ဘားအံမြို့ရှောင်လမ်း နှစ်စဉ်ရေကျော်သောအပိုင်းအား ကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင်
ဘားအံမြို့ရှောင်လမ်း နှစ်စဉ်ရေကျော်သောအပိုင်းအား ကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / November 25, 2025
ဘားအံ နိုဝင်ဘာ ၂၅
ကရင်ပြည်နယ်၊ ဘားအံမြို့သည် မိုးများသည့်ဒေသဖြစ်ပြီး နှစ်စဉ်ရေကြီးရေလျှံမှုများဖြစ်ပွားလေ့ရှိရာ ကုန်စည်စီး ဆင်းမှုနှင့်အများပြည်သူသွားလာရာတွင် အရေးပါသော ဘားအံမြို့ရှောင်လမ်း၏ရေကျော်သောအပိုင်းအား ပြည်နယ်အစိုး ရအဖွဲ့ ခွင့်ပြုရန်ပုံငွေ(၂၉၆၃ ဒဿမ ၆၀၀ သန်း)ဖြင့် ကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ လ ၂၅ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးတင်ဆောင်က နှစ်စဉ်ရေကြီးရေလျှံမှုဖြစ်ပွားရာတွင် ဘားအံမြို့ ရှောင်လမ်း ၆ ဒဿမ ၄ ကီလိုမီတာအနက် ရေကျော်သောအပိုင်းစုစုပေါင်း ၁ ဒဿမ ၈၈ ကီလိုမီတာအား ၂၄ ပေအကျယ် ကွန်ကရစ်ခင်းခြင်း၊ ကွန်ကရစ်လမ်းချဲ့ခြင်း၊ Guard Post တိုင်စိုက်ထူခြင်း အစရှိသည့်လမ်းလုပ်ငန်းဆောင်ရွက်မှုအခြေ အနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီအချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန် တာဝန်ရှိသူများအားမှာကြား၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ တာဝန်ရှိသူများနှင့်အတူလမ်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ရှောင်လမ်းမကြီးဘေး နောင်ခရိုင်ကျေးရွာ၊ ကွင်းအမှတ် ၁၁၈၇၊ ကမော့ကစင်အနောက်ကွင်းရှိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါးအထွက်နှုန်းတိုးတက်ရေး နည်းပညာပေး စံပြစိုက်ခင်း(၁၅)ဧက၌ တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါး(ရေကျနောက်စိုက်)များအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးထွန်းမြင့်က ပြည်နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်တွင် သက်ဆိုင်ရာခရိုင်/မြို့နယ်များအလိုက်မိုးစပါးအထွက်နှုန်းတိုးတက်ရေးနည်းပညာပေးစံပြကွက်ပေါင်း ၂၇၅ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိမှု၊ ဆင်းသုခ၊ အောင်နိုင်တိုး အစရှိသည့်မျိုးကွဲအလိုက်စိုက်ပျိုးထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ တစ်ဧက အထွက်နှုန်းတိုးတက်ရရှိရေး၊ ဈေးကွက်ရရှိရေးနှင့် တောင်သူအကျိုးစီးပွားမြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါးအထွက်နှုန်းတိုးတက် ရေးနည်းပညာပေးစံပြစိုက်ခင်း(၁၅)ဧကအတွင်း တောင်သူများက ယူရီးယား၊ ပိုတက်နှင့် သဘာဝမြေဩဇာများ အချိုးကျ ရောစပ်ကြဲပက်ခြင်းကို ကြည့်ရှုအားပေးခဲ့ကြပြီး ရဲသာ(ကမော့ကစင်)ကျေးရွာအုပ်စု၊ ရဲသာကွင်းရှိ မိုးစပါးအထွက်နှုန်း တိုးတက်ရေးနည်းပညာပေးစံပြစိုက်ခင်း(၁၅)ဧကတို့ကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြား ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်၏ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် ဘားအံမြို့နယ်၊ ကော့မရမ်းကျေးရွာ၊ ကော့မရမ်းတောင်ခြေတွင် ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များ ကိုယ် တိုင် ထွန်ယက်၊စိုက်ပျိုး၊ရိတ်သိမ်းနိုင်မည့် စိုက်ပျိုးရေးကို အခြေခံသောခရီးစဉ်တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင် ရွက်နေသော Kawt Ma Yan Resort Co.Ltd ၏ Kawt Ma Yan Resort တည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက် ကြည့်ရှုစစ်ဆေးရာ Kawt Ma Yan Resort Co.Ltd ၏ မန်းနေဂျင်းဒါရိုက်တာ ဦးစိုင်းခမ်းလှိုင်က တည်ဆောက်ရေးလုပ်ငန်း ၆၅ ရာခိုင်နှုန်းခန့်ပြီးစီးမှုအခြေအနေ၊ တည်ဆောက်ပြီးစီးဖွင့်လှစ်ပါက ခရီးသွားဧည့်သည်များအနေဖြင့် ကိုယ်တိုင် လယ်ယာထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ စပါးခင်းများအကြားအပန်းဖြေအနားယူခြင်းတို့အပြင် ခြေလျင် တောင်တက်ခြင်း၊ စက်ဘီးစီးခြင်း၊ လှေလှော်ခြင်းခရီးစဉ်များ ဆောင်ရွက်နိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြ သည်။
အဆိုပါ Kawt Ma Yan Resort ကို ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် ၅ ဒသမ ၉ ဘီလီယံဖြင့် မြေဧရိယာ ၃ ဒဿမ ၃၀ ဧကပေါ်တွင် ၂ ဒဿမ ၃၀ ဧကအနက် ဝ ဒဿမ ၉၀ ဧကကိုသာတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်သွားမည် ဖြစ်ပြီး Resort တွင် အိပ်ခန်းပေါင်း(၃၀)၊ သဘာဝရေကူးကန်နှင့် နွေမိုးဆောင်းစိုက်ပျိုးရိတ်သိမ်းအပန်းဖြေနိုင်မည့် စိုက်ခင်းများပါဝင်မည်ဖြစ်ပါသည်။
Newspaper - 3360 items
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 25, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 20, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 18, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
