ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ တာဝန်ရှိသူများ၏ မြန်မာ့နှစ်သစ်ကူး ဆုတောင်းစကားသံများ
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ တာဝန်ရှိသူများ၏ မြန်မာ့နှစ်သစ်ကူး ဆုတောင်းစကားသံများ
Ministry of Information/ Naypyitaw / April 17, 2026
ဦးဝဏ္ဏ(ဗုဒ္ဓဘာသာ) ဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)
မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးမင်္ဂလာပါခင်ဗျား။
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ကုန်ဆုံးပြီး ၁၃၈၈ ခုနှစ်ကို ကူးပြောင်းရောက်ရှိလာတဲ့ မြန်မာနှစ်ဆန်းတစ်ရက် နှစ်သစ်ကူး မင်္ဂလာအခါသမယနေ့ဖြစ်ပါတယ်။ ယနေ့မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီးက မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသူနိုင်ငံသားများ၊ တိုင်းရင်းသားများနှင့် ကမ္ဘာသူ ကမ္ဘာသားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများဖြင့် ပြည့်စုံကြလျက် အေးချမ်းသာယာပြီး ပြီးပြည့်စုံသော ကောင်းကျိုးလိုအင်ဆန္ဒများရရှိ ခံစားပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာပို့သပါတယ်ခင်ဗျာ။
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီးက နိုင်ငံအကျိုးပြုလုပ်ငန်း၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အခါအားလျော်စွာ ဒေသမရွေး ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးမှသည် ငြိမ်းချမ်းရေးဆီသို့၊ ငြိမ်းချမ်းရေးမှသည် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဆီသို့ဆိုသည့် ဆောင်ပုဒ်အတိုင်း ကျွန်တော်တို့အပါအဝင် နိုင်ငံသားတိုင်းဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အမိမြေပေါ် တွင် မွေးဖွားကြီးပြင်းလာကြသော ဘာသာမတူ၊ လူမျိုးမတူ၊ မတူကွဲပြားသည့်မြန်မာနိုင်ငံသားများဖြစ်ကြသည့်အလျောက် တစ်ဦး၏ဘာသာတရားကို တစ်ဦးကလေးစားကြပြီး အပြန်အလှန်ရိုင်းပင်းကူညီကြလျက် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံကာ ချစ်ကြည်ရင်းနှီးစွာ ဒီမိုကရေစီအစိုးရသစ်၏ ဦးဆောင်မှုအောက်တွင် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို ဝိုင်းဝန်းသယ်ပိုးကြပါစို့လို့ တိုက်တွန်းရင်း မြန်မာနိုင်ငံကြီး အေးချမ်းသာယာပါစေကြောင်း ထပ်လောင်းဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ။
ဦးကျော်ဇင်လတ်(ဟိန္ဒူဘာသာ) ဒုတိယဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)
အားလုံးမင်္ဂလာပါခင်ဗျာ။
၁၃၈၇ ခုနှစ်ကုန်ဆုံးပြီး ၁၃၈၈ ခုနှစ် နှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံသူနိုင်ငံသား၊ ကမ္ဘာသူကမ္ဘာသားအားလုံး ဘေးဘယာဝေးကွာ၍ ကျန်းမာချမ်းသာပြီး အေးချမ်းသာယာပါစေကြောင်း ဟိန္ဒူဘာသာဝင်များကိုယ်စား ကျွန်တော်ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးတွင် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် တိုင်းရင်း သားပေါင်းစုံ စုပေါင်းနေထိုင်ကြပြီး ဘာသာမတူ၊ လူမျိုးမတူ၊ ကိုးကွယ်ရာ မတူပေမယ့်လည်း ညီအစ်ကိုမောင်နှမစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်ကို အခြေခံလျက် တစ်ဦးနှင့်တစ်ဦးမေတ္တာတရားရှေ့ထားပြီး ချစ်ချစ်ခင်ခင် အေးချမ်းစွာနေထိုင်လာတဲ့ မြန်မာနိုင်ငံတော်ကြီးဖြစ်ပါတယ်။
ကျွန်တော်တို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီးအနေဖြင့် နိုင်ငံတော်အတွက် လိုအပ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျွန်တော်တို့ ဟိန္ဒူဘာသာဝင်များကလည်း ကျရာအခန်းကဏ္ဍမှ စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။
