ပြီး ဒေသနှင့်ကိုက်ညီသည့် စနစ်ကျသော မွေးမြူရေးလုပ်ငန်းများကိုလည်း ဦးစားပေးအကောင်အထည်ဖော်ကြရမည်ဖြစ်သည်။ ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးပစ္စည်းများကို အခြေခံ၍ အသေးစား၊ အငယ်စားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်းများဖြင့် အရည်အသွေးပြည့်မီသော MSME ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်ကြပြီး ဒေသတွင်း စားသုံးမှုဖူလုံရေး၊ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရေးအတွက်ပါ ကြိုးစားဆောင်ရွက်ကြရန်လိုသည်။ လိုအပ်သည့် နည်းပညာ၊ အရင်းအနှီးနှင့် ကုန်ထုတ်သွင်းအားစုတို့ကိုလည်း နိုင်ငံတော်က ပံ့ပိုးပေးလျက်ရှိသကဲ့သို့ ဆက်လက်၍လည်း အားပေးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်အနေဖြင့် ချမှတ်ထားသော ဦးတည်ချက်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်အကျိုး၊ ပြည်သူလူထုအကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်ကောင်းကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိရာ နိုင်ငံ့စီးပွားရေး ကောင်းမွန်လာပါက နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍအသီးသီး တိုးတက်ကောင်းမွန်လာမည်ဖြစ်၍ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာရေးအတွက် ဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

Newspaper - 3450 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download