အခုလို နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးအခါသမယမှာ မကောင်းမှုအညစ်အကြေးများအားလုံး ဆေးကြောသန့်စင်၍ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးတွင် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ဝိုင်းဝန်းကူညီသယ်ပိုးထမ်းဆောင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ အားလုံး နှစ်သစ်မှာ လိုအင်ဆန္ဒပြည့်ဝကြပါစေ။
ဦးဗိုလ်ဗိုလ်မောင် (အစ္စလာမ်ဘာသာ) ဒုတိယဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် တန်ခူးလကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးအတွက် အင်မတန်တန်ဖိုးကြီးမား ဂုဏ်ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံလှသည့် နှစ်သစ်မင်္ဂလာ အချိန်အခါပဲဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ အစ္စလာမ်ဘာသာ ဒုတိယဥက္ကဋ္ဌအနေဖြင့် မဟာသင်္ကြန်နှစ်သစ် ကူးအခါသမယတွင် ဆုမွန်ကောင်းတောင်းခွင့်ရရှိခြင်းကို အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်။
လုပ်ရပ်တိုင်းသည် ပြုလုပ်သူ၏စိတ်ထားပေါ်မှာပဲ မူတည်တာဖြစ်သည့်အတွက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးဆိုသည်မှာ အင်မတန်ယဉ်ကျေးသိမ်မွေ့ပြီး ချစ်စရာကောင်းပါတယ်။
အစ္စလာမ်ဘာသာအရလည်း လူသားတို့သည် မေတ္တာတရား၊ သည်းခံမှု၊ ခွင့်လွှတ်နားလည်ခြင်း နှင့်ညီညွတ်ရေးတို့ကိုအခြေခံ၍ အချင်းချင်း ကူညီထောက်ပံ့ကာနေထိုင်ကြရန် သင်ကြားထားပါတယ်။
ကုရ်အာန် ကျမ်းတော်တွင်လည်း အလ္လာဟ်အရှင်မြတ်သည် တရားမျှတမှု၊ ကောင်းမှုကုသိုလ်နှင့် ဆွေမျိုးမိတ်ဆွေများအား ကူညီထောက်ပံ့ခြင်းတို့ကို လုပ်ဆောင်ရန် သတ်မှတ်ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတော်ကြီး ဆန်ရေ စပါးများပေါများပြီး သယံဇာတများပေါကြွယ်ဝပါစေ။ နိုင်ငံတော်ကြီး ကမ္ဘာမှာနေလိုလလိုတောက်ပ၊ နိုင်ငံသူနိုင်ငံသားများအားလုံး အေးချမ်းပျော်ရွှင်ပြီး စီးပွားလာဘ်လာဘများ ဖွံ့ဖြိုးတိုးတက်၍ အောင်မြင်မှုများစွာ ရရှိခံစားနိုင်ကြပါစေ၊ ကမ္ဘာကြီးငြိမ်းချမ်း သာယာပါစေ၊ အမှန်တကယ်ကိုယ်ချင်းစာတရားများရှိကြပြီး ကိုယ်ကျင့်တရားများကောင်းမွန်၍ အကုသိုလ်များမှ ရှောင်နိုင်ကြပါစေ။
ဒေါက်တာတူးတူး (ခရစ်ယာန်ဘာသာ) ဒုတိယဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)
ယနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ကုန်ဆုံးပြီး ၁၃၈၈ ခုနှစ်ကို ရောက်ရှိလာတဲ့ မြန်မာနှစ်ဆန်းတစ်ရက် နှစ်သစ်ကူး အခါသမယနေ့ဖြစ်ပါတယ်။
မြန်မာလူမျိုးတို့ရဲ့ နှစ်ဟောင်း ကြွေပျောက်နှစ်သစ်ရောက်သည့် အခါသမယမှာ တိုင်းရင်းသားညီအစ်ကို မောင်နှမများ၊ နိုင်ငံသူနိုင်ငံသားများ၊ ကမ္ဘာသူကမ္ဘာသားများအားလုံး မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့ ခရစ်ယာန်ဘာသာဝင်များကိုယ်စား ကျွန်တော် ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
အမိမြန်မာ နိုင်ငံတော်ကြီးရဲ့ အလံတော်အောက်မှာ တစ်မြေတည်းနေ တစ်ရေတည်းသောက်ပြီး အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံသူ နိုင်ငံသားအတွင်း အမုန်းစကား၊ အမုန်းတရားများပယ်ပျောက်၍ ငြိမ်းချမ်းပျော်ရွှင်စွာ အတူယှဉ်တွဲနေထိုင်ကြပြီး နိုင်ငံတော်အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်းပါဝင်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
ထို့အတူ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့ကြီးအနေနဲ့ အမိမြန်မာနိုင်ငံတော်အတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ ကမ္ဘာသူ ကမ္ဘာသားများအားလုံး အန္တရာယ်အပေါင်းမှ ကင်းဝေးပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ၊ မိသားစုအကျိုး၊ နိုင်ငံအကျိုး၊ ဘာသာ၊ သာသနာအကျိုးကို ရွက်သယ်ပိုးနိုင်ကြပါစေ၊ ကိုးကွယ်ရာ ဘာသာကြီးလေးရပ်၏ တူညီသော သစ္စာတရား၊ မေတ္တာတရားများဖြင့် ကြိုဆိုကြပါလို့ နှစ်သစ်ကူးဆုတောင်း မေတ္တာပို့သအပ်ပါတယ်ခင်ဗျား။
Newspaper - 3500 items
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